13 ခရစ်တော်ဟှာ ကွဲပြားဟှူကြောန့်လော။ ပေါလုဟှ နန်းနို့လေတွပ် လတ်ဝါးကပ်တိုင်မာ သေခံဟှူဇာလော။ အယ်မျိုးမှုဘဲနေဟှာ ပေါလုရဲ့ နာမန ဗတ္တိဇံခံဂေ့ဟှိကြောန့်လော။