ဖိလိပ္ပိ 1:23 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား23 ငါ၌ စိတ်နှစ်ခွဖြစ်လျက်နိန်ပေ၏။ ငါသည် ဤဘဝကို စွန့်၍ ခရစ်တော်နှင့်အတူ နိန်လိုပါ၏။ အကြောင်းမူကား ထိုသို့ပြုလျှင် ငါ့အဖို့ သာ၍ အကျိုးဟိ၏။ See the chapter |
ငါရို့သည် ဘုရားသခင်ကို အမြဲတစီ ကျေးဇူးတင်ရခြင်း အကြောင်းမှာ သင်ရို့သည် ငါရို့ပါးက ကြားရသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူကြသောအခါ လူ့စကားအဖြစ်မဟုတ်ဘဲ ဘုရားသခင်၏နှုတ်ကပတ်တော် အမှန်ဖြစ်သည်ဟု သင်ရို့သည် လက်ခံကြသောကြောင့် ဖြစ်၏။ အကြောင်းမူကား ထိုနှုတ်ကပတ်တော်သည် ယုံကြည်သော သင်ရို့၏စိတ်နှလုံးထဲ၌ အမှန်ပင် လုပ်ဆောင်လျက်ဟိ၏။
တဖန် “ရီးမှတ်ထားလော့။ ယခုအချိန်မှစ၍ သခင်ဘုရား၌ သီလွန်သောသူရို့သည် မင်္ဂလာဟိကြ၏” ဟု ဆိုသော ကောင်းကင်မှ အသံကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “အမှန်ပင်ဖြစ်၏။ သူရို့သည် ဆင်းရဲပင်ပန်းစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့်ကို ရဟိကြလိမ့်မည်။ အကြောင်းမူကား သူရို့၏ လုပ်ဆောင်သောအကျိုးသည် သူရို့နှင့်အတူ လိုက်ပါလျက် ဟိသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။