Biblia Todo Logo
Online Bible

- Advertisements -




ယေ​ရ​မိ 26:7 - Myanmar Common Language Zawgyi Version

7 ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​နှင့်​ပြည် သူ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်​ထဲ​၌​ငါ​ဆင့် ဆို​ဟော​ပြော​သည့်​ထို​စ​ကား​တို့​ကို​ကြား ကြ​၏။-

See the chapter Copy

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​ထဲ၌ ယေရမိ​ဆင့်ဆို​သော စကား​ကို ကြား​ကြ​၏​။

See the chapter Copy

Judson Bible in Zawgyi Version

7 ထို​စ​ကား​ကို ဗိ​မာန်​တော်၌ ယေ​ရ​မိ​ဟော​ပြော​သည်​ကို ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ၊ လူ​များ​အ​ပေါင်း​တို့​သည် ကြား​ကြ၏။

See the chapter Copy




ယေ​ရ​မိ 26:7
8 Cross References  

ပ​ရော​ဖက်​တို့​သည်​မှန်​သော​စ​ကား​ကို​မ​ပြော ကြ။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ရော​ဖက်​အ​မိန့် ပေး​သည်​အ​တိုင်း​အုပ်​စိုး​ကြ​၏။ ငါ​၏​လူ​မျိုး တော်​က​လည်း​ဤ​သို့​ပြု​ကျင့်​မှု​တို့​ကို​မ​ကန့် ကွက်​ကြ။ သို့​ရာ​တွင်​သူ​တို့​သည်​နောက်​ဆုံး တစ်​နေ့​၌​အ​ဘယ်​သို့​ပြု​ကြ​မည်​နည်း။


မြို့​ကို​အုပ်​ချုပ်​သူ​တို့​သည်​တံ​စိုး​လက်​ဆောင် စား​၍​အုပ်​ချုပ်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့ သည်​အ​ခ​ကြေး​ငွေ​ယူ​၍​စီ​ရင်​ဆုံး​ဖြတ် ကြ​၏။ ပ​ရော​ဖက်​တို့​သည်​ငွေ​ယူ​၍​ဗျာ​ဒိတ် တော်​ကို​ဖွင့်​ပြ​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့ က​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဟု​ဆို​ကြ​၏။ သူ​တို့​က``ငါ တို့​တွင်​ဘေး​ဥ​ပဒ်​မ​ရောက်​နိုင်၊ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သည်'' ဟု​ပြော​ကြ​၏။


ပ​ရော​ဖက်​တို့​သည်​တာ​ဝန်​မဲ့​ပြု​လုပ်​တတ် သည့်​သစ္စာ​ဖောက်​များ​ဖြစ်​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​တို့​က​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​ညစ် ညမ်း​စေ​၍ ဘု​ရား​သ​ခင်​၏​ပညတ်​တ​ရား တော်​ကို​မိ​မိ​တို့​အ​ကျိုး​ရှိ​ရာ​ရှိ​ကြောင်း လှည့်​ကွက်​ဆင်​၍​အ​နက်​အ​ဋ္ဌိပ္ပါယ်​ပြန်​ဆို ကြ​၏။-


ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​ကို​မြင်​၍ ``ဒါ​ဝိဒ်​၏​သား​တော် အား​ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​လော့'' ဟု​ဗိ​မာန် တော်​ထဲ​တွင်​က​လေး​သူ​ငယ်​တို့​ဟစ်​အော်​နေ သည်​ကို​ကြား​ကြ​သော​အ​ခါ​အ​မျက်​ထွက် လျက်၊-


ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​သူ​၏​နောက် လိုက်​များ​ဖြစ်​သော ဒေ​သ​ဆိုင်​ရာ​ဇဒ္ဒု​ကဲ​ဂိုဏ်း ဝင်​များ​သည် တ​မန်​တော်​တို့​ကို​လွန်​စွာ​မ​နာ လို​ဝန်​တို​စိတ်​ရှိ​လာ​ကြ​သ​ဖြင့် သူ​တို့​ကို အ​ရေး​ယူ​ရန်​ဆုံး​ဖြတ်​ကြ​၏။-


Follow us:

Advertisements


Advertisements