Biblia Todo Logo
Online Bible

- Advertisements -




ဖိလိပ္ပိ 1:15 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

15 အချို့သောသူရို့သည် မနာလိုသောစိတ်၊ ရန်တွိ့ချင်သောစိတ်ကြောင့် ခရစ်တော်အကြောင်းကို ဟောပြောကြသော်လည်း အချို့သောသူရို့မူကား စေတနာစိတ်နှင့် ဟောပြောကြ၏။

See the chapter Copy




ဖိလိပ္ပိ 1:15
22 Cross References  

သူရို့သည် မိမိရို့ပြုသမျှကို လူအများ မြင်စီခြင်းငှာ ပြုတတ်ကြ၏။ သူရို့သည် ပန်းဖွားအရှည်ကြီး ထိုးထားသည့် ဝတ်ရုံများကို ဝတ်ဆင်၍ မိမိရို့၏နဖူးနှင့် လက်မောင်းများတွင် သမ္မာကျမ်းစာပါသော အဆောင်လက်ဖွဲ့များကို ပတ်စည်းကာ


လူသားအားလုံး၏ အသျှင်ဖြစ်တော်မူသော ယေသျှုခရစ်တော်အားဖြင့် ငြိမ်းသက်ခြင်းဆိုင်ရာ သတင်းကောင်းကို ကြေညာတော်မူလျက်၊ ဣသရေလလူမျိုးတိပါးသို့ ဘုရားသခင် ပို့ဆောင်ပီးလိုက်သော သတင်းကောင်းတရားကို သင်ရို့ သိကြ၏။


သို့ရာတွင် ထိုယုံကြည်သူများထဲမှ တချို့သည် ကုပရုနှင့် ကုရေနေပြည်သားများ ဖြစ်ကြ၏။ ထိုသူရို့သည် အန္တိအုတ်မြို့သို့ လားပြီး အသျှင်ယေသျှု၏အကြောင်း သတင်းကောင်းကို ထိုသူရို့အား ပြောဆိုယင်း တခြားလူမျိုးတိကိုပါ ထိုသတင်းကောင်းတရားကို ကြေညာကြလေ၏။


ထို့နောက် ထိုသူရို့သည် နိ့စဉ်နိ့တိုင်း ဗိမာန်တော်တွင် လည်းကောင်း၊ လူရို့၏အိမ်များတွင် လည်းကောင်း ယေသျှုသည် မေသျှိယဖြစ်တော်မူကြောင်း သတင်းကောင်းကို အဆက်မပြတ် ဟောပြောသွန်သင်ကြ၏။


ထို့ကြောင့် ဖိလိပ္ပုသည် ထိုကျမ်းစာပိုဒ်နှင့် အစပြု၍ ယေသျှုအကြောင်း သတင်းကောင်းကို ဟောပြောလေ၏။


ဖိလိပ္ပုသည် ယှာမာရိပြည်၏မြို့တော်သို့ လား၍ မေသျှိယအကြောင်းကို ဟောပြောလေ၏။


ထိုသူသည် ချက်ချင်းပင် တရားဇရပ်များသို့ လား၍ ယေသျှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း စတင်၍ ဟောပြောလေ၏။


သို့ရာတွင် တစ်ကိုယ်ကောင်းဆန်၍ မတရားသောအမှုကို ပြုခြင်းငှာ သမ္မာတရားကို ငြင်းပယ်သောသူရို့အား ဘုရားသခင်က မိမိ၏အမျက်ဒေါသကို သွန်းလောင်းတော်မူလိမ့်မည်။


ငါရို့ ဟောပြောကြေငြာသော လက်ဝါးကပ်တိုင်ထက်တွင် အသီခံတော်မူသည့် ခရစ်တော်၏အကြောင်းသည် ယုဒလူရို့အဖို့ ထိမိ၍ လဲစရာဖြစ်ပြီး၊ တခြားလူမျိုးရို့အဖို့မူကား အချည်းနှီးသော တရားဖြစ်၏။


ငါ၏ဥစ္စာဟိသမျှကို ဆင်းရဲသားရို့အား ပီးကမ်းစွန့်ကြဲပြီး ငါ၏ကိုယ်ခန္ဓာကို မီးဖြင့် ပူဇော်သော်လည်း မေတ္တာမဟိလျှင် ငါ၌ အကျိုးမဟိ။


အကြောင်းမူကား၊ ငါမှစ၍ သိလွာနုနှင့် တိမောသေရို့ သည် သင်ရို့အား ဟောပြောခသော ဘုရားသခင်၏သားတော် ယေသျှုခရစ်တော်သည် “ဟုတ်မှန်၏” “မဟုတ်မှန်၏” ဟူ၍ ပြောသော သခင်မဟုတ်၊ အမြဲတမ်း ဟုတ်မှန်သော သခင်ဖြစ်တော်မူ၏။


ထိုသူရို့သည် စစ်မှန်သော တမန်တော်များ မဟုတ်၊ မှားယွင်းသောတမန်တော်များသာ ဖြစ်ကြ၏။ မိမိကိုယ်ကို ခရစ်တော်၏ စစ်မှန်သော တမန်တော်တိ ဖြစ်ယောင်ဆောင်လျက် လှည့်စားသောသူများဖြစ်၏။


သင်ရို့ပါးသို့ ရောက်သောအခါ ငါတွိ့မြင်လိုသည်အတိုင်း သင်ရို့အား မတွိ့ရမည်ကို လည်းကောင်း၊ သင်ရို့ မြင်တွိ့လိုသည်အတိုင်း ငါရို့အား မတွိ့ရကြမည်ကို လည်းကောင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသထွက်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ အတင်းပြောခြင်း၊ မောက်မာခြင်းနှင့် ဝရုန်းသုန်ကားဖြစ်ခြင်းများ တွိ့ရမည်ကို ငါ စိုးရိမ်၏။


အကြောင်းမူကား ငါရို့သည် မိမိအကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေသျှုခရစ်တော်သည် သခင်ဘုရား ဖြစ်တော်မူကြောင်းကို လည်းကောင်း၊ ငါရို့သည် ယေသျှုအတွက် သင်ရို့၏ အခိုင်းအစီများ ဖြစ်ကြောင်းကို လည်းကောင်း ဟောပြောကြ၏။


ဤသို့ ဆိုရခြင်းမှာ ယုံကြည်သူအဖြစ် အယောင်ဆောင်သူ တချို့သည် လျှို့ဝှက်စွာ ဝင်ရောက်လာသောကြောင့်ဖြစ်၏။ ထိုသူရို့သည် ငါရို့အား ကျွန်ပြုလို၍ ခရစ်တော် ယေသျှုအားဖြင့် ငါရို့ရဟိသော လွတ်လပ်မှုကို စုံစမ်းရန် ငါရို့အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်လာခြင်းဖြစ်၏။


ဝါကြွားလိုသောစိတ်၊ တစ်ကိုယ်ကောင်းဆန်သော စိတ်တိဖြင့် ဇာအမှုကိုမျှ မပြုကတ်ကေ့။ သူတစ်ပါးသည် မိမိထက်သာသည်ဟု အစဉ်ယူဆလျက် စိတ်နှိမ့်ချကြလော့။


ငါရို့၏ဘာသာတရားသည် ဇာလောက်ထိ နက်နဲသည်ကို ဇာသူမျှ မငြင်းနိုင်ပေ၊ ကိုယ်တော်သည် လူသား၏ ပုံသဏ္ဍန်အားဖြင့် ပေါ်ထွန်းတော်မူသည်မှာ ဟုတ်မှန်တော်မူကြောင်းကို ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ၊ ကောင်းကင်တမန်များသည် ကိုယ်တော့်ကို မြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောကြပြီ၊ လောကီသားရို့သည်လည်း ယုံကြည်ကြပြီ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။


Follow us:

Advertisements


Advertisements