49 အကြောင်းမူကား ဘုန်းတန်ခိုးကြီးမြတ်တော်မူသော ဘုရားရှင်သည် ကျွန်ုပ်ထံ၌ ကြီးမြတ်သောအရာတို့ကို ဆောင်ရွက်ပေးတော်မူလေပြီ။ သူ၏နာမတော်သည်လည်း မြင့်မြတ်စုံလင်တော်မူပါ၏။