ဗျာဒိတ် 2:14 - မြန်မာ့စံမီသမ္မာကျမ်14 သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။ See the chapterMyanmar Common Language Zawgyi Version14 သို့ရာတွင်သင်တို့အထဲတွင်ဗာလမ်၏အယူ ဝါဒကိုလိုက်လျှောက်သူများရှိနေသဖြင့် သင့်အားအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ ဣသရေလအမျိုးသားတို့သည်ရုပ်တုပူဇော် ရာအစားအစာများကိုစားကြစေရန်နှင့် ကာမဂုဏ်ကိုလိုက်စားကြစေရန်ဗာလမ်က ဗာလက်မင်းအားသင်ကြားပေး၏။- See the chapterJudson Bible in Zawgyi Version14 သို့သော်လည်း ဣသရေလအမျိုးသားတို့သည် ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှာ လည်းကောင်း၊ မတရားသော မေထုန်ကို ပြုစေခြင်းငှာလည်းကောင်း ၊ ထိမိ၍ လဲစရာအရာကို သူတို့ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကို အကြံပေးသောသူတည်းဟူသော ဗာလမ်၏အယူကို စွဲလမ်းသောသူတို့သည် သင်၏နေရာ၌ရှိကြသည်ဖြစ်၍၊ သင်၌ အနည်းငယ်သောအပြစ်တင်စရာ ရှိ၏။- See the chapter |