1 အာဗြဟံန ဒါဝိဒ်လေဟှနေဘီးဟှာ မွီးဖွားဆင်းသတ်လာဟှူ ယေရှုခရစ်တော်ရဲ့ ဆွေဇင်မျိုးဆစ်စာရင်းမာ အယ်မျိုးဖြစ်လေဟှယ်။