2 နင်လို့ဟ တစိတ်တသဘောတည်း ဆိယွေ့ စိတ်ဝမ်းမကွဲဘဲ တူညီသော မေတ္တာဆိလျက် စိတ်တလုံးတဝတည်း ဖြစ်ခြင်းအားဖြင့် ငါရဲ့ ဝမ်းမြောက်ခြင်းဟို ပြေ့စုံစေကြလော့။
မင်္ဂလာဆောင်သတို့သမီးဟို သိမ်းပိုက်ရသူဟ မင်္ဂလာဆောင်သတို့သား ဖြစ်အယ်၊ အဲလိုလဲ သတို့သားရဲ့ မိတ်ဆွေဟ အဆင်သင့်စောင့်ဆိုင်းကာ သတို့သားရဲ့ အသံဟို နားထောင်လျက်နေအယ်၊ သတို့သားရဲ့ အသံဟို ကြားသော် ရမ်းဆာ့ ဝမ်းသာအားရသလို ငါဟလည်း အခု အပြေ့အဝ ဝမ်းသာရလေပီ။
သူလို့ဟ ယေရှုနဲ့ အမေ့ဖြစ်သူ မာရိ အပါအဝင် အမျိုးသမီးလို့နဲ့ လည်းကောင်း၊ ကိုယ်တော်ရဲ့ ညီတော်လို့နဲ့ လည်းကောင်း မကြာခဏ တွေ့ဆုံယွေ့ ဆုတောင်းလျက် နေကြအယ်။
ပင်တေကုတ္တေ ပွဲတော်နေ့ ကျရောက်သောအခါ ယုံကြည်သူများ အားလုံးလို့ဟ တနေရာတည်းတွင် စုဆုံလျက် ဆိနေကြအယ်။
သူလို့ဟ နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် အတူတကွ ဆက်လက်ယွေ့ တွေ့ဆုံကြအယ်။ သူလို့ဟ မိမိလို့ နေအိုင်များတွင် နှိမ့်ချသောစိတ်ဖြင့် ဝမ်းမြောက်စွာ အတူတကွ အစာအာဟာရဟို သုံးဆောင်ကြအယ်။
တမန်တော်လို့ဟလည်း လူများဆေ့တွင် ရမ်းဆာ့ အံ့ဩဖွယ်ရာ အမှုအရာများနဲ့ နိမိတ်လက္ခဏာများဟို ပြကြအယ်။ ယုံကြည်သူအပေါင်းလို့ဟ ရှောလမုန် မုခ်ဦးတွင် စုဝေးကြအယ်။
အချင်းချင်း သဟဇာတဖြစ်အောန် နေထိန်လော့။ မာနမကြီးပါနဲ့၊ အဲလိုလဲ နိမ့်ကျသော သူလို့ဟို အပေါင်းအဖော်လုပ်ရန် ဆန္ဒဆိပါ၊ ကိုယ့်ကိုယ်ကို ပညာဆိအယ်လို့ မထင်ပါနဲ့။
ညီအကို မောင်နှမလို့၊ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ နာမဟို အမှီပြုယွေ့ နင်လို့အား တောင်းပန်အယ်။ စိတ်ဝမ်းကွဲပြားမှု မဆိစေရန် နင်လို့အား စကားအပြောအဆိုတွင် ညီညွတ်မှု ဆိကြလော့။ စိတ်ကူးတခုတည်း ရည်ရွယ်ချက် တခုတည်းဖြင့် စည်းလုံးမှု ဆိကြလော့။
နောက်ဆုံးအနေဖြင့်၊ ညီအကိုလို့ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းဟို ရောက်ကြလော့၊ နှစ်သိမ့်ခြင်းဟို ခံစားကြလော့၊ စိတ်တညီတညွတ်တည်း ဆိယွေ့ သင့်မြတ်စွာ နေကြလော့။ ချစ်ခြင်း မေတ္တာနဲ့ ငြိမ်သက်ခြင်းလို့ရဲ့ ဘုရားသခင်ဟ နင်လို့နဲ့အတူ ဆိလိမ့်မယ်။
ငါလာသောအခါ ငါ့ဟို ဝမ်းမြောက်စေရမဲ့သူများဟ ငါ့ဟို ဝမ်းနည်းစေမယ် စိုးယွေ့ ဟေအကျောန်းအရာဟို ငါရေးလိုက်ခြင်း ဖြစ်အယ်။ ငါရဲ့ ဝမ်းမြောက်ခြင်းဟ နင်လို့ဆိသမျှရဲ့ ဝမ်းမြောက်ခြင်း ဖြစ်အယ်ဟု နင်လို့အားလုံးနဲ့ ပတ်သက်ယွေ့ ငါ ယုံကြည်စိတ်ချလျက် ဆိအယ်။
တိတု ရောက်ဆိလာခြင်းအားဖြင့် သာမက နင်လို့ဆေမှ တိတု ခံစားရသော နှစ်သိမ့်မှုအားဖြင့်လည်း နင်လို့ဟို နှစ်သိမ့်ပေးလေအယ်။ သူဟ နင်လို့သည် ငါ့ဟို စလောက် တွေ့ချင်ကျောန်း၊ စလောက် ဝမ်းနည်းလျက် ဆိကျောန်း၊ ငါ့အပေါ် စိတ်အားထက်သန်လျက် ဆိကျောန်းဟို ငါ့ဟို တိတု ပြောပြသောကျောန့် ငါဟ ပိုယွေ့ ဝမ်းမြောက်အယ်။
ငါဆုတောင်းလဲ့ခါတိုင်း နင်လို့အားလုံး အတွက် ဝမ်းမြောက်သော စိတ်နဲ့ အစဉ်အမြဲ ဆုတောင်းအယ်
ခေါန်းခင်ဟို ထွန်းလင်းစေသော ကြယ်များလို နင်လို့ဟ ထွန်းလင်းရမယ်။ အဲသို့အားဖြင့် ငါဟ အကျိုးမဆိဘဲလျက် ပြေးတာ မဟုတ်၊ အကျိုးမဆိဘဲလျက် ကြိုးစားအားထုတ်တာ မဟုတ်ကျောန်းဟို ငါထောက်ယွေ့ ခရစ်တော်ရဲ့ နေ့ရက်နှိုက် ဝါကြွားဝမ်းမြောက်ခြင်း ဆိလိမ့်မယ်။
တိမောသေတဦးသာရင် ငါနဲ့ သဘောချင်းတူယွေ့ နင်လို့ရဲ့ အကျိုးဟို အမန်ပင် လိုလားသူ ဖြစ်အယ်။
ငါဟ ဧဝေါဒိနဲ့ သုန္တုတ်လို့အား သခင်ဘုရားနှိုက် တစိတ်တသဘောတည်း ဆိကြရန် တိုက်တွန်းနှိုးဆော်အယ်။
ငါဟ ကိုယ်ခန္ဓာအားဖြင့် နင်လို့နဲ့ ကွာယွေ့ နေသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် နင်လို့နဲ့အတူ ဆိတာဖြစ်ယွေ့ နင်လို့ဟ လျောက်ပတ်စွာ ပြုပြင်တတ်တာဟို လည်းကောင်း၊ ခရစ်တော်နှိုက် ယုံကြည်ခြင်း ခိုင်မာတာဟို လည်းကောင်း မျော်ရင် ဝမ်းမြောက်ခြင်း ဆိအယ်။
သခင်ဘုရားချစ်သော ညီအကိုလို့၊ နင်လို့အတွက် အချိန်တိုင်း ဘုရားသခင်ဟို ကျေးဇူးတင်ရမယ်။ အကျောန်းမှာ ဘုရားသခင်ဟ နင့်အား သူရဲ့ သန့်ဆှင်းမြင့်မြတ်သော လူမျိုးဖြစ်စေရန်နဲ့ သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် နင့်အား ဝိညာဉ်တော်ရဲ့ တန်ခိုးဖြင့် ကယ်တင်ခြင်းဟို ရောက်မယ့် ဦးရင်ဆုံးသူအဖြစ် ဘုရားသခင် ရွေးချယ်ခဲ့အယ်။
ငါဟ နင်ရဲ့ မျက်ရည်များဟို အောက်မေ့သဖြင့် ဝမ်းမြောက်ခြင်းနဲ့ ပြေ့ဝမဲ့အကျောန်း နင်နဲ့ တွေ့နိန်ရန် တောင့်တနေအယ်။
အဲလိုမို့ ငါ့ညီ၊ ငါဟ သခင်ဘုရားနှိုက် နင့်ဆေမှ အကျိုးကျေးဇူးဟို ရဆိလိုအယ်။ ခရစ်တော်အားဖြင့် ငါ့ရဲ့စိတ်နေလုံးဟို ငြိမ်သက်ချမ်းသာစေပါလော့။
နင်ရဲ့ လူပဲ့သငယ်အချို့လို့ဟ ခမည်းတော် ဘုရားဆေမှ ငါလို့ ခံယူရဆိသော ပညတ်တော်အတိုင်း သမ္မာတရားနှိုက် အသက်ဆှင် ဆော့က်လှမ်းနေကြတာဟို တွေ့ရသဖြင့် ငါ ရမ်းဆာ့ ဝမ်းမြောက်အယ်။
ငါ့လူပဲ့သငယ်လို့ဟ သမ္မာတရားနှိုက် အသက်ဆှင် ဆော့က်လှမ်းနေကျောန်းဟို ကြားရတာထက် ဝမ်းမြောက်စရာ ကောင်းသော အရာဟ ငါနှိုက် မဆိ။