Biblia Todo Logo
Online Bible

- Advertisements -




ဖိ​လိပ္ပိ 4:13 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ငါ့​ကို​ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော​အရှင်​အားဖြင့် ခပ်သိမ်း​သော​အမှု​တို့​ကို ငါ​တတ်စွမ်း​နိုင်​၏။

See the chapter Copy

Myanmar Common Language Zawgyi Version

13 ခ​ရစ်​တော်​ထံ​မှ​ရ​ရှိ​သည့်​စွမ်း​ရည်​အား​ဖြင့် ငါ​သည်​မည်​သည့်​အ​ခြေ​အ​နေ​မျိုး​ကို​မ​ဆို ရင်​ဆိုင်​နိုင်​၏။

See the chapter Copy

Judson Bible in Zawgyi Version

13 ငါ့​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော ခ​ရစ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်၏။-

See the chapter Copy




ဖိ​လိပ္ပိ 4:13
12 Cross References  

မ​ကြောက်​နှင့်​၊ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ မ​စိုးရိမ်​နှင့်​။ ငါ​သည် သင်​၏​ဘုရားသခင်​ဖြစ်​၏​။ အကယ်စင်စစ် သင့်​ကို ခိုင်ခံ့​စေ​မည်​။ သင့်​ကို ကူညီမစ​မည်​။ ငါ​၏​ဖြောင့်မတ်​သော​လက်ယာ​လက်​ဖြင့် သင့်​ကို ငါ​ထောက်မ​မည်​။


“​ထာဝရဘုရား​၌​သာ ဖြောင့်မတ်​ခြင်း​ရှိ​၏​။ အစွမ်းသတ္တိ​ရှိ​၏​”​ဟု ငါ့​အား ပြောဆို​ကြ​လိမ့်မည်​။ သူ​တို့​သည် ကိုယ်တော်​ထံသို့​လာ​ကြ​လိမ့်မည်​။ ကိုယ်တော့်​ကို​အမျက်ထွက်​သော​သူ​အပေါင်း​တို့​မူကား အရှက်ကွဲ​ရ​လိမ့်မည်​။


ကိုယ်တော်​က​လည်း“လာ​ခဲ့​လော့”​ဟု မိန့်​တော်မူ​ရာ ပေတရု​သည် လှေ​မှ​ဆင်း​၍ ရေ​ပေါ်​လမ်းလျှောက်​လျက် ယေရှု​ထံသို့​သွား​လေ​၏။


သင်​တို့​သည် ငါ​၌​တည်​နေ​၍ ငါ့​စကား​တို့​သည် သင်​တို့​၌​တည်​နေ​လျှင် သင်​တို့​လိုချင်​သမျှ​တို့​ကို တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​အတွက် ပြည့်စုံ​စေ​တော်မူ​လိမ့်မည်။


ဘုရားသခင်​သည် မိမိ​ဘုန်း​အသရေ​တော်​၏​ကြွယ်ဝ​မှု​နှင့်အညီ မိမိ​၏​ဝိညာဉ်​တော်​အားဖြင့် သင်​တို့​၏​အတွင်း​ဝိညာဉ်​လူ​ကို တန်ခိုး​နှင့်တကွ ကြံ့ခိုင်​သန်စွမ်း​စေ​တော်မူ​၍


နောက်ဆုံး​အနေဖြင့်​ဆို​ရ​လျှင် သခင်​ဘုရား​၌​လည်းကောင်း၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်ဆိုင်သော တန်ခိုး​အရှိန်အဝါ​၌​လည်းကောင်း ခွန်အား​နှင့်​ပြည့်စုံ​ကြ​လော့။


ထို့ပြင် သင်​တို့​သည် ကိုယ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော တန်ခိုး​အရှိန်အဝါ​နှင့်အညီ တန်ခိုး​တော်​ရှိသမျှ​တို့​ဖြင့် အားဖြည့်​ခြင်း​ကို​ခံရ​လျက် သည်းခံ​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​အပြည့်အဝ​ရှိ​သဖြင့်


ငါ့​ကို ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော ငါ​တို့​သခင်​ခရစ်တော်​ယေရှု​၏​ကျေးဇူး​တော်​ကို ငါ​ချီးမွမ်း​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် ငါ့​ကို​အမှု​တော်​လုပ်ငန်း​အတွက်​ခန့်ထား​၍ သစ္စာရှိ​သော​သူ​အဖြစ်​မှတ်ယူ​တော်မူ​သောကြောင့်​ဖြစ်​၏။


Follow us:

Advertisements


Advertisements