Biblia Todo Logo
Online Bible

- Advertisements -




ဖိလိပ္ပိ 3:1 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

1 နောက်ဆုံးအနေဖြင့် ဆိုရရင်၊ ငါ့ညီအကို မောင်နှမလို့၊ သခင်ဘုရားနှိုက် ဝမ်းမြောက်ကြလော့။ နင်လို့ဆေဟို တူညီသောအကျောန်းများဟို ထပ်ယွေ့ ရေးသားခြင်းဟ ငါ့အတွက် ပင်ပန်းစရာ မဟုတ်ဘဲ နင်လို့အတွက် လုံခြုံစေရန် ဖြစ်အယ်။

See the chapter Copy




ဖိလိပ္ပိ 3:1
46 Cross References  

ရွှင်လန်းဝမ်းသာကြလော့၊ ခေါန်းခင်ဘုံတွင် နင်လို့ရမဲ့ ဆုဟ ကြီးအယ်။ ဟိုအရင်ခါဟ ဆိခဲ့လဲ့ ပရောဖက်လို့ဟို အေးတိုင်းတိုင်း နှိပ်စက်ခံရကြပီ။


ငါ့ဟို ကယ်တင်သောအဆှင် ဘုရားသခင်ဟို အမှီပြုယွေ့ ငါ့စိတ်ဝိညာဉ်ဟ ရွှင်လန်းပါအယ်။


အဲလိုလဲ အေးဟာ သာမကဘဲ ဘုရားသခင်ဟ ငါလို့အား ကိုယ်တော်ရဲ့ မိတ်ဆွေဖြစ်သော ငါလို့ သခင် ယေရှု ခရစ်အားဖြင့် ဘုရားသခင် ပြုသောအမှုကျောန့် ငါလို့ ဝမ်းမြောက်ကြအယ်။


နောက်ဆုံးအနေဖြင့်၊ ညီအကိုလို့ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းဟို ရောက်ကြလော့၊ နှစ်သိမ့်ခြင်းဟို ခံစားကြလော့၊ စိတ်တညီတညွတ်တည်း ဆိယွေ့ သင့်မြတ်စွာ နေကြလော့။ ချစ်ခြင်း မေတ္တာနဲ့ ငြိမ်သက်ခြင်းလို့ရဲ့ ဘုရားသခင်ဟ နင်လို့နဲ့အတူ ဆိလိမ့်မယ်။


နောက်ဆုံးမှာ၊ သခင်ဘုရားနှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ အစွမ်းသတ္တိနဲ့ဆိုင်သော တန်ခိုးအရှိန်အဝါနှိုက် လည်းကောင်း ခွန်အားနဲ့ ပြေ့စုံကြလော့။


ငါလို့ဟ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ဟို ကိုးကွယ်ယွေ့ ဇာတိပကတိနှိုက် ကိုးစားခြင်း မဆိဘဲ ယေရှု ခရစ်နှိုက်သာ ဝါကြွားဝမ်းမြောက်သောသူ ဖြစ်ယွေ့ မန်သော အရေဖျားလှီးခြင်းဟို ခံသောသူ ဖြစ်ကြအယ်။


သခင်ဘုရားနှိုက် အစဉ်အမြဲ ဝမ်းမြောက်ကြလော့။ တဖန် ငါဆိုတာဟ ဝမ်းမြောက်ကြလော့။


နောက်ဆုံးအနေဖြင့် ညီအကို မောင်နှမလို့၊ မန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာနဲ့ အသရေဆိသောအရာ တည်းဟူသော ကောင်းမြတ်သောအရာနဲ့ ချီးမွန်းဖွယ်သောအရာလို့ဖြင့် စိတ်နေလုံးဟို ပြေ့စေကြလော့။


နောက်ဆုံးအနေနဲ့ ညီအကိုလို့၊ နင်လို့ဟ ဘုရားသခင် နှစ်သက်စေရန် နင်စလိုနေထိန်ရမယ်ဟို ငါလို့ဆေမှ သင်ယူခဲ့အယ်။ အေးစာဟ သေချာပင်း နင်နေထိန်ခဲ့တဲ့ နည်းလမ်း ဖြစ်အယ်။ အားပင်း အခုလည်း သခင် ယေရှုရဲ့ နာမတော်နှိုက် နင်လို့အား ငါလို့ တောင်းပန် တိုက်တွန်းနှိုးဆော်အယ်။


အမြဲ ဝမ်းသာကြလော့၊


ငါ့ ညီအကို မောင်နှမလို့၊ နင်လို့ဟ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းနဲ့ ကြုံတွေ့ရသောအခါ ဝမ်းမြောက်စရာ သက်သက်ဖြစ်တာဟု မှတ်ယူကြလော့။


နောက်ဆုံးမှာ နင်လို့အားလုံး တစိတ်တသဘောတည်းဆိလျက် ကြင်နာတတ်သော သဘော၊ ညီအကိုချင်း ချစ်တတ်သော သဘော၊ သနားစုံမက်တတ်သော သဘောနဲ့ စိတ်နှိမ့်ချသော သဘော ဆိကြလော့။


ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခများနှိုက် ပါဝင်ရလဲ့အတွက် ဝမ်းမြောက်ကြလော့။ အေးဟာဟ ခရစ်တော်ရဲ့ ဘုန်းအသရေ ထင်ဆှားသော အချိန်နှိုက် နင်လို့ဟ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မယ်။


ချစ်လှစွာသော မိတ်ဆွေလို့၊ အခု ဟေဒုတိယစာဟို ငါ ရေးလိုက်အယ်။ ငါဟ ဟေစာ နေစောင်လုံးတွင် နင်လို့ဟို သတိပေး နှိုးဆော်ခြင်းအားဖြင့် နင်လို့ရဲ့ ဖြူစင်သော စိတ်နေလုံးဟို နိုးကြားတက်ကြွစေအယ်။


Follow us:

Advertisements


Advertisements