ရောမ 3:25 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား25-26 ဘုရားသခင်ဟ သူရဲ့ အသွေးတော်အားဖြင့် လူလို့အား အပစ်များဟို ယုံကြည်သောအားဖြင့် အပစ်ခွင့်လွတ်ခြင်း ခံရမဲ့နည်းလမ်း ဖြစ်လာစေရန် သူ့ဟို ပူဇော်သကာ ဖြစ်စေခဲ့အယ်။ ဘုရားသခင်ဟ ဖြောင့်မတ်ကျောန်းဟို ပြသရန် အေးအရာဟို ပြုလုပ်ခဲ့အယ်။ အရင်တုန်းဟ ကိုယ်တော်ဟ စိတ်ရှည်သည်းခံပင်းရင် လူလို့ ကျူးလွန်ခဲ့လဲ့ အပစ်များအတွက် အပစ်မယူဘဲ နေပေမဲ့လည်း၊ အခုခေတ်ကာလနှိုက် ကိုယ်တော်ဟ ဖြောင့်မတ်ခြင်း တရားဟို ထင်ဆှားစေရန် လူလို့ရဲ့ အပစ်များဟို အရေးယူအယ်။ အေးနည်းအားဖြင့် ဘုရားသခင်ဟ သူတတ်တိုင်း မန်ကန်ကျောန်း ပြသပင်း ယေရှုဟို ယုံကြည်သောသူတိုင်း ဖြောင့်မတ်ခြင်းဟို ပေးခဲ့အယ်။ Viz kapitola |