40 နူနာသယ် တယော့‑က်ဟှာ ယေရှုနားဟှို ရော့‑က်လာဟှူ ခီမာ ဒူးထော့‑က်ဘီးဟှာ “ကိုယ်တော်လိုရှိဟှယ် ဆိုဟှာ ကျွန်တော့်ဟှို သန့်ရှင်းပေးပါ” ဆိုဘီး တောန်းဗန်လေဟှယ်။