တမန်တော် 22:5 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား5 ငါပြောတာဟ မန်ကျောန်းဟို ယဇ်ပုရောဟိတ်မင်းနဲ့တကွ တရားရုံးမှာဆိလဲ့သူ အပေါင်းလို့ဟ သက်သေခံကြပါအယ်။ ငါဟ အေးသူလို့ဆေမှ ဒမာသက်မြို့နေ ယုဒညီအကိုဆေ ရေးပေးလိုက်တဲ့ အမှာစာများဟို ရယူအယ်။ အေးကျောန့် အေးမှာဆိလဲ့ သူလို့အား အပစ်ဒဏ်စီရင်ခြင်းငှာ ဖမ်းဆီး တုတ်ချေလျက် ယေရုရှလင်မြို့ဟို ထွက်သွားပါအယ်။ Viz kapitola |