9 ငါ့ဆေမှ နင်လို့ သင်ကြားခံယူလျက် သိမျော်ခဲ့သောအရာလို့ဟို ပြုကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်သက်ခြင်းရဲ့ သခင် ဘုရားသခင်ဟ နင်လို့နဲ့အတူ ဆိလိမ့်မယ်။
ဗျာဒိတ်တော်မှာ “အပျိုကညာဟ လူပဲ့စွဲယူယွေ့ အောင်နီငယ်ဟို ဖွားမျော် လိမ့်မယ်။ အဲအောင်နီငယ်ဟို ဧမာနွေလ နာမယ်ပေးရမယ်” (အေးအဓိပ္ပာယ်ဟ “ဘုရားသခင်ဟ ငါလို့နဲ့အတူ ဆိအယ်”) ဟု ဖြစ်အယ်။
နင်လို့အား ငါပေးသမျှသော ပညတ်လို့ဟို စောင့်ထိန်းကြစေရန် သူလို့အား သွန်သင်ကြလော။ ငါဟ ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောန် နင်လို့နဲ့အတူ အစဉ်မပြတ် ဆိမယ်” ဟု မိန့်အယ်။
“ ‘သခင်၊ သခင်’ ဟု ငါ့ဟို ခေါ်သောသူတိုင်း ခေါန်းခင်နိုင်ငံတော်ဟို ဝင်ရလိမ့်မယ် မဟုတ်။ အဲလိုလဲ ခေါန်းခင်ဘုံဆှင် ငါ့အဖရဲ့ အလိုတော်အတိုင်း လိုက်ဆှောက်သူသာရင် ဝင်ရလိမ့်မယ်။
“နင်လို့ဟ ငါပြောလဲ့အတိုင်း မလုပ်ဘဲ ပစာကျောန့် ငါ့ဟို ‘သခင်၊ သခင်’ လို့ ခေါ်ကြလုန်း။
ယေရှုဟ သူလို့အားလုံးဟို “ဘုရားသခင်ရဲ့ စကားဟို ကြားပင်း နားထောင်သောသူလို့ဟ ငါ့မေ့နဲ့ ငါ့ညီများ ဖြစ်အယ်” ဟု မိန့်အယ်။
ဟေအရာလို့ဟို နင်လို့အခု သိယွေ့ အဲအတိုင်းကျင့်ရင် နင်လို့ဟ မင်္ဂလာဆိကြအယ်။
နင်လို့အား ငါ့ပညတ်လဲ့အရာလို့ဟို နင်လို့ ကျင့်သုံးရင် နင်လို့ဟ ငါရဲ့ မိတ်ဆွေများ ဖြစ်ကြအယ်။
အဲအခါ ယေရှုရဲ့ အမေ့ဟ အစေခံလို့အား “သူစေခိုင်းလဲ့အတိုင်း လုပ်ဆောင်ကြလော့” ဟု ဆိုအယ်။
“အဲလိုလဲ နင်ဟ ထယွေ့ မြို့ထဲဟို သွားလော့၊ အဲမှာ နင်ပြုရမယ့် အမှုဟို ငါ ပြောလိမ့်မယ်” ဟု မိန့်အယ်။
ငြိမ်သက်ခြင်းရဲ့ အဆှင်ဘုရားသခင်ဟ နင်လို့အားလုံးနဲ့ အတူဆိပါစေသော၊ အာမင်။
ငြိမ်သက်ခြင်းရဲ့ အဆှင်ဖြစ်သော ဘုရားသခင်ဟ စာတန်ဟို နင်လို့ရဲ့ ခြေထောက်အောက်တွင် မကြာခင် ချေမှုန်းလိမ့်မယ်။ ငါလို့ အဆှင် ယေရှုရဲ့ ကျေးဇူးတော်ဟို နင်လို့ ခံစားကြရပါစေ။
နင်လို့ဟ စားသော် လည်းကောင်း၊ သောက်သော် လည်းကောင်း၊ စလိုအမှုဟို ပြုသော် လည်းကောင်း၊ ဘုရားသခင်ရဲ့ ဘုန်းတော်အတွက် ခပ်သိမ်းသောအမှုလို့ဟို ပြုကြလော့။
ပစာကို့ ဘုရားသခင်ဟ စည်းကမ်းမဲ့ပြုခြင်းဟို မလိုလားဘဲ ငြိမ်သက်ခြင်းဟို လိုလားသောကျောန့် ဖြစ်အယ်။ ဘုရားသခင်ရဲ့ အသင်းတော်အပေါင်းလို့တွင် ကျင့်သုံးလဲ့အတိုင်း
အဲကျောန့် ငါရဲ့ စံနမူဟို လိုက်ကြရန် ငါ တောင်းပန်အယ်။
နောက်ဆုံးအနေဖြင့်၊ ညီအကိုလို့ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းဟို ရောက်ကြလော့၊ နှစ်သိမ့်ခြင်းဟို ခံစားကြလော့၊ စိတ်တညီတညွတ်တည်း ဆိယွေ့ သင့်မြတ်စွာ နေကြလော့။ ချစ်ခြင်း မေတ္တာနဲ့ ငြိမ်သက်ခြင်းလို့ရဲ့ ဘုရားသခင်ဟ နင်လို့နဲ့အတူ ဆိလိမ့်မယ်။
ညီအကို မောင်နှမလို့၊ နင်လို့ဟ ငါဆေမှ အတုယူကြလော့။ ငါလို့ဆေမှ ရဆိသော စံနမူနာအတိုင်း အသက်ဆှင် ဆှောက်လှမ်းနေကြသော သူလို့ဟိုလည်း ကျေ့ရှုမှတ်သားကြလော့။
အဲအခါ လူလို့ နားမလည်နိန်သော ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းဟ ခရစ်တော် ယေရှုအားဖြင့် နင်လို့ရဲ့ စိတ်နေလုံးနဲ့ နင်လို့ရဲ့ တွေးတောကြံစည်မှုများဟို စောင့်မလိမ့်မယ်။
နင်လို့ဟလည်း ရမ်းဆာ့သော ဆင်းရဲဒုက္ခထဲနှိုက် သန့်ဆှင်းသော ဝိညာဉ်တော်ဆေမှ ရဆိသော ဝမ်းမြောက်ခြင်းဖြင့် နှုတ်ကပတ်တော်ဟို လက်ခံယွေ့ ငါလို့နဲ့ သခင်ဘုရားဟို အတုယူသူများဖြစ်ကြအယ်။
ငါ့ညီအကို မောင်နှမလို့၊ နင်လို့နှိုက် ဖြစ်ပျက်လဲ့အရာနည်းတူ ခရစ်တော် ယေရှုနဲ့ စပ်ဆိုင်တဲ့ လူများဖြစ်သော ယုဒပြေဆိ ဘုရားသခင်ရဲ့ အသင်းတော်နှိုက်လည်း ဖြစ်ပျက်အယ်။ သူလို့ဟ ယုဒလူမျိုးလို့ လက်တွင် ဒုက္ခဆင်းရဲခံရသလိုမျိုး နင်လို့ဟလည်း မိမိလို့ရဲ့ အမျိုးသားချင်းများ လက်တွင် အဲတိုင်းတိုင်း ခံစားကြရအယ်၊
ငြိမ်သက်ခြင်းရဲ့အဆှင် ဘုရားသခင်တတ်တိုင်း နင်လို့ဟို အကုန်အစင် သန့်ဆှင်းစေသော။ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော် ကြွလာသောအခါ နင်လို့ရဲ့ ဝိညာဉ်၊ စိတ်နေလုံး၊ ကိုယ်ခန္ဓာဟို အပစ်တင်စရာ မဆိစေရန် စောင့်ဆှောက်ပါစေသော။
အားပင်း သခင်ဘုရားဟ ငါလို့အား ယုံကြည်စိတ်ချမှုဟို ပေးအယ်၊ ငါလို့ဟ နင်လို့လုပ်နေတာ သေချာပင်း ငါလို့ပြောတဲ့အတိုင်း ဆက်လုပ်နေမှာ သေချာတယ်။
သခင်ဘုရားဟ နင်ရဲ့ စိတ်ဝိညာဉ်နဲ့အတူ ဆိမန့်စေ။ နင်လို့အပေါင်းလို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ခံစားရမန့်စေ။
နှုတ်ကပတ်တရားဟို လိုက်နာကျင့်သုံးသောသူများ ဖြစ်ကြလော့။ မိမိတတ်တိုင်း လှည့်စားယွေ့ ကြားနာသူသက်သက် မဖြစ်ကြနဲ့။
အေးကျောန့် ညီအကို မောင်နှမလို့၊ နင်လို့ခံရသော ခေါ်ယူခြင်းနဲ့ ရွေးချယ်ခြင်းဟို တည်မြဲစေရန် ပိုပင်း ကြိုးစားကြလော့။ အကျောန်းမှာ အေးလို့ လုပ်နေသရွေ့ နင်လို့ဟ ပစာအခါမှ မားယွင်းကြမယ် မဟုတ်။
တောင်းဆော့က်သမျှလို့ဟို ဘုရားသခင်ဆေမှ ရဆိကြအယ်။ ပစာကို့ ငါလို့ဟ ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ဆှောက်ယွေ့ ဆေ့တော်နှိုက် နှစ်သက်သောအရာများဟို ပြုကြသောကျောန့် ဖြစ်အယ်။