Biblia Todo Logo
Online Bible

- Advertisements -




ဖိလိပ္ပိ 1:12 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

12 ညီအစ်ကိုမောင်နှမရို့၊ ငါတွိ့ကြုံရသည့် အဖြစ်အပျက်များသည် သတင်းကောင်းကို ပြန့်ပွားစီရာတွင် ကောင်းစွာ အထောက်အကူဖြစ်ကြောင်းကို ငါသည် သင်ရို့အား သိစီလို၏။

See the chapter Copy




ဖိလိပ္ပိ 1:12
19 Cross References  

ဤသို့အားဖြင့် သင်ရို့သည် သတင်းကောင်းကို ပြောရသောအခွင့် ရကြလိမ့်မည်။


ပြန့်ကြဲလားသော ယုံကြည်သူရို့သည် သတင်းကောင်းကို အရပ်ရပ်သို့ လား၍ ဟောပြောကြ၏။


ဘုရားသခင်သည် မိမိ၏ အကြံအစည် ဟိတော်မူသည့်အတိုင်း ခေါ်တော်မူသောသူတည်းဟူသော ကိုယ်တော့်ကို ချစ်သောသူရို့နှင့်အတူ အရာခပ်သိမ်း၌ ကောင်းသောအမှုကို လုပ်ဆောင်ပီးလျက် ဟိသည်ကို ငါရို့ သိကြ၏။


မကွာဝီးသည်သာမက၊ ငါရို့သည် ခပ်သိမ်းသောဤအမှုတိကို ကြုံတွိ့ရကြသောအခါ ငါရို့ကို ချစ်တော်မူသော အသျှင်အားဖြင့် လုံးဝ အောင်မြင်မှုကို ရဟိကြ၏။


အကြောင်းမှုကား ငါသည် အမှုတော်ကို စတင်ဆောင်ရွက်ချိန်မှစ၍ ယနိ့ တိုင်အောင် သတင်းကောင်းကို ပြန့်နှံ့စီခြင်းငှာ သင်ရို့သည် ငါနှင့်အတူ ဆောင်ရွက်ခကြသောကြောင့် ဖြစ်၏။


သင်ရို့ကို ငါသည် အစဉ်အမြဲ အောက်မိ့၏။ သို့ဖြစ်၍ ငါသည် သင်ရို့နှင့်ပတ်သက်၍ ထိုသို့ သဘောထား၏။ ငါသည် ယခု အကျဉ်းခံရသော အရာ၌ လည်းကောင်း၊ ဧဝံဂေလိတရားကို လွတ်လပ်စွာ ကာကွယ်၍ ထိုတရားကို ခိုင်ခံ့စွာ တည်စီသော်လည်းကောင်း ငါ​နှင့်အတူ ကျေးဇူးတော်​ကို မျှဝီခံစားသောသူများ ဖြစ်ကြသဖြင့် သင်ရို့အားလုံးသည် ငါ​၏​စိတ်နှလုံး​၌ ဟိကြ​၏။


တိမောသေနှင့် ငါသည် သားဖသဖွယ် သတင်းကောင်းပျံ့နှံ့ရေးအတွက် အမှုတော်ကို အတူတကွ ဇာပိုင် လုပ်ဆောင်ခကြကြောင်းကို သင်ရို့ သိကြ၏။


အချင်း ဖိလိပ္ပိအသင်းသားရို့၊ ငါသည် မာကေဒေါနိပြည်မှ ထွက်ခွာ၍ သတင်းကောင်းကို ဟောပြောခသောအချိန်က သင်ရို့ အသင်းတော် တစ်ပါးတည်းကသာလျှင် ငါ့အား ကူညီခကြောင်း၊ အမှုတော်ဆောင်လုပ်ငန်းတွင် သင်ရို့ကသာလျှင် ငါနှင့်အတူ အယှုံးအမြတ်ကို ခံယူ၍ လုပ်ဆောင်ခကြကြောင်းကို သင်ရို့ကိုယ်တိုင် ကောင်းစွာသိကြ၏။


ငါ၏သစ္စာဟိသော လုပ်ဖော်ကိုင်ဖက်ဖြစ်သူ၊ သင်သည်လည်း ထိုမိန်းမရို့ကို ကူညီမစပါလော့။ ထိုမိန်းမရို့သည် သတင်းကောင်းကို ဟောပြောသက်သီခံရာတွင် ငါနှင့်အတူ အထူးကြိုးစားအားထုတ်လုပ် ဆောင်သောသူတိ ဖြစ်ကြ၏။ ထိုသို့ လုပ်ဆောင်ခသောသူများတွင် ကလေမင်နှင့်တကွ ဘုရားသခင်၏ အသက်စာစောင်စာရင်းတွင် အခြားသော ငါ၏ လုပ်ဖော်ဆောင်ဖက်များလည်း ပါဝင်၏။


အသင်းတော် ဝတ်ပြုစည်းဝေးခြင်းတိုင်းတွင် ဘုရားသခင်၌ ဆက်ကပ်ထားသော ယောက်ျားရို့သည် အမျက်ဒေါသထွက်ခြင်း၊ ငြင်းခုံခြင်းကို မပြုဘဲ မိမိရို့၏သန့်ယှင်းသောလက်ကို မြှောက်၍ ဆုတောင်းပီးခြင်းငှာ ငါသည် အလိုဟိ၏။


ငါသည် သတင်းကောင်းတရားတော်ကို ဟောပြောသောကြောင့် ရာဇဝတ်သား တစ်ယောက်ကဲ့သို့ သံကြိုးနှင့် ချိုင်နှောင်ခြင်းကို ခံရသည်ထိ ဒုက္ခခံရ၏။ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည်ကား ချိုင်နှောင်ခြင်းကို မခံရ။


သို့သော်လည်း တခြားလူမျိုးတိ အားလုံး သတင်းကောင်းတရားကို ကြားနာခြင်းအတွက် ထိုတရားကို အကုန်အစင်ဟောပြော စီခြင်းငှာ သခင်ဘုရားသည် ငါ့ဖက်၌ ဟိတော်မူ၍ ငါ့အား အစွမ်းသတ္တိကို ပီးတော်မူ၏။ ထိုမျှမက သီမင်း၏ခံတွင်းထဲက ငါ့ကို ကယ်တင်တော်မူ၏။


Follow us:

Advertisements


Advertisements