7 တပတ်ရဲ့ ပထမ စနေနေ့ညနေမှာ မိတ်သဟာယ စားပွဲအတွက် ငါလို့အတူတကွ စုရုံးခဲ့အယ်။ ပေါလုဟ နောက်တနေ့ မထွက်သွားခင် အချိန်ထိ သူဟ လူများနဲ့ ညသခေါင်အချိန်တိုင်အောန် စကားပြောလျက် နေလေအယ်။