2 ခွေးလို့ဟို ဆှောင်ကြလော့။ မကောင်းသော အကျင့်ဟို ကျင့်သောသူလို့ဟို ဆှောင်ကြလော့။ အရေဖျားလှီးခြင်း ခံယောင်ဆောင်သော သူလို့ဟို ဆှောင်ကြလော့။
အေးကာလနှိုက် ရမ်းဆာ့သောလူလို့ဟ ယုံကြည်ခြင်း လမ်းလွဲကြလျက် အချင်းချင်း တယောက်ဟိုတယောက် မုန်းပင်း သစ္စာဖောက်ကြလိမ့်မယ်။
“မားသောပရောဖက်လို့ဟို သတိထားကြလော့။ သူလို့ဟ သိုးရေခြုံလျက် နင်လို့ဆေဟို လာပေမဲ့လည်း အတွင်းစိတ်ဟ ရက်စက်သော ဝံပုလွေလိုမျိုး ဖြစ်ကြအယ်။
“သန့်ဆှင်းသောအရာဟို ခွေးလို့အား မပေးကြနဲ့၊ သူလို့ဟ လှည့်ပင်း နင်လို့ဟို တိုက်ခိုက်လိမ့်မယ်။ နင်လို့ရဲ့ ပုလဲရတနာများဟို ဝက်လို့ဆေ့မှာ မချထားကြနဲ့၊ သူလို့ဟ အဲအရာလို့ဟို မိမိလို့ခြေဖြင့်နင်းချေပင်း သွားကြလိမ့်မယ်။
နောက်မှာ အမန်တကယ် အရေဖျားလှီးခြင်းဟို ခံသော တကယ့် ယုဒလူမျိုးဟ စသူလုန်း၊ အပြင်အားဖြင့်သာ အရေဖျားလှီးခြင်း ခံရသော ယုဒလူမျိုးဟာ ယုဒလူမျိုး အစစ်မဟုတ်။
အကျောန်းမှာ အဲသူလို့ဟ ခရစ်တော်ရဲ့ တမန်တော်များအဖြစ် အယောင်ဆောင်နေကြလဲ့ တမန်တော် အတုယောင်များ၊ လှည့်စားတတ်သော လုပ်သားများ ဖြစ်ကြအယ်။
ငါ့မိတ်ဆွေလို့၊ နင်လို့အတွက်ဟတော့ လွတ်လပ်မှုအတွက် ခေါ်ခြင်းခံရကြအယ်။ အဲလိုလဲ အေးလွတ်လပ်မှုဟာ နင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဆန္ဒတွေကို ချုပ်ကိုင်ထားဖို့ အကျောန်းပြချက်တခု ဖြစ်လာအောန် မလုပ်ပါနဲ့။ အေးအစား ချစ်ခြင်းမေတ္တာအားဖြင့် အချင်းချင်း အစေခံစေ။
အဲလိုလဲ နင်ဟ တောရိုင်းတိရိစ္ဆာန်တွေလို ပြုမူရင် တယောက်ဟို တယောက် နာကျင်စေရင် သတိထားပါ အဲဟာမဟုတ်ရင် နင်လို့ဟ အချင်းချင်း လုံးလုံး ဖျက်ဆီးကြလိမ့်မယ်။
အကျောန်းမှာ ငါလို့ဟ ယေရှု ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်သောအခါ အရေဖျားလှီးခြင်းဖြစ်စေ အရေဖျားမလှီးခြင်းဟ ခြားနားမှု မဆိပေ၊ ချစ်ခြင်းမေတ္တာအားဖြင့် လုပ်ဆောင်နိန်သော ယုံကြည်ခြင်းဟ အရေးကြီးအယ်။
အဲသူလို့ရဲ့ အဆုံးဟ ပျက်စီးခြင်း ဖြစ်အယ်၊ သူလို့ရဲ့ ဘုရားဟ သူလို့ရဲ့ ဖိုက်ဖြစ်ယွေ့ သူလို့ဟ ဆှက်ဖွယ်ရာနှိုက် ဂုဏ်ယူဝါကြွားကြအယ်။ သူလို့ စွဲလမ်းသောအရာဟ လောကနဲ့ဆိုင်သောအရာများပင် ဖြစ်ကြအယ်။
ငါလို့ဟ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ဟို ကိုးကွယ်ယွေ့ ဇာတိပကတိနှိုက် ကိုးစားခြင်း မဆိဘဲ ယေရှု ခရစ်နှိုက်သာ ဝါကြွားဝမ်းမြောက်သောသူ ဖြစ်ယွေ့ မန်သော အရေဖျားလှီးခြင်းဟို ခံသောသူ ဖြစ်ကြအယ်။
အချို့သောသူလို့ဟ အဲကောင်းသော အသိစိတ်ဟို ပစ်လောကြလဲ့အတွက် ယုံကြည်ခြင်းအရာနှိုက် ပျက်စီးဆုံးရှုံးမှုဟို ခံရကြပီ။
သူလို့ဟ ဘုရားသခင်ဟို သိကြအယ်ဟု ဝန်ခံကြသော်လည်း သူလို့ပြုသော အမှုများအားဖြင့် ဘုရားသခင်ဟို ငြင်းပယ်ကြအယ်။ သူလို့ဟ စက်ဆုပ်ဖွယ်ကောင်းသောသူ၊ နာခံခြင်း မဆိသောသူ၊ ကောင်းသောအမှု ဆိသမျှနဲ့ မထိုက်တန်သောသူများ ဖြစ်ကြအယ်။
“ခွေးဟ မိမိအန်ဖက်ဟို ပြန်စားတတ်အယ်။ ရေချိုးပင်းသော ဝက်ဟ ရွှံ့တွင် ပြန်လူးတတ်အယ်” ဟူသော မန်ကန်လဲ့ ဆိုရိုးစကားအတိုင်း အေးသူလို့နှိုက် ဖြစ်ပျက်လေပီ။
အကျောန်းမှာ ငါလို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ကာမဂုဏ်လိုက်စားခြင်း အဖြစ်သို့ ပြောင်းလဲစေယွေ့ တပါးတည်းသော အဆှင်ဖြစ်သော ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို ငြင်းပယ်ကြလဲ့ ဘုရားမသိသောသူ အချို့လို့ဟ တိတ်တခိုး ဝင်ရောက်လာကြအယ်။ သူလို့ဟ ဟေပစ်ဒဏ်စီရင်ခြင်းဟို ခံရမယ်ဟု ဆေ့မခင်ကပင် ရေးထားလေပီ။
နင် အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းဟို ငါ သိပေမဲ့ နင်ဟ ကြွယ်ဝပြေ့စုံခြင်း ဆိအယ်။ ယုဒလူ ဖြစ်ယောင်ဆောင်ယွေ့ ယုဒ လူမန် မဟုတ်။ စာတန်ရဲ့ အပေါင်းအသင်းဖြစ်သော သူလို့ရဲ့ ကဲ့ရဲ့ပစ်တင်ခြင်းဟိုလည်း ငါ သိအယ်။
အဲလိုလဲ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဆှာဖွယ်သောသူ၊ လူ့အသက်ဟို သတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ ပြုစားသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းလို့ဟ ကန့်နဲ့ လောင်သော မီးအိန်ထဲနှိုက် မိမိလို့ အဖို့ဟို ရကြလိမ့်မယ်။ ဟေဟာဟ ဒုတိယ သေခြင်း ဖြစ်အယ်” ဟု မိန့်အယ်။
အပြင်နှိုက် ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ လူအသက်ဟို သတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ ဝါပြောခြင်းဟို နှစ်သက်ယွေ့ ပြုသောသူအပေါင်းလို့ဟ ဆိကြအယ်။
နားထောင်လော့။ မိမိလို့ကိုယ်ဟို ယုဒအမျိုးသားများဟု ပြောဆိုနေသူ စာတန်ရဲ့ အပေါင်းအပါလို့အား နင်ရဲ့ ခြေရင်းဟို လာရောက် ပျပ်ဝပ်စေမယ်။ နင့်အား ငါ ချစ်ကျောန်းဟို သူလို့ သိကြလိမ့်မယ်။