1 ချစ်လှစွာသော မိတ်ဆွေလို့၊ အခု ဟေဒုတိယစာဟို ငါ ရေးလိုက်အယ်။ ငါဟ ဟေစာ နေစောင်လုံးတွင် နင်လို့ဟို သတိပေး နှိုးဆော်ခြင်းအားဖြင့် နင်လို့ရဲ့ ဖြူစင်သော စိတ်နေလုံးဟို နိုးကြားတက်ကြွစေအယ်။