ဖိလိပ္ပိ 4:12 - Myanmar Common Language Zawgyi Version12 ငါသည်ငတ်မွတ်သည်ဖြစ်စေ၊ ဝစွာစားရ သည်ဖြစ်စေ၊ ချို့တဲ့မှုရှိသည်ဖြစ်စေ၊ ပိုလျှံ မှုရှိသည်ဖြစ်စေ၊ မည်သည့်အခြေအနေ၊ မည်သည့်အရပ်၌နေရသည်မဆိုကျေနပ် ရောင့်ရဲတတ်ရန်သင်ယူထားပြီးဖြစ်၏။- See the chapterမြန်မာ့စံမီသမ္မာကျမ်12 နှိမ့်ချခံရခြင်းကိုငါသိ၍ ကြွယ်ဝခြင်းကိုလည်းငါသိ၏။ ဝပြောသည်ဖြစ်စေ၊ ဆာလောင်သည်ဖြစ်စေ၊ ကြွယ်ဝပြည့်စုံသည်ဖြစ်စေ၊ ဆင်းရဲနွမ်းပါးသည်ဖြစ်စေ အခြေအနေတိုင်းနှင့်အရာရာတိုင်း၌ နေတတ်သည့်လျှို့ဝှက်ချက်ကို ငါသင်ယူခဲ့ပြီ။ See the chapterJudson Bible in Zawgyi Version12 ရှုတ်ချခြင်းကိုလည်းကောင်း၊ ကြွယ်ဝခြင်းကိုလည်းကောင်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။- See the chapter |
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ထံတော်မှ ထွက်ခွာခဲ့ကြသော်လည်း၊ မကြာမီအခါ၌ပင်အထံတော်သို့ပြန်လာရန် နောင်တရပါ၏။ ကိုယ်တော်ရှင်ဆုံးမတော်မူခြင်းကိုနားလည်ပြီး နောက် ကျွန်တော်မျိုးတို့သည်ရင်ကိုထုလျက် ဝမ်းနည်းကြေကွဲလျက်နေကြပါ၏။ ကျွန်တော်မျိုးတို့သည်ငယ်စဉ်အခါက အပြစ်ပြုခဲ့ကြသောကြောင့် အရှက်ရ၍အသရေပျက်ရကြပါ၏။'