7 အဲအခါ လူလို့ နားမလည်နိန်သော ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းဟ ခရစ်တော် ယေရှုအားဖြင့် နင်လို့ရဲ့ စိတ်နေလုံးနဲ့ နင်လို့ရဲ့ တွေးတောကြံစည်မှုများဟို စောင့်မလိမ့်မယ်။
မိုက်နဲ့ သေမင်းရဲ့ အရိပ်တွင် နေထိန်သူများအပေါ် ထွန်းလင်း စေလိမ့်မယ်၊ ငါလို့အား ငြိမ်းချမ်းရေး လမ်းဟို ပို့ဆောင်စေလိမ့်မယ်” ဟု ဟောလေအယ်။
“ခေါန်းခင်ဘဝဂ်ဝယ် ဘုရားသခင်ဟ ဘုန်းကြီးပါစေ၊ မြေကြီးပေါ်မှာ ငြိမ်သက်ခြင်း ဆိစေယွေ့ လူလို့အား မေတ္တာကရုဏာ ဆိစေသတည်း” ဟု မြွက်ဆိုကြအယ်။
“ငါဟ ငြိမ်သက်ခြင်းဟို နင်လို့နှိုက် ထားခဲ့အယ်၊ ငါရဲ့ ငြိမ်သက်ခြင်းဟို နင်လို့အား ငါပေးအယ်။ ဟေလောကသားလို့ ပေးသလို ငါပေးတာ မဟုတ်။ နင်လို့ စိတ်နေလုံးပူပန်ခြင်းနဲ့ ကြောက်ရွံ့ခြင်း မဆိစေနဲ့။
နင်လို့ဟ ငါ့ဟို အမှီပြုယွေ့ ငြိမ်သက်ခြင်း ဆိစေကြရန် ဟေစကားဟို ငါပြောပီ။ နင်လို့ဟ လောကနှိုက် ဆင်းရဲဒုက္ခဟို ခံရကြလိမ့်မယ်။ အဲလိုလဲ မစိုးရိမ်ကြနဲ့၊ ငါဟ လောကဟို အောန်ပီ” ဟု မိန့်အယ်။
ဘုရားသခင် ချစ်ယွေ့ သန့်ဆှင်းသူများအဖြစ် ခေါ်ယူသော ရောမမြို့သူ မြို့သားအပေါင်းလို့ဆေ ဟေစာဟို ငါ ရေးလိုက်ပါအယ်၊ ငါလို့ အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်မှ လာသော ကျေးဇူးတော်နဲ့ ငြိမ်းချမ်းခြင်းဟို နင်လို့နှိုက် ဆိပါစေ။
ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ အစားအသောက်နဲ့မဆိုင်၊ အဲလိုလဲ သန့်ဆှင်းသော ဝိညာဉ်တော်မှ ရဆိသော ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်း ဖြစ်အယ်။
နင်လို့ရဲ့ မျော်လင့်ခြင်းဟ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် ဆက်လက် အသက်ဆှင်နိန်ရန်အတွက် မျော်လင့်ခြင်းရဲ့ အရင်းအမြစ်ဖြစ်သော ဘုရားသခင်ဟ နင်လို့ရဲ့ ယုံကြည်ခြင်းအားဖြင့် နင်လို့အား ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းဟို ပေးသနားပါစေ။
အခု ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှိုက် ဖြောင့်မတ်ခြင်းဟို ရဆိပင်း ဖြစ်သောကျောန့် ငါလို့သခင် ယေရှု ခရစ်အားဖြင့် ဘုရားသခင်နဲ့ ငြိမ်းချမ်းမှုဟို ရကြအယ်။
လူဇာတိနဲ့ဆိုင်လဲ့ စိတ်ဟ သေခြင်း ဖြစ်ပေမဲ့ ဝိညာဉ်နဲ့ဆိုင်လဲ့ စိတ်သဘောဟ အသက်ဆှင်ခြင်းအကျောန်းနဲ့ ငြိမ်သက်ခြင်းအကျောန်း ဖြစ်အယ်။
ဘုရားသခင်ဟို သိသောဉာဏ်ဟို ဆန့်ကျင်တားဆီးလဲ့ စဉ်းစားဆင်ခြင်မှုနဲ့ မာန်မာနဆိသမျှလို့ဟို ဖြိုဖျက်ချေမှုန်းကြအယ်၊ ငါလို့ဟ လူလို့ရဲ့ အကြံစည်ဆိသမျှလို့ဟို ဖမ်းချုပ်ပင်း ခရစ်တော်အား နာခံစေကြအယ်။
နောက်ဆုံးအနေဖြင့်၊ ညီအကိုလို့ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းဟို ရောက်ကြလော့၊ နှစ်သိမ့်ခြင်းဟို ခံစားကြလော့၊ စိတ်တညီတညွတ်တည်း ဆိယွေ့ သင့်မြတ်စွာ နေကြလော့။ ချစ်ခြင်း မေတ္တာနဲ့ ငြိမ်သက်ခြင်းလို့ရဲ့ ဘုရားသခင်ဟ နင်လို့နဲ့အတူ ဆိလိမ့်မယ်။
အဲလိုလဲ ဝိညာဉ်တော်ရဲ့ အသီးအပွင့်ဟ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ဆှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာဆိခြင်း၊
အသိပညာထက် ထူးကဲသော ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာတော်ဟို သိဆိယွေ့ ဘုရားသခင်ရဲ့ ပြေ့စုံခြင်းအားလုံးလို့ဖြင့် ပြေ့စုံခြင်းဟို ရောက်ကြမဲ့အကျောန်း ငါ ဆုတောင်းအယ်။
ခရစ်တော် ယေရှုရဲ့ အစေခံများဖြစ်လဲ့ ပေါလုနဲ့ တိမောသေလို့ဆေမှ — ဖိလိပ္ပိမြို့တွင် နေထိန်ကြသော သင်းအုပ်များနဲ့ သင်းထောက်လူကြီးများမှစယွေ့ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဖြစ်ကြသော ဘုရားသခင်ရဲ့ လူမျိုးနွယ်အပေါင်းလို့ ဆေဟို စာရေးလိုက်ပါအယ်၊
ငါလို့အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေသော။
ငါရဲ့ ဘုရားသခင်ဟလည်း ဘုန်းအသရေတော်နှိုက် ဆိသော မိမိရဲ့ ကြွယ်ဝမှုနဲ့အညီ နင်လို့ရဲ့ လိုအပ်ချက် ဆိသမျှဟို ခရစ်တော် ယေရှုအားဖြင့် ပြေ့စုံစေလိမ့်မယ်။
ခရစ်တော် ယေရှုနှိုက်ဆိသော ဘုရားသခင်ရဲ့ လူမျိုးနွယ်အပေါင်းလို့ဟို နှုတ်ဆက်ပေးကြလော့။ ငါနဲ့အတူဆိသော ညီအကို မောင်နှမလို့ဟ နင်လို့ဟို နှုတ်ဆက်လိုက်ပါအယ်။
ငါ့ဆေမှ နင်လို့ သင်ကြားခံယူလျက် သိမျော်ခဲ့သောအရာလို့ဟို ပြုကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်သက်ခြင်းရဲ့ သခင် ဘုရားသခင်ဟ နင်လို့နဲ့အတူ ဆိလိမ့်မယ်။
နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခရစ်တော်ရဲ့ ငြိမ်သက်ခြင်း အုပ်စိုးစေကြလော့၊ အကျောန်းမှာ နင်လို့ဟ ဟေငြိမ်သက်ခြင်းအတွက် ကိုယ်ခန္ဓာ တခုတည်းထဲသို့ ခေါ်ယူခြင်း ခံရကြပီ။ ကျေးဇူးသိတတ်သောစိတ် ဆိကြလော့။
အခုတွင် ငြိမ်သက်ခြင်းရဲ့ သခင်ဘုရား တတ်တိုင်း နင်လို့အား အချိန်အခါခပ်သိမ်း ငြိမ်သက်ခြင်း ပေးသနားပါစေသော။ သခင်ဘုရားဟ နင်လို့အားလုံးနဲ့ အတူဆိပါစေ။
ထာဝရ ပဋိညာဉ်တရားရဲ့ အသွေးတော်အားဖြင့် သိုးလို့ရဲ့ သိုးထိန်းကြီး ဖြစ်သော ငါလို့ သခင် ယေရှုအား သေခြင်းမှ နှုတ်ဆောင်သောမူလဲ့ ငြိမ်သက်ခြင်း အဆှင် ဘုရားသခင်ဟ
ယေရှု ခရစ်တော်ရဲ့ အစေခံ၊ ယာကုပ်ရဲ့ ညီ ငါယုဒဟ — အဖဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟို ခံစားရယွေ့ ယေရှု ခရစ်တော်ရဲ့ စောင့်ဆှောက်မှု အောက်နှိုက် ဆိသော ခေါ်ယူခြင်း ခံရသူလို့ ဆေဟို စာရေးလိုက်အယ်။
ငါ ယောဟန်ဟ၊ အာရှိပြေဆိ အသင်းတော် ခုနေပါးဆေဟို စာရေးလိုက်အယ်။ အခု ဆိလျက် မခင်ဟလည်း ဆိလျက် နောင်အခါကြွလာမဲ့ အဆှင်ဆေမှ လည်းကောင်း၊ ပလ္လင်တော်ဆေ့နှိုက် ဆိသော ဝိညာဉ် ခုနေပါးဆေမှ လည်းကောင်း၊
“ဝိညာဉ်တော်ဟ အသင်းတော်လို့အား မိန့်သောအရာဟို နားဆိသောသူဟ ကြားပါစေ။ “အောန်မြင်သောသူအား အောန်းထားသော မန္နဟို ငါ ပေးမယ်။ ဖြူသောကျောက်ဟိုလည်း ငါ ပေးမယ်။ အဲကျောက်ပေါ်နှိုက် ၎င်းဟို ခံယူရဆိသူမှ တပါး စသူမျှ မသိသော နာမယ်အသစ်ဟို ရေးထားအယ်။