၂ သက်သာလောနိတ် 1:11 - ဓမ္မသစ်ကျမ်း ထားဝယ်ဘာသာစကား11 အယ်ကြောန့် နို့လေဟှာ နန်းနို့တွပ် မြဲဒမ်း ဆုတောန်းပေးနေဟှယ်။ နန်းနို့ဟှာ ဝီးကော့‑က်ခံရဟှူ ကျေးဇူးတော်နညီ ပြုမူကျင့်ကြံနေနိုင်ဟှို့တွပ် နို့လေရဲ့ ဘုရားသခင်ဟှို တောန်းလျှော့‑က်ဂေ့ဟှယ်။ ကိုယ်တော်ဟှာ တဂိုးတော်န နန်းနို့ရဲ့ ကောန်းမြတ်ဟှူ လိုအင်ဆန္ဒရှိမျှဟှို ပ္လဲ့ဇောင်စေဘီး နန်းနို့ရဲ့ ယောင်ကြည်ရှင်းန လောက်ဟှူမှုလေဟှို ပီးဟှို့တွပ် ခွမ့်ပေးပါစေ။ Viz kapitola |