ယေရမိ 26:8 - Myanmar Common Language Zawgyi Version8 မိမိအားထာဝရဘုရားမိန့်မှာတော်မူသမျှ ကိုငါပြန်ကြားပြောဆိုပြီးသည်နှင့်တစ်ပြိုင် နက်သူ၏ပုရောဟိတ်များ၊ ပရောဖက်များ နှင့်ပြည်သူတို့သည်ငါ့အားဆွဲကိုင်ဖမ်းဆီး ကာ``သင်သည်ဤစကားတို့ကိုပြောဆိုသည့် အတွက်သေဒဏ်ခံထိုက်၏။- See the chapterမြန်မာ့စံမီသမ္မာကျမ်8 ယေရမိသည် ထာဝရဘုရားမိန့်မှာတော်မူသောစကားအလုံးစုံတို့ကို ပြည်သူပြည်သားအပေါင်းတို့အား ဆင့်ဆိုပြီးသောအခါ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့် လူအပေါင်းတို့သည် သူ့ကိုဖမ်းဆီး၍ “သင်သည် မုချသေရမည်။ See the chapterJudson Bible in Zawgyi Version8 လူများအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှာ၊ ထာဝရဘုရားမှာထားတော်မူသမျှသော စကားတော်ကို အကုန်အစင် ဟောပြောပြီးမှ၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူများအပေါင်းတို့သည် ယေရမိကိုဖမ်းဆီး၍၊ သင်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ See the chapter |
ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုး အားသတ်ဖြတ်ရန် ရန်သူတို့ပြုသည့်လျှို့ဝှက် သောအကြံအစည်များကိုကိုယ်တော်ရှင် သိတော်မူပါ၏။ သူတို့၏ဆိုးညစ်မှုကို ခွင့်လွှတ်တော်မမူပါနှင့်။ သူတို့အားမိမိ တို့၏အပြစ်များမှလွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မမူပါနှင့်။ သူတို့အားအရေးရှုံး နိမ့်စေတော်မူပါ။ အမျက်တော်ထွက်ချိန်၌ သူတို့အားဆုံးမစီရင်တော်မူပါ'' ဟု လျှောက်၏။