11 သူလို့ဟ အမင်္ဂလာဆိကြအယ်။ အကျောန်းမှာ သူလို့ဟ ကာဣနရဲ့ လမ်းစဉ်ဟို လိုက်ယွေ့ အခကြေးငွေအတွက် ဗာလမ်ရဲ့ မားယွင်းခြင်းထဲဟို ကျရောက်သွားကာ ကောရရဲ့ ဆန့်ကျင်မှုမျိုးနှိုက် ပျက်စီးဆုံးရှုံးကြအယ်။