ဖိလိပ္ပိ 1:25 - Judson Bible in Zawgyi Version25-26 ထိုသို့ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍၊ သင်တို့ရှိရာသို့ ငါတစ်ဖန် ရောက်လာသောအားဖြင့်၊ သင်တို့သည် ယေရှုခရစ်ကိုအမှီပြု၍ ငါ့အတွက်ကြောင့် သာ၍ ဝါကြွားဝမ်းမြောက်ခြင်း ရှိစေခြင်းငှာ၊ သင်တို့သည် ယုံကြည်ခြင်း၌ တိုးပွားဝမ်းမြောက်မည်အကြောင်း၊ ငါသည် ကိုယ်ခန္ဓာ၌နေ၍ သင်တို့ရှိသမျှနှင့် ပေါင်းဖော်ရမည်ဟု ငါသိ၏။- See the chapterမြန်မာ့စံမီသမ္မာကျမ်25 ဤသို့ ယုံကြည်စိတ်ချလျက် သင်တို့၏ယုံကြည်ခြင်းကြီးထွားမှုနှင့် ဝမ်းမြောက်မှုအတွက် ငါသည် ကိုယ်ခန္ဓာ၌တည်၍ သင်တို့အားလုံးနှင့်အတူ ဆက်၍ရှိနေမည်ဖြစ်ကြောင်း ငါသိ၏။ See the chapterMyanmar Common Language Zawgyi Version25 ဤသို့ယုံကြည်စိတ်ချသဖြင့်ငါသည်သင်တို့ နှင့်အတူနေမည်။ သင်တို့အားတိုးတက်ကြီး ပွားစေရန်နှင့်ယုံကြည်ခြင်း၌ဝမ်းမြောက် စေရန်ငါသည်သင်တို့နှင့်အတူနေမည်။- See the chapter |
တစ်ပါးအမျိုးသားတို့သည် စကားအားဖြင့်လည်းကောင်း၊ အကျင့်အားဖြင့်လည်းကောင်း၊ နားထောင်စေခြင်းငှာ၊ ခရစ်တော်သည် နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုများ၌ ပါသောတန်ခိုး၊ သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးကို ပြ၍၊ ငါ့အားဖြင့် ပြုတော်မူသမျှတို့ကိုသာ ငါပြောဝံ့၏။ ထိုကျေးဇူးတော်ကို အမှီပြုလျက်၊ ငါသည် ယေရုရှလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင်အရပ်တို့၌ ခရစ်တော်၏ ဧဝံဂေလိတရားကို အကုန်အစင် ဟောပြောခဲ့ပြီ။-