ဖိလိပ္ပိ 2:29 - Judson Bible in Zawgyi Version29 သို့ဖြစ်၍ သခင်ဘုရားကို ထောက်လျက်၊ ဝမ်းမြောက်သောစိတ်နှင့် သူ့ကိုလက်ခံကြလော့။ ထိုသို့သောသူတို့ကို ရိုသေလေးမြတ်ကြလော့။- See the chapterမြန်မာ့စံမီသမ္မာကျမ်29 သို့ဖြစ်၍ ဝမ်းမြောက်ခြင်းအပြည့်အဝဖြင့် သခင်ဘုရား၌ သူ့ကိုလက်ခံကြလော့။ ဤသို့သောသူတို့ကို ရိုသေလေးစားကြလော့။ See the chapterMyanmar Common Language Zawgyi Version29 သင်တို့သည်သူ့အားခရစ်ယာန်ညီအစ်ကိုတစ်ဦး အနေဖြင့်ဝမ်းမြောက်စွာကြိုဆိုကြလော့။ ထိုသို့ သောသူတို့ကိုရိုသေလေးစားကြလော့။- See the chapter |
သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကို ခံရသောသူကဲ့သို့၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှာ စောင့်နေကြ၏။ သင်တို့အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍၊ သူတို့သည် စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။-
ထိုကြောင့်၊ ငါလာသောအခါ သူသည် မိမိပြုသောအမှုကို မိမိသတိရစေခြင်းငှာ ငါပြုမည်။ ထိုသူသည်၊ ငြူစူသောစကားနှင့် ငါတို့ကို ကဲ့ရဲ့သည်သာမက၊ ကဲ့ရဲ့ခြင်းနှင့် စိတ်မပြေဘဲလျက်၊ ညီအစ်ကိုတို့ကို ကိုယ်တိုင်လက်မခံ၊ လက်ခံချင်သောသူတို့ကိုလည်း မြစ်တား၍၊ အသင်းတော်ထဲက နှင်ထုတ်တတ်၏။-