32 ‘ငါဟ နင့်ဖိုးဖေးလို့ရဲ့ ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်လို့ရဲ့ ဘုရား ဖြစ်အယ်’ ဟု ထာဝရဘုရားရဲ့ အသံတော်ဟို ကြားရအယ်။ မောရှေဟ တုန်လှုပ်လျက် မကျေ့ရဲဘဲ နေအယ်။