2 ငါရှစ်ရဟှူသား တိမောသေနားဟှို စာရေးလိုက်ပါဟှယ်၊ နို့လေရဲ့ ဖဖြစ်ဟှူ ဘုရားသခင်န သခင်ယေရှုခရစ်တော်နားဟှ ကရုဏာတော်၊ ကျေးဇူးတော်န ငြီသတ်ရှင်းဟှာ နန့်မာ ရှိပါစေ။