Biblia Todo Logo
Online Bible

- Advertisements -




ဖိ​လိပ္ပိ 1:17 - Judson Bible in Zawgyi Version

17 ထို​သူ​တို့​သည် ကြည်​ဖြူ​သော​စိတ်​မ​ရှိ၊ ချည်​နှောင်​ခြင်း​ကို ငါ​ခံ​ရ​သည်​တွင် သာ၍ ဆင်း​ရဲ​စေ​မည်​ဟု အ​ကြံ​ရှိ၍၊ ရန်​တွေ့​ချင်​သော​စိတ်​နှင့် ဟော​ပြော​ကြ၏။

See the chapter Copy

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 အခြား​သော​သူ​တို့​မူကား ငါ​အချုပ်အနှောင်​ခံရ​ခြင်း​၌ ဆင်းရဲ​ဒုက္ခ​ကို ပိုမို​များပြား​စေ​လို​သော​အကြံ​နှင့် ရိုးသား​သော​စိတ်​အားဖြင့်​မ​ဟုတ်​ဘဲ တုပြိုင်​လို​သော​စိတ်​ဖြင့် ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။

See the chapter Copy

Myanmar Common Language Zawgyi Version

17 အ​ခြား​သော​သူ​တို့​သည်​ကား​ခ​ရစ်​တော်​၏ အ​ကြောင်း​ကို​စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့်​မ​ဟုတ်​ဘဲ ကျော်​ကြား​လို​သော​ဆန္ဒ​ဖြင့်​ဟော​ပြော​ကြ​၏။ သူ​တို့​၏​အ​ကြံ​မှာ​အ​ကျဉ်း​ခံ​နေ​ရ​သူ​ငါ့ အား​ပို​၍​စိတ်​ဒုက္ခ​ရောက်​စေ​ရန်​ပင်​ဖြစ်​၏။

See the chapter Copy




ဖိ​လိပ္ပိ 1:17
16 Cross References  

ထို​ကြောင့် သင်​တို့​သည် အ​ဘယ်​သို့​ပြန်​ပြော​ရ​မည်​ကို ရှေ့​မ​ဆွ​က မ​ဆင်​ခြင်​ခြင်း​ငှာ သ​တိ​ထား​ကြ​လော့။-


ညီ​အစ်​ကို၊ အ​ဘ​တို့၊ အ​ကျွန်ုပ်​သည် ကိုယ်​အ​ပြစ်​ဖြေ​ရာ စ​ကား​ကို သင်​တို့​ရှေ့​မှာ ယ​ခု​ပြော​စဉ်​တွင် နား​ထောင်​ကြ​ပါ​ဟု ဆို​လေ​သော်၊-


ထို​အ​ခါ အ​ဂြိ​ပ္ပ​မင်း​က၊ သင်​သည်​ကိုယ်​အ​ဖို့​အ​လို​ငှာ ပြော​ရ​သော​အ​ခွင့်​ရှိ​သည်​ဟု ပေါ​လု​အား​ဆို​လျှင်၊ ပေါ​လု​သည် လက်​ကို​ဆန့်၍ အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ဤ​သို့​ပြော၏။-


ထို​သို့​ပေါ​လု​သည် အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို လျှောက်​သော​အ​ခါ၊ ဖေ​တ္တု​မင်း​က၊ ပေါ​လု၊ သင်​သည် သူ​ရူး​ဖြစ်၏။ သိ​ပ္ပံ​အ​တတ်​များ​ကို​သင်၍ သူ​ရူး​အ​ဖြစ်​သို့​ရောက်​ခဲ့​ပြီ​ဟု ကြီး​သော အ​သံ​နှင့်​ဆို၏။-


ငြင်း​ဆန်​သော​သ​ဘော​ရှိ၍၊ သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​ဘဲ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​ကို​ကား၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​ထွက်​တော်​မူ​လ​တ္တံ့၊-


သို့​ဖြစ်၍ အ​ဘယ်​သို့​နည်း၊ လျှို့​ဝှက်၍ ဟော​ပြော​သည်​ဖြစ်​စေ၊ သ​စ္စာ​ရှိ၍ ဟော​ပြော​သည်​ဖြစ်​စေ၊ အ​ဘယ်​သို့​သော​အား​ဖြင့် ဟော​ပြော​သည်​ဖြစ်​စေ၊ ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ခြင်း​ရှိ၏။ ထို​အ​ကြောင်း​ကြောင့် ငါ​သည် ယ​ခု​ဝမ်း​မြောက်၏။ နောင်၌​လည်း ဝမ်း​မြောက်​လိမ့်​မည်။-


ရှိ​သ​မျှ​သော​သင်​တို့၏ အ​မှု​အ​ရာ၌ ဤ​သို့ ငါ​ယူ​အပ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အ​ပေါင်း​သည် ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ငါ​သည် အ​ကျဉ်း​ခံ​ရ​သော်​လည်း​ကောင်း၊ ဧ​ဝံ​ဂ​လိ​တ​ရား​ဘက်၌ သက်​သေ​ခံ၍ ထို​တ​ရား​ကို တည်​စေ​သော်​လည်း​ကောင်း၊ သင်​တို့​ကို အောက်​မေ့၏။-


ရန်​တွေ့​လို​သော​စိတ်၊ အ​ချည်း​နှီး ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​သော​စိတ်​ရှိ၍ အ​ဘယ်​အ​မှု​ကို မ​ပြု​ကြ​နှင့်။ သူ​တစ်​ပါး​သည် ကိုယ်​ထက်​သာ၍ ကောင်း​မြတ်​သည်​ဟု နှိမ့်​ချ​သော စိတ်​ရှိ၍ တစ်​ယောက်​ကို​တစ်​ယောက် ထင်​မှတ်​ကြ​လော့။-


ငါ​သည် ထို​သက်​သေ​ခံ​သော​သူ အ​ရာ၌​လည်း​ကောင်း၊ တ​မန်​တော် အ​ရာ၌​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​တ​ရား​နှင့် သ​မ္မာ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ဟော​ပြော​သော​ဆ​ရာ အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ ဖြစ်​သည်​ဟု ငါ​ဆို​သော်၊ မု​သား​စ​ကား​ကို​မ​ဆို၊ မှန်​သော​စ​ကား​ကို​ဆို၏။


ထို​တ​ရား​ကြောင့် ငါ​သည်​လူ​ဆိုး​ကဲ့​သို့ ချည်​နှောင်​ခြင်း​တိုင်​အောင် ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​ရ၏။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တ​ရား​တော်​သည် ချည်​နှောင်​ခြင်း​နှင့် ကင်း​လွတ်၏။-


ပ​ထ​မ​အ​ချိန်၌ အ​ပြစ်​တင်​ခွင့်​ကို​ဖြေ၍ ငါ​သည် အ​စီ​ရင်​ခံ​ရ​သော​အ​ခါ၊ ငါ့​ဘက်၌ အ​ဘယ်​သူ​မျှ​မ​နေ။ လူ​အ​ပေါင်း​တို့​သည် ငါ့​ကို စွန့်​ပစ်​ကြ၏။-


Follow us:

Advertisements


Advertisements