4 ယောဟန်ဟှာ ပေါ်လာဘီး၊ တောကန္တာရမာ ဟောပြောဘီးန ဗတ္တိဇံပေးနေဟှယ်။ “နောန်ဒရဘီး ဗတ္တိဇံခံဂေ့။ အယ်ဆိုဟှာ ဘုရားသခင်ဟှ နန်းနို့ရဲ့ ပြစ်လေဟှို ခွမ့်လွှတ်လေ့မယ်” ဆိုဘီး ကြေညာဟှယ်။