16 သူသည် များစွာသော အစ္စရေးလူမျိုးတို့ကို အပြစ်ဒုစရိုက်မှ နောင်တသံဝေဂရစေပြီး သူတို့၏အရှင်သခင်ဖြစ်တော်မူသော ဘုရားရှင်ဘက်သို့ ပြန်လှည့်စေလိမ့်မည်။