ဖိလိပ္ပိ 1:15 - မြန်မာ့စံမီသမ္မာကျမ်15 အချို့တို့သည် မလိုမုန်းထားစိတ်နှင့် ပဋိပက္ခဖြစ်စေလိုသောစိတ်တို့ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ အချို့တို့မူကား စေတနာစိတ်ဖြင့် ဟောပြောကြ၏။ See the chapterMyanmar Common Language Zawgyi Version15 အချို့သောသူတို့သည်မနာလိုသောစိတ်၊ ရန်တွေ့ လိုသောစိတ်နှင့်ခရစ်တော်အကြောင်းကိုဟော ပြောကြ၏။ အချို့သောသူတို့မူကားစေတနာ စိတ်နှင့်ဟောပြောကြပေသည်။- See the chapterJudson Bible in Zawgyi Version15 လူအချို့တို့သည် ငြူစူရန်တွေ့ချင်သောသဘောနှင့် ခရစ်တော်၏တရားကို ဟောပြောကြ၏။ အချို့တို့သည် စေတနာစိတ်နှင့် ဟောပြောကြ၏။- See the chapter |
ငါရောက်လာသောအခါ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့ကို ငါတွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရသကဲ့သို့ ငါ့ကိုလည်း သင်တို့တွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရမည်ကိုလည်းကောင်း၊ ပဋိပက္ခဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ အတင်းအဖျင်းပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းများ ရှိမည်ကိုလည်းကောင်း ငါစိုးရိမ်၏။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။