Biblia Todo Logo
Online Bible

- Advertisements -




ယေ​ရ​မိ 39:3 - Myanmar Common Language Zawgyi Version

3 (ယေ​ရု​ရှ​လင်​မြို့​ကို​သိမ်း​ယူ​ရ​ရှိ​သော​အ​ခါ နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ၊ သံ​ဂါ​နေ​ဗော၊ စာ​သ​ခိမ် နှင့်​အ​ခြား​နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ​တို့​အ​ပါ အ​ဝင်​ဗာ​ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​တို့​သည် အ​လယ်​တံ​ခါး​သို့​လာ​၍​ထိုင်​ကြ​၏။)

See the chapter Copy

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ထိုအခါ ဘေဘီလုံ​ဘုရင်​၏​မှူးမတ်​များ​ဖြစ်​ကြ​သော နေရဂါလရှရေဇာ​၊ သံဂါနေဗော​၊ ရာဗသာရိပ်​စာသခိမ်​၊ ရာမက်​နေရဂါလရှရေဇာ​နှင့် ဘေဘီလုံ​ဘုရင်​၏​အခြား​မှူးမတ်​အပေါင်း​တို့​သည် မြို့​ထဲသို့​ဝင်လာ​၍ အလယ်​တံခါးဝ​၌ နေရာယူ​ကြ​၏​။

See the chapter Copy

Judson Bible in Zawgyi Version

3 ရွှေ​ဓား​ဝန် နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ၊ မိန်း​မ​စိုး​အုပ် စာ​သ​ခိမ်၊ မာ​ဂု​ပ​ညာ​ရှိ​အုပ် နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ တည်း​ဟူ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ မှူး​မတ်​အ​စ​ရှိ​သော မှူး​တော်​မတ်​တော်​အ​ပေါင်း​တို့​သည် မြို့​ထဲ​သို့​ဝင်၍၊ အ​လယ်​ချက် တံ​ခါး​ဝ၌ ထိုင်​ကြ၏။

See the chapter Copy




ယေ​ရ​မိ 39:3
6 Cross References  

ဗာ​ဗု​လုန်​မြို့​သား​တို့​က​သု​ကုတ်​ဗေ​နုတ် ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း၊ ကု​သ မြို့​သား​တို့​က​နေ​ရ​ဂါ​လ​ဘု​ရား​ရုပ်​တု များ​ကို​လည်း​ကောင်း၊ ဟာ​မတ်​မြို့​သား​တို့​က အ​ရှိ​မ​ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း၊-


ငါ​သည်​မြောက်​အ​ရပ်​ရှိ​လူ​မျိုး​တ​ကာ​ကို ခေါ်​ယူ​လျက်​နေ​၏'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။ သူ​တို့​၏​ဘု​ရင်​များ​သည်​လာ​၍ မိ​မိ​တို့​ရာ​ဇ​ပလ္လင်​ကို ယေ​ရု​ရှ​လင်​မြို့​ပတ် လည်​နှင့်​မြို့​တံ​ခါး​များ​အ​နီး​၌​လည်း ကောင်း၊ ယု​ဒ​မြို့​တို့​၏​ပတ်​ဝန်း​ကျင်​၌​လည်း ကောင်း​တည်​ထား​ကြ​လိမ့်​မည်။-


``ငါ​သည်​မြို့​ရိုး​ကို​ဝိုင်း​ရံ​သည့်​ဗာ​ဗု​လုန် ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို​တိုက်​ခိုက်​ရန် ဇေ​ဒ​ကိ​အ​သုံး​ပြု​လျက်​ရှိ​သည့်​လက်​နက် တို့​ကို​ဆုံး​ရှုံး​စေ​မည်။ ထို​နောက်​သူ​တို့ ကို​မြို့​လယ်​တွင်​စု​ဝေး​စေ​မည်။-


ထို​အ​ခါ​ငါ​သည်​ဇေ​ဒ​ကိ​မင်း​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က `သင်​သည်​ဗာ ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​တို့​ထံ​တွင်​လက်​နက် ချ​ပါ​မူ​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်။ ဤ မြို့​သည်​လည်း​မီး​လောင်​ကျွမ်း​ရ​လိမ့်​မည်​မ ဟုတ်။ သင်​နှင့်​သင်​၏​အိမ်​ထောင်​စု​သား​များ ပါ​အ​သက်​ချမ်း​သာ​ကြ​လိမ့်​မည်။-


သို့​ဖြစ်​၍​နေ​ဗု​ဇာ​ရ​ဒန်​နှင့်​အ​မတ်​ကြီး တစ်​ဦး​ဖြစ်​သူ​နေ​ဗု​ရှာ​ဇ​ဗန်၊ အ​ခြား​အမတ် ကြီး​နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ​အ​စ​ရှိ​သည့် ဗာ​ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​အ​ပေါင်း​တို့​သည်၊-


သူ​တို့​၏​မြင်း​များ​ကြောင့်​လွင့်​တက်​လာ​သော မြေ​မှုန့်​တို့​သည်​သင့်​အား​ဖုံး​လွှမ်း​လိမ့်​မည်။ မြို့​တွင်း​သို့​လူ​များ​ဝင်​သ​ကဲ့​သို့​ပျက်​စီး နေ​သော​မြို့​၏​တံ​ခါး​များ​ကို​ဖြတ်​၍ မြင်း များ​လှည်း​ဆွဲ​သံ၊ စစ်​မြင်း​ရ​ထား​ဆွဲ​သံ တို့​သည်​သင်​၏​မြို့​ရိုး​များ​ကို​တုန်​လှုပ် စေ​လိမ့်​မည်။-


Follow us:

Advertisements


Advertisements