ဖိလိပ္ပိ 1:3 - Judson Bible in Zawgyi Version3-5 ငါသည် ဆုတောင်းပတ္ထနာပြုသော အခါခါ၊ ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဖို့ကို အစဉ် ဆုတောင်းပတ္ထနာပြုလျက်၊ သင်တို့ကို အောက်မေ့သောအခါခါ၊ သင်တို့သည် ရှေ့ဦးစွာသောနေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂလိတရားကို ဆက်ဆံ၍ ခံစားကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။- See the chapterမြန်မာ့စံမီသမ္မာကျမ်3 ငါသည် သင်တို့ကိုသတိရသည့်အခါတိုင်း ငါ၏ဘုရားသခင်ကို ကျေးဇူးတင်လျက် See the chapterMyanmar Common Language Zawgyi Version3 သင်တို့အကြောင်းကိုသတိရသည့်အခါတိုင်း ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။- See the chapter |
သင်၏မျက်ရည်ကို ငါအောက်မေ့သောအခါ၊ ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမည်အကြောင်း၊ သင့်ကို တွေ့မြင်ခြင်းငှာ အလွန်လွမ်းသောစိတ် ရှိသဖြင့်လည်းကောင်း၊ သင်၏အဖွားလောဣ၊ အမိဥနိတ်၌ အရင်တည်သော ယုံကြည်ခြင်းတည်းဟူသော၊ ငါသဘောကျသည်အတိုင်း၊ သင်၌လည်းတည်သော ယုံကြည်ခြင်းစစ်ကို မှတ်မိသဖြင့်လည်းကောင်း၊ နေ့ညမပြတ်ဆုတောင်း ပတ္ထနာပြုသည်တွင်၊ သင့်ကို မခြားမလပ် အောက်မေ့သည်ဖြစ်၍၊ ငါ့ဘိုးဘေးကိုးကွယ်သည်အတိုင်း၊ ကိုယ်ကိုကိုယ်သိသော စိတ် စင်ကြယ်ခြင်းနှင့်တကွ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်း၏။