Biblia Todo Logo
Online Bible

- Advertisements -




ဖိ​လိပ္ပိ 1:13 - Judson Bible in Zawgyi Version

13 ထို​သို့​သော​အား​ဖြင့် ခ​ရစ်​တော်​ကြောင့် ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​အ​မှု​အ​ရာ​သည်၊ နန်း​တော်၌ အ​နှံ့​အ​ပြား​ထင်​ရှား​သည်​သာ​မ​က၊ ခပ်​သိမ်း​သော​အ​ရပ်၌ ထင်​ရှား၏။-

See the chapter Copy

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 အကြောင်းမူကား ငါ​အချုပ်အနှောင်​ခံရ​ခြင်း​သည် ခရစ်တော်​အတွက်​ဖြစ်​ကြောင်း ဘုရင်ခံ​ရုံးတော်​တစ်ခုလုံး​နှင့် အခြား​သော​သူ​အားလုံး​တို့​ရှေ့၌ ထင်ရှား​လာ​၍

See the chapter Copy

Myanmar Common Language Zawgyi Version

13 ငါ​သည်​ခ​ရစ်​တော်​၏​အ​စေ​ခံ​ဖြစ်​သည့်​အ​တွက် ကြောင့်​ငါ​အ​ကျဉ်း​ခံ​ရ​လျက်​နေ​ရ​ကြောင်း​ကို နန်း​တော်​အ​စောင့်​တပ်​တစ်​တပ်​လုံး​နှင့်​အ​ခြား သူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​ပေ​သည်။-

See the chapter Copy




ဖိ​လိပ္ပိ 1:13
17 Cross References  

ပေါ​လု​က၊ ကိုယ်​တော်​မှ​စ၍ ယ​နေ့​တွင် အ​ကျွန်ုပ်၏​စ​ကား​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည်၊ ဤ​သံ​ကြိုး​ကို​ထား၍ အ​ကျွန်ုပ်​ကဲ့​သို့​သော​သူ ဖြစ်​လု​သည်​သာ​မ​က လုံး​လုံး​ဖြစ်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​ကို အ​ကျွန်ုပ် ဆု​တောင်း​ပါ​သည်​ဟု လျှောက်​လေ၏။-


အ​ခြား​သို့​သွား​ပြီ​လျှင်၊ ဤ​သူ​သည် အ​သေ​သတ်​ခြင်း၊ အ​ကျဉ်း​ထား​ခြင်း ခံ​ထိုက်​သော​အ​မှု​ကို မ​ပြု​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။-


သုံး​ရက်​လွန်​သော​အ​ခါ၊ ပေါ​လု​သည် ယု​ဒ​လူ အ​ကြီး​အ​ကဲ​တို့​ကို ခေါ်၍​စု​ဝေး​စေ​ပြီး​လျှင်၊ ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် ယု​ဒ​လူ​မျိုး​ကို မ​ပြစ်​မှား၊ မိ​စဉ်​ဘ​ဆက် ကျင့်​သော​ထုံး​တမ်း​ကို မ​ပယ်​သော​သူ​ဖြစ်​လျက်​ပင်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် အ​ကျွန်ုပ်​ကို အ​ကျဉ်း​ထား၍ ရော​မ​လူ​တို့​လက်​သို့ အပ်​လိုက်​ကြ၏။-


ဣ​သ​ရေ​လ​အ​မျိုး၏ မျှော်​လင့်​ရာ​အ​တွက်​ကြောင့်၊ အ​ကျွန်ုပ်​သည် ဤ​သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို ခံ​ရ​ပါ၏​ဟု ပြော​ဆို​လျှင်၊-


ထို​နောက်​မှ ပေါ​လု​သည် နှစ်​နှစ်​ပတ်​လုံး မိ​မိ​ငှား​သော အိမ်၌​နေ​သ​ဖြင့်၊ မိ​မိ​ထံ​သို့​လာ​သော သူ​အ​ပေါင်း​တို့​ကို ဧည့်​ခံ၍၊-


ထို​အ​ကြောင်း​ကြောင့် ငါ​ပေါ​လု​သည် ယေ​ရှု​ခ​ရစ်​နှင့်​စပ်​ဆိုင်​သော​အား​ဖြင့် အ​ကျဉ်း​ခံ​ရ၏။-


ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​တော်​ကို သင်​တို့​သည် ခံ​ရ​သည်​နှင့် အ​ထိုက်​အ​လျောက် ကျင့်​ဆောင်​မည် အ​ကြောင်း၊ သ​ခင်​ဘု​ရား​အ​တွက်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော ငါ​သည် သင်​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ပါ၏။-


ရှိ​သ​မျှ​သော​သင်​တို့၏ အ​မှု​အ​ရာ၌ ဤ​သို့ ငါ​ယူ​အပ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အ​ပေါင်း​သည် ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ငါ​သည် အ​ကျဉ်း​ခံ​ရ​သော်​လည်း​ကောင်း၊ ဧ​ဝံ​ဂ​လိ​တ​ရား​ဘက်၌ သက်​သေ​ခံ၍ ထို​တ​ရား​ကို တည်​စေ​သော်​လည်း​ကောင်း၊ သင်​တို့​ကို အောက်​မေ့၏။-


ငါ​နှင့်​အ​တူ​ရှိ​သော ညီ​အစ်​ကို​မှ​စ၍ သန့်​ရှင်း​သော သူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ ကဲ​သာ​ဘု​ရင်၏ နန်း​တော်၌​နေ​သော သန့်​ရှင်း​သူ​တို့​သည် အ​ထူး​သ​ဖြင့် နှုတ်​ဆက်​ကြ၏။-


ထို​တ​ရား​ကြောင့် ငါ​သည်​လူ​ဆိုး​ကဲ့​သို့ ချည်​နှောင်​ခြင်း​တိုင်​အောင် ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​ရ၏။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တ​ရား​တော်​သည် ချည်​နှောင်​ခြင်း​နှင့် ကင်း​လွတ်၏။-


Follow us:

Advertisements


Advertisements