Online Bible

- Reklamy -

রোমীয় 6 - Marma


ခရစ်တော်နအတူ အသက်ရှင်ခြင်း

1 ယင်းပိုင်ဆိုကေ ထာဝရဘုရား၏ သနားကြင်နာခြင်းကို ငါရို့ ပိုရို့ ရလတ်အောင် ငါရို့ အပြစ် လုပ်နီကတ်မည် ဟို့ ပြောဖို့စာလော?

2 တစ်ခါလည်း မလုပ်! ငါရို့မာ အပြစ် ဘဝအဟောင်းစာ သီလားခဗျာ။ ယင်းပိုင်ဆိုကေ ငါရို့ ဇာဖို့ အရာတစ်ပြန် အပြစ် လုပ်နီကတ်ဖို့သိလည်း?

3 ငါရို့ ခရစ်တော်ယေရှုန တစ်ကိုယ်တည်း ဖြစ်ဖို့အတွက် ရီနှစ်မင်္ဂလာ ခံယူလီကတ်တေခါ တစ်ချိန်တည်းမာပင် သူနအတူ အသီခံလီကတ်တေဆိုစာကို နင်ရို့ သိကတ်တေ မဟုတ်လော?

4 ငါရို့စာ ထို ရီနှစ်မင်္ဂလာကို ခံယူခြင်းကနီရို့ ခရစ်တော်နအတူ သင်္ဂြိုဟ်ခြင်းကိုလည်း ခံရကတ်ပျာ။ အရာ အဖထာဝရဘုရားစာ ကိုယ့်မဟာတန်ခိုးန ခရစ်တော်ကို သီရာက ပြန်ရှင်ထမြောင့်စီလီရေပိုင် သူစာ ငါရို့ကိုလည်း ခရစ်တော်နအတူ သီရာက ပြန်ရှင်ထမြောင့်စီလီရေ။ ယင်းအတွက်န ငါရို့စာ ဘဝအသစ်မာ နီထိုင်ဖို့ ရကတ်ပျာ။

5 ငါရို့စာ ခရစ်တော်နအတူ အသီခံခြင်းကနီရို့ သူနတစ်ကိုယ်တည်း ဖြစ်ကတ်ပျာ။ ယင်းအတွက်န ခရစ်တော် သီရာက ပြန်ရှင်ထမြောင့်လီစာပိုင်တထန် ငါရို့လည်းသောက် သူနအတူ ပြန်ရှင်ထမြောင့်ကတ်ဖို့။

6 ငါရို့ ဘဝကို အုပ်ချုပ်စာ အပြစ်၏ တန်ခိုးကို ဖျက်စီးဖို့အတွက် ငါရို့မာ အကျင့်အဟောင်းကို ခရစ်တော်နအတူ ကားတိုင်မာ တင်ရို့ သတ်ဘိုက်လိုက်ပျာဆိုစာကို ငါရို့ သိရေ။ ယင်းအတွက်န ငါရို့စာ အပြစ်၏ ကျွန်အဖြစ် နီရကတ်ဖို့ မဟုတ်ပျာ၊

7 အကြောင်းကား ခရစ်တော်နအတူ အသီခံရသူစာ အပြစ်၏ တန်ခိုး အုပ်ချုပ်ခြင်းက ရွတ်ပျာ။

8 ငါရို့စာ ခရစ်တော်နအတူ အသီခံရကတ်တေဆိုကေ သူနအတူ အသက်လည်း ရှင်ကတ်ဖို့ဆိုစာကို ငါရို့ ကျုံရေ။

9 ငါရို့ သိရေ၊ ခရစ်တော်စာ သီရာက ပြန်ရှင်ထမြောင့်လီရေအတွက်န သူစာ အရာတစ်ခါလည်း မသီဗျာ။ ယင်းအဓိပ္ပါယ်ကား သူစာ သီခြင်းတရား၏ အုပ်ချုပ်ခြင်းကို မခံရဗျာ။

10 အကြောင်းကား ခရစ်တော်စာ အပြစ်၏ တန်ခိုးကို ထာဝရပတ်လုံးအတွက် ဖျက်စီးဘိုက်ဖို့အတွက် အသီခံလီရေ။ ဒေဂု သူစာ ထာဝရဘုရားအတွက် အသက်ရှင်နီရေ။

11 ယင်းပိုင်တထန် နင်ရို့စာ ခရစ်တော်ယေရှုန တစ်ကိုယ်တည်း ဖြစ်ကတ်တေအတွက်န နင်ရို့မာ အပြစ် ဘဝအဟောင်းလည်း သီလားခဗျာ အရာ ဒေဂု နင်ရို့စာ ထာဝရဘုရားအတွက် အသက်လည်း ရှင်နီကတ်တေ။

12 ယင်းအတွက်န နင်ရို့ ဘဝမာ အပြစ်ကို အုပ်ချုပ်ဖို့ မပီးကတ်ကေ့ဖိ။ အရာ နင်ရို့ အပြစ်၏ အလိုဆန္ဒကို မလိုက်နာကတ်ကေ့ဖိ။

13 နင်ရို့ ခန္ဓာမာ ဟိသမျ အင်္ဂါတိကို ဆိုးယုတ်စာ အလုပ်မာ အသုံးမပြုကတ်ကေ့။ ယင်းထက်ပင် နင်ရို့ သီရာက ပြန်ရှင်ထမြောင့်သူအဖြစ် ကိုယ်ရို့ကို ထာဝရဘုရားဘားမာ တင်အပ်ကတ် အရာ ကောင်းမြတ်စာ အလုပ်ကို လုပ်ဖို့အတွက် နင်ရို့ ခန္ဓာတစ်ကိုယ်လုံးကို ထာဝရဘုရားဘားမာ ဆက်အပ်ကတ်။

14 နင်ရို့စာ အပြစ်၏ ကျွန် မဟုတ်ကတ်ပျာ၊ အကြောင်းကား နင်ရို့စာ ပညှတ်တရား၏ အုပ်ချုပ်ခြင်းက ရွတ်ရို့ ထာဝရဘုရား၏ သနားကြင်နာခြင်းအောက်မာ ဟိကတ်ပျာ။


ရိုးသားခြင်း၏ ကျွန်

15 ယေကေလည်း ငါရို့စာ ပညှတ်တရား၏ အုပ်ချုပ်ခြင်းက ရွတ်ရို့ ကျေးဇူးတော်အောက်မာ နီကတ်တေအတွက်န ငါရို့ အပြစ် လုပ်နီကတ်ဖို့စာလော? တစ်ခါလည်း မလုပ်။

16 နင်ရို့စာ ကိုယ်ရို့ကို ကျွန်ပိုင် အခြားတစ်ယောက်ဘားမာ တင်အပ်ကတ်တေဆိုကေ အရာ သူ့စကားကို လိုက်နာကတ်တေဆိုကေ နင်ရို့စာ သူ၏ ကျွန်ဖြစ်တေဆိုစာကို နင်ရို့ မသိကတ်လော? ဒေဂု နင်ရို့ သဖေါဗျာ၊ နင်ရို့စာ အပြစ်၏ ကျွန်လည်း ဖြစ်နိုင်ရေ၊ မဟုတ်ကေ ထာဝရဘုရား၏ ကျွန်လည်း ဖြစ်နိုင်ရေ။ အပြစ်စာ ဝိညာဉ်၏ သီခြင်းကို ယူလာရေ၊ ယေကေလည်း နင်ရို့စာ ထာဝရဘုရား၏ စကားတော်ကို လိုက်နာကတ်တေဆိုကေ သူတော်ကောင်းအဖြစ် လက်ခံခြင်းကို ရကတ်လိမည်။

17 နင်ရို့စာ တစ်ချိန်ခါ အပြစ်၏ ကျွန် ဟိလီကတ်တေ၊ ယေကေလည်း ဒေဂု နင်ရို့ ရလီကတ်စာ သွန်သင်ချက်ကို နင်ရို့ စိတ်ပါ-ကိုယ်ပါ လိုက်နာကတ်ပျာ။ ယင်းအတွက်န ငါ ထာဝရဘုရားကို ကျေးဇူးတင်ရေ။

18 နင်ရို့စာ အပြစ်၏ ကျွန်ဘဝက ရွတ်ရို့ ဒေဂု ရိုးသားခြင်း၏ ကျွန် ဖြစ်ကတ်ပျာ။

19 လူအနေန ဝိညာဉ်ရေး အကြောင်းကို နင်ရို့ နားမလည်နိုင်ကတ်။ ယင်းအတွက်န ရိုးရိုး ပုံဥပမာန ငါ နင်ရို့ကို ရှင်းပြစာ ဖြစ်တေ၊ အကြောင်းကား ဒေ အကြောင်းစာ နင်ရို့အတွက် နားလည်ဖို့ ခက်ခဲရေ။ နင်ရို့ တစ်ချိန်ခါ ကိုယ်ရို့ ခန္ဓာကို ဆိုးယုတ်-ညစ်ညူးခြင်း၏ ကျွန်အဖြစ် မတရားစာ အလုပ်မာ အသုံးပြုကတ်လီရေ။ ယင်းပိုင်တထန် နင်ရို့ ဒေဂု ကိုယ်ရို့ ခန္ဓာကို ရိုးသားခြင်း၏ ကျွန်အဖြစ် အသုံးပြုကတ်။ ယင်းပိုင်ဆိုကေ နင်ရို့မာ ဘဝစာ သန့်ရှင်း-စင်ကြယ်လိမည်။

20 နင်ရို့စာ အပြစ်၏ ကျွန်ဖြစ်ရို့ ဟိလီရေခါ ရိုးသားခြင်းတရား အောက်မာ မဟိလီကတ်။

21 အယင်ခါ လုပ်လီကတ်စာ ဟိသမျ ညစ်ညူးစာ အလုပ်တိကို စဉ်းစားရို့ နင်ရို့ ဒေဂု ရှက်ဖို့ တွက်ရကတ်တေ။ ထိုအလုပ်တိက နင်ရို့ ဇာ အကျိုး ရလီကတ်တေလည်း? ထိုညစ်ညူးစာ အလုပ်အကျိုးတိကား သီခြင်းတရား ဖြစ်တေ။

22 ယေကေလည်း ဒေဂုခါ နင်ရို့စာ အပြစ်၏ အုပ်ချုပ်ခြင်းက ရွတ်ရို့ ထာဝရဘုရား၏ ကျွန် ဖြစ်ကတ်ပျာ။ ထိုကျွန် ဖြစ်ခြင်း၏ အကျိုးစာ သန့်ရှင်းခြင်း ဖြစ်တေ။ နင်ရို့ သသန့်ရှရှင်းပျင်ရို့ နီထိုင်ကတ်တေ အရာ သသန့်ရှရှင်း နီထိုင်ခြင်း၏ အဆုံးအကျိုးစာ ထာဝရအသက် ဖြစ်တေ။

23 အကြောင်းကား အပြစ်၏ အကျိုးကား သီခြင်းတရား ဖြစ်တေ၊ ယေကေလည်း ထာဝရဘုရားစာ ငါရို့မာ အသျှင်ခရစ်တော်ယေရှုကနီရို့ အခမဲ့ ထာဝရအသက်ကို ပီးရေ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy