ဖိလိပ္ပိ 1:19 - Myanmar Common Language Zawgyi Version19 အဘယ်ကြောင့်ဆိုသော်သင်တို့၏ဆုတောင်း ပတ္ထနာကြောင့်လည်းကောင်း၊ ယေရှုခရစ်ဝိညာဉ် တော်၏ကူညီစောင်မမှုကြောင့်လည်းကောင်း ငါသည်ဤအနှောင်အဖွဲ့မှလွတ်မြောက်မည် ဟုငါသိသောကြောင့်ဖြစ်၏။- See the chapterမြန်မာ့စံမီသမ္မာကျမ်19 အဘယ်ကြောင့်ဆိုသော် သင်တို့၏ဆုတောင်းခြင်းများနှင့် ယေရှုခရစ်တော်၏ဝိညာဉ်တော်ထံမှလာသော ကူညီမစခြင်းအားဖြင့် ဤအခြင်းအရာသည် ငါ၏လွတ်မြောက်ရာအကြောင်းဖြစ်မည်ဟု ငါသိ၏။ See the chapterJudson Bible in Zawgyi Version19-20 အဘယ်သို့နည်း ဟူမူကား၊ ငါသည် အလျှင်းရှက်ကြောက်ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့်ပြည့်စုံ၍ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့ကိုယ်ခန္ဓာ၌ ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှား တော်မူသကဲ့သို့၊ ယခုပင် ထင်ရှားတော်မူမည်ဟု ငါမျှော်လင့်အားကြီး၍ တောင့်တသည်နှင့်အညီ သင်တို့ ဆုတောင်းသဖြင့်လည်းကောင်း၊ ယေရှုခရစ်၏ ဝိညာဉ်တော် မစသဖြင့်လည်းကောင်း၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာ ဖြစ်မည်ဟု ငါသိ၏။- See the chapter |
သို့ရာတွင်ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌အကယ်ပင်ကျိန်းဝပ်တော်မူ လျှင် သင်တို့သည်ဇာတိသဘောလှုံ့ဆော်သည့် အတိုင်းမဟုတ်ဘဲဝိညာဉ်တော်သွန်သင်သည့် အတိုင်းပြုမူကျင့်ကြံ၏။ ခရစ်တော်၏ဝိညာဉ် တော်မကျိန်းဝပ်သောသူသည်ခရစ်တော်နှင့် မည်သို့မျှမသက်ဆိုင်။-
ထိုအကြောင်းကြောင့်ငါသည်တိမောသေကို သင်တို့ထံသို့စေလွှတ်လိုက်ပါမည်။ သူသည် ခရစ်ယာန်သက်တမ်း၌ ငါချစ်မြတ်နိုး၍သစ္စာ ရှိသောသားဖြစ်ပါ၏။ သူသည်ငါလိုက်လျှောက် ကျင့်သုံးသောအရပ်ရပ်ရှိအသင်းတော် အပေါင်းတို့အား ငါဟောပြောသွန်သင်ခဲ့သော၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်သော ဘဝသစ်လမ်းစဉ်ကို သင်တို့အားပြန်လည် သတိရစေပါလိမ့်မည်။
ယင်းဆုကျေးဇူးသည်အဘယ်အခါကာလ ၌လည်းကောင်း၊ အဘယ်ပုံအဘယ်နည်းဖြင့် လည်းကောင်းပေါ်ပေါက်လာမည်ကိုသိရှိနိုင် ရန်လည်းကြိုးစား၍ရှာဖွေစုံစမ်းခဲ့ကြ၏။ သူတို့အထဲ၌သက်ဝင်လှုပ်ရှားလျက်ရှိ သောခရစ်တော်၏ဝိညာဉ်တော်က ဤအခါ ကာလတွင်ခရစ်တော်ခံရမည့်ဝေဒနာ ကိုလည်းကောင်း၊ ထိုသို့ခံတော်မူပြီးနောက် ဝင်စားရမည့်ဘုန်းအသရေကိုလည်း ကောင်းကြိုတင်ဖော်ပြခဲ့ပေသည်။-