ရောမ 15:19 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား19 နိမိတ်လက္ခဏာနဲ့ အံ့ဩဖွယ်အရာ တန်ခိုးတော်အားဖြင့် လည်းကောင်း၊ ဘုရားသခင်ရဲ့ ဝိညာဉ်တော် တန်ခိုးတော်အားဖြင့် လည်းကောင်း ပြုသောအမှုအရာလို့ကျောန့် မဟုတ်ရင် ငါဟ စလို အရာဟိုမျှ ရဲဝံ့စွာ ပြောမှာ ဟုတ်ဝူး။ အေးလိုမို့ ငါဟ ယေရုရှလင်မြို့မှ ဣလုရိပြေအထိ ရောက်ဆိလဲ့ အရပ်ရပ်နှိုက် ခရစ်တော်ရဲ့ သတင်းကောင်းဟို အကုန်အစင် ကြေညာခဲ့ပီ။ Viz kapitola |