၂ သက်သာလောနိတ် 1:4 - ဓမ္မသစ်ကျမ်း ထားဝယ်ဘာသာစကား4 အယ်ကြောန့် နို့လေကိုယ်တိုင်ဘဲ့ နန်းနို့ကြောန်းဟှို ဘုရားသခင်ရဲ့ သင်းတော်လေမာ ဂေါင်ယူဘီး ပြောဂေ့ဟှယ်။ နန်းနို့ဟှာ ညှဉ်းဆဲနှိစစ်ဟှူဇာန ဆင်းရဲဒေါက်ခလေဟှို ခံရဘေမဲ့ ခိုင်ခံ့ဘီး၊ ယောင်ကြည်ရှင်းခိုင်မြဲဘီး ရှိနေဇာဟှိုထော့‑က်ဘီး နို့လေဟှာ ဂေါင်ယူဘီးပြောဂေ့ဟှယ်။ Viz kapitola |