ဖိလိပ္ပိ 2:2 - မြန်မာ့စံမီသမ္မာကျမ်2 တစ်စိတ်တစ်သဘောတည်းရှိ၍ စိတ်ဝမ်းမကွဲဘဲ တူညီသောမေတ္တာရှိလျက် စိတ်တစ်လုံးတစ်ဝတည်းဖြစ်ခြင်းအားဖြင့် ငါ၏ဝမ်းမြောက်ခြင်းကို ပြည့်စုံစေကြလော့။ See the chapterMyanmar Common Language Zawgyi Version2 သို့ဖြစ်၍သင်တို့သည်တစ်စိတ်တစ်ဝမ်းတည်းရှိ ခြင်း၊ အချင်းချင်းချစ်ခြင်း၊ စိတ်သဘောတညီ တညွတ်တည်းရှိခြင်းအားဖြင့်ငါ့အားအကြွင်း မဲ့ဝမ်းမြောက်စေကြလော့။- See the chapterJudson Bible in Zawgyi Version2 သင်တို့သည် အချင်းချင်းချစ်ကြ၍၊ စိတ်မကွဲပြားဘဲ တစ်လုံးတစ်ဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘောတညီတညွတ်တည်း ရှိသောအားဖြင့်၊ ငါဝမ်းမြောက်စရာအကြောင်းကို စုံလင်စေကြလော့။- See the chapter |
တိတုရောက်ရှိလာခြင်းအားဖြင့်သာမက သင်တို့ထံမှ တိတုခံစားရသောနှစ်သိမ့်မှုအားဖြင့်လည်း ငါတို့ကို နှစ်သိမ့်ပေးတော်မူ၏။ တစ်နည်းဆိုသော် သင်တို့သည် ငါ့ကိုလွမ်းဆွတ်နေကြောင်း၊ အလွန်ဝမ်းနည်းနေကြောင်းနှင့် ငါ့အပေါ်စေတနာစိတ်ထက်သန်လျက်ရှိကြောင်းကို ငါတို့အား တိတုပြောပြသောကြောင့် ငါသည် ပို၍ဝမ်းမြောက်၏။
သို့သော် သခင်ဘုရားချစ်တော်မူသောညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်သင့်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ သမ္မာတရားကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိရန်အတွက် ဘုရားသခင်သည် သင်တို့ကို အသီးဦးအဖြစ် ရွေးကောက်တော်မူသောကြောင့်ဖြစ်၏။