38 ထိုအခါ မာရိက “ဘုရားရှင်၏အစေခံတစ်ဦးဖြစ်ပါသော အကျွန်ုပ်၌ ဘုရားရှင်၏အလိုတော်အရ သင်ယခုပြောဆိုသော စကားများအတိုင်းပင် ဖြစ်ပါစေသော်” ဟုဆိုလေ၏။ ထို့နောက် နတ်ဒေဝါသည်လည်း မာရိထံမှ ထွက်ခွာသွားလေ၏။