Biblia Todo Logo
Online Bible

- Advertisements -




ဖိလိပ္ပိ 1:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

11 ထို့နောက် ဘုရားသခင်၏ ဘုန်းတော် ထွန်းတောက်စီရန်နှင့် ချီးမွမ်းကြစီရန် ယေသျှုခရစ်တော်အားဖြင့်သာ ဖြောင့်မတ်ခြင်းအသီးနှင့် ပြည့်စုံလိမ့်မည်။

See the chapter Copy




ဖိလိပ္ပိ 1:11
34 Cross References  

ထိုနည်းတူ လူတိုင်းသည် သင်ရို့ပြုသော ကောင်းသောအကျင့်တိကို မြင်၍ ကောင်းကင်ဘုံ၌ ဟိတော်မူသော သင်ရို့အဖကို ချီးမွမ်းစီခြင်းငှာ သင်ရို့၏အလင်းကို လူတိရှိ့မှာ လင်းကြလော့။


သင်ရို့သည် ငါ့ကို ရွီးကောက်ကြသည် မဟုတ်။ သင်ရို့သည် လား၍ တည်ကြည်သော အသီးတိကို သီး၍ ပွားများစီခြင်းငှာ ငါသည် သင်ရို့ကို ရွီးကောက်၍ ခန့်ထားခြင်း ဖြစ်၏။ သို့ဖြစ်၍ ငါ၏နာမ၌ တောင်းသမျှကို ခမည်းတော်သည် သင်ရို့အား ပီးတော်မူလိမ့်မည်။


သူသည် ငါ၌ အသီးမသီးသော အကိုင်းအခက်ဟူသမျှကို ဖြတ်ထုတ်ပစ်၏။ အသီးသီးသော အကိုင်းအခက်တိကို သာ၍ သီးစီခြင်းငှာ သုတ်သင်ယှင်းလင်းလိမ့်မည်။


သင်ရို့သည် များစွာသောအသီးကို သီးခြင်းအားဖြင့် ငါ့ခမည်းတော်၏ ဘုန်းတော်ကို ထင်ရှားသောသူများ ဖြစ်ကြ၏။ ထိုသို့အားဖြင့် သင်ရို့သည် ငါ့တပည့် အမှန် ဖြစ်ကြ၏။


သို့ဖြစ်၍ ငါသည် ဆောင်ရွက်စရာကိစ္စတိကို ဆောင်ရွက်ပြီးနောက် ကောက်ခံ၍ ရသမျှသော အလှူငွီတိကို ထိုသူရို့အား ပီးအပ်ရန် စပါနိပြည်သို့ လားမည်။ လမ်းကြုံသည်ဖြစ်၍ သင်ရို့ပါးသို့လည်း ဝင်ရောက်လည်ပတ်လိမ့်မည်။


သို့သော်လည်း ယခုမူကား သင်ရို့သည် အပြစ်တရား၏လက်မှ လွတ်မြောက်၍ ဘုရားသခင်၏ကျွန် ဖြစ်လာကြပြီး၊ သန့်ယှင်းခြင်းသို့ ရောက်စီသည့် အကျိုးကျေးဇူးကို ခံစားရကြ၏။ ၎င်း၏ရလဒ်မူကား ထာဝရအသက်ဖြစ်၏။


သင်ရို့သည် စားသည်ဖြစ်စီ၊ သောက်သည် ဖြစ်စီ၊ ဇာအမှုအရာကို ပြုသည်ဖြစ်စီ ဘုရားသခင်၏ ဘုန်းတော်အဖို့ ပြုကြလော့။


ပျိုးကြဲသောသူအား မျိုးစိ့ကို လည်းကောင်း၊ အစာအတွက် မုန့်ကို လည်းကောင်း ပီးတော်မူသော ဘုရားသခင်သည် ငါရို့လိုသမျှ အလုံးစုံသော မျိုးစိ့ကိုလည်း ပီးတော်မူ၍ အပင်ကိုလည်း ကြီးထွားစီကာ သင်ရို့၏ ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးအပွင့်များကို တိုးပွါးစီတော်မူလိမ့်မည်။


သို့ဖြစ်၍ ခရစ်တော်ကို ဦးစွာပထမ မျှော်လင့်ခသော ငါရို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွန်းကြကုန်အံ့။


ဝိညာဉ်တော်သည် ဘုရားသခင်၏လူရို့အား ကတိပီးထားတော်မူသည် နှင့်အညီ ငါရို့ခံစားရမည်ဖြစ်ကြောင်း အာမခံဖြစ် တော်မူ၏။ ထိုအာမခံချက်ဟူကား ဘုရားသခင်သည် မိမိပိုင်တော်မူသော သူရို့အား လွတ်မြောက်ခြင်းကို ရစီတော်မူမည်အကြောင်း ဖြစ်၏။ ထို့ကြောင့် ငါရို့သည် ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကို ချီးမွမ်းကြကုန်အံ့။


အကြောင်းမူကား ဘုရားသခင်သည် ရှိ့မဆွကပင် ကြိုတင် ပျင်ဆင်ထားတော်မူသည်နှင့်အညီ ငါရို့အား ကောင်းသောအကျင့်ကို ကျင့်စီခြင်းငှာ ခရစ်တော်ယေသျှု၌ ဖန်ဆင်းထားတော်မူ၏။


အကြောင်းမူကား အလင်းသည် ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် မှန်ကန်ခြင်းတည်းဟူသော ကောင်းမြတ်သောအရာများကို ဖြစ်ပွားစီတော်မူ၏။


ဤသို့ဆိုသော် ငါသည် အလှူခံလိုသောကြောင့် မဟုတ်။ သင်ရို့၏စာရင်း၌ အမြတ်တိုးလာစီခြင်းငှာ ငါ အလိုဟိ၏။


သို့မှသာ အစဉ်မလပ် သခင်ဘုရား နှစ်သက်စီရန်နှင့် အလိုတော်အတိုင်း အသက်ရှင်နိုင်ကြစီရန် သင်ရို့ ပြုမူကျင့်ကြံ နိုင်ကြလိမ့်မည်။ ထိုသို့ပြုမူကျင့်ကြံခြင်းအားဖြင့် သင်ရို့သည် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသော အသီးများကိုသီးကာ ဘုရားသခင်ကို သိကျွမ်းခြင်း၌ တိုးပွားလာလိမ့်မည်။


သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်အကြောင်းကို ပထမဆုံး ကြားရပြီးသည့်နိ့မှစ၍ ထိုကျေးဇူးတော်ကို အမှန်သိမြင်လာသည်နှင့်အမျှ သင်ရို့ပါးသို့ ရောက်လာ၏။ ထိုနည်းတူ ထိုသတင်းကောင်းသည် ကောင်းကြီးမင်္ဂလာကို ယူဆောင်၍ ကမ္ဘာမြီတစ်ခုလုံးသို့ ပျံ့နှံ့လျက်ဟိ၏။


ဤနည်းအားဖြင့် ငါရို့၏ အသျှင် ယေသျှု၏နာမတော်သည် သင်ရို့၌လည်းကောင်း၊ ငါရို့၏ ဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်၏ ကျေးဇူးတော်အားဖြင့် သင်ရို့သည်လည်း ကိုယ်တော်၌ လည်းကောင်း ဘုန်းတော်ထင်ရှားစီခြင်းငှာ ငါရို့သည် ဆုတောင်းလျက်ဟိကြ၏။


ငါရို့၏လူများသည်လည်း အမှန်အကန် လိုအပ်မှုများကို ထောက်ပံ့ပီးရန်အတွက် မိမိရို့ကိုယ်တိုင် ကောင်းသောအမှု၌ ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမည်။


နှစ်သက်ဖွယ်ကောင်းသော ဆုံးမပဲ့ပြင်ခြင်းဟူ၍ မဟိ။ နာကြင်စီသော ဆုံးမပဲ့ပြင်ခြင်း ဟူ၍သာ ဟိ၏။ သို့သော် ထိုဆုံးမပဲ့ပြင်ခြင်းကို ခံယူသူများအား ဖြောင့်မတ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတည်းဟူသော အကျိုးကျေးဇူးများကို ပွားများစီတတ်၏။


သာသနာပလူရို့သည် သင်ရို့အား မကောင်းမှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက် နိန်ကြစဉ် သင်ရို့၏ ကောင်းသောအကျင့်များကို မြင်သဖြင့် သခင်ဘုရား ကြွလာတော်မူသောနိ့၌ ဘုရားသခင်အား ချီးမွမ်းကြစီရန် သင်ရို့သည် ထိုသူရို့ရှိ့တွင် တင့်တယ်လျောက်ပတ်စွာ ပြုမူလျက် နီထိုင်ကြလော့။


ဝိညာဉ်ဆိုင်ရာ ဗိမာန်တော် တည်ဆောက်ခြင်း၌ သင်ရို့ကိုယ်တိုင်သည်လည်း အသက်ရှင်သော ကျောက်အဖြစ်နန့် အသုံးတော် ခံကြလော့။ ထိုဗိမာန်တော်တွင် သင်ရို့သည် ယေသျှုခရစ်အားဖြင့် ဘုရားသခင် နှစ်သက်တော်မူသော ဝိညာဉ်ဆိုင်ရာ ယဇ်ကို ပူဇော်ခြင်းငှာ သန့်ယှင်းသော ယဇ်ပုရောဟိတ်များကဲ့သို့ ဆောင်ရွက်ကြလိမ့်မည်။


သင်ရို့မူကား ရွီးကောက်ခံရသောအမျိုး၊ တော်ဝင် ယဇ်ပုရောဟိတ်အမျိုး၊ သန့်ယှင်းသော လူမျိုး၊ ဘုရားသခင် ပိုင်တော်မူသော လူမျိုးတော် ဖြစ်ကြ၏။ ထိုသို့ ရွီးကောက်ခြင်း ခံရသည်မှာ ဘုရားသခင် ပြုတော်မူသော အံ့ဩဖွယ် အမှုအရာများကို ကြေညာနိုင်စီခြင်းငှာ၊ ဘုရားသခင်သည် သင်ရို့အား မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းထဲသို့ ခေါ်ယူတော်မူခြင်းဖြစ်၏။


သင်ရို့သည် ခရစ်တော်၏ နာမတော်ကြောင့် စော်ကားခြင်းကို ခံရသောအခါ မင်္ဂလာဟိကြ၏။ ဇာကြောင့်ဆိုသော် ထိုသို့ ခံရသောအချိန်၌ ဘုန်းတော်နှင့် ပြည့်စုံသော ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်ရို့အထက်၌ ကိန်းဝပ်တော်မူ၏။


Follow us:

Advertisements


Advertisements