တောလည်ရာ 1:1 - Myanmar Common Language Zawgyi Version1 ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည် မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့ရက်တွင်ထာဝရဘုရားသည် သိနာ တောကန္တာရရှိစံတော်မူရာတဲတော်၌မောရှေ အားအောက်ပါအတိုင်းမိန့်တော်မူ၏။- See the chapterမြန်မာ့စံမီသမ္မာကျမ်1 အစ္စရေးအမျိုးသားတို့သည် အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့၌ သိနာတောကန္တာရ၊ တွေ့ဆုံစည်းဝေးရာတဲတော်တွင် ထာဝရဘုရားက မောရှေအား See the chapterJudson Bible in Zawgyi Version1 ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တုပြည်မှထွက်၍ ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့၌ သိနာတောတွင် ပရိသတ်စည်းဝေးရာတဲတော်မှာ ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ See the chapter |
ထာဝရဘုရားသည် စံတော်မူရာတဲတော် ထဲမှမောရှေကိုဆင့်ခေါ်၍ ဣသရေလအမျိုး သားတို့ယဇ်ပူဇော်ရာတွင်လိုက်နာရန် အောက် ဖော်ပြပါပြဋ္ဌာန်းချက်များကိုချမှတ်ပေး တော်မူသည်။ တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်ကိုယဇ် ပူဇော်သည့်အခါ မိမိနွားအုပ်ထဲမှဖြစ်စေ၊ သိုးအုပ်သို့မဟုတ်ဆိတ်အုပ်ထဲမှဖြစ်စေ တိရစ္ဆာန်တစ်ကောင်ကိုပူဇော်ရမည်။-
ဒုတိယလ၊ ပထမနေ့ရက်တွင်ဣသရေလ အမျိုးသားအားလုံးကိုစုရုံးလာစေ၍ သား ချင်းစုနှင့်မိသားစုအလိုက်စာရင်းကောက် ယူလေသည်။ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းအသက်နှစ်ဆယ်နှင့်အထက်အရွယ် ရှိသောအမျိုးသားအားလုံးတို့ကို စာရင်း ကောက်၍မှတ်တမ်းတင်လေသည်။ မောရှေ သည်သိနာတောကန္တာရထဲတွင်လူများ ကိုစာရင်းကောက်ယူခဲ့၏။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုခဲ့လေသမျှကိုအဘယ်သို့ကောင်း ချီးပေးတော်မူခဲ့သည်ကို သတိရကြလော့။ ဤကျယ်ပြန့်သောတောကန္တာရကိုလှည့်လည်ဖြတ် သန်းရာခရီး၌ သင်တို့ကိုစောင့်ရှောက်တော်မူ ခဲ့ပြီ။ ကိုယ်တော်သည်နှစ်ပေါင်းလေးဆယ်ပတ် လုံးသင်တို့နှင့်အတူရှိတော်မူသဖြင့် သင် တို့လိုအပ်သမျှကိုရရှိခဲ့ကြပြီ။''