Online Bible

- Reklamy -

ဗျာဒိတ် 4 - Marma


ဂေါင်းခင်ဘုံမာ ပလ္လင်တော်ကို မြင်ရခြင်း

1 ယင်းနောက် ငါစာ ဂေါင်းခင်ဘုံမာ လမ်းခဝတစ်ခု ဖွင့်ရို့ဟိစာကို မြင်လီရေ။ အရာ ငါစာ စကားပြောသံတစ်ခုကို ကြားလီရေ။ ထိုစကားပြောသံစာ ဘောမှုတ်စာအသံနတူလီရေ။ အရာ သူစာ ငါ့ကို ပြောလီရေ၊ “ဒေ နေရာတို့ တက်လာလတ်။ နောက်က အမှန် ဖြစ်ပျက်ရဖို့စာ အကြောင်းတိကို ငါ နင့်ကို ပြမည်။”

2 ယင်းခါ ငါစာ ချက်ချင်း သန့်ရှင်းသောဝိညာဉ်တော် ဆောင်ယူခြင်းကို ခံရပြီးကေ ဂေါင်းခင်ဘုံမာ ပလ္လင်တော်တစ်ခုကို မြင်ရလီရေ။ အရာ ထိုပလ္လင်တော်မာ တစ်ယောက် ထိုင်ရို့ ဟိလီရေ။

3 သူ့မာ မျက်နှာစာ နဂါးသွဲ့ကျောက်န ပတ္တမြားကျောက်ပိုင် တောက်ပြောင်လီရေ။ ထိုပလ္လင်တော် လေးဖက်လက်စိမာ သတင်းရည်သောက် ပေါ်ရို့ ဟိလီရေ။ ထိုသတင်းရည်သောက်စာ ကျောက်စိမ်းပိုင် လလက်တောက်ရို့ ဟိလီရေ။

4 ထိုပလ္လင်တော်ကို အရာလည်း ပလ္လင် နှစ်ဆယ်နလေးခု ဝန်းရို့ ဟိလီရေ။ ထိုပလ္လင် နှစ်ဆယ်နလေးခုမာ ဂေါင်းဆောင်အကြီး နှစ်ဆယ်နလေးပါး အဝတ်ဖြူ ဝတ်ပြီးကေ ထိုင်ရို့ ဟိလီရေ။ အရာ သူရို့ အဂေါင်းမာ ရွှေသရဖူ ဆောင်းရို့ ဟိလီရေ။

5 ထိုပလ္လင်တော်အထဲက လျှပ်ပြက်လီရေ အရာ ကြောက်လန့်စရာ အသံန မိုးကြိုးစာအသံလည်း ထွက်လီရေ။ အရာ ထိုပလ္လင်တော် ရှိက ဆီမီးကျိုင် ခုနစ်ချောင်း တောက်ရို့ ဟိလီရေ။ ထိုဆီမီးကျိုင် ခုနစ်ချောင်းစာ ထာဝရဘုရား၏ ဝိညာဉ်တော်ခုနစ်ပါး ဖြစ်တေ။

6 ယင်း ပလ္လင်တော် ရှိက မှန်ကျောက်ပိုင် ပပြောင်လလက်တောက်စာ မှန်ပင်လယ် တစ်ခု ဟိလီရေ။ ထိုပလ္လင်တော် လေးဖက်လက်စိက အသက်ရှင် သတ္တဝါလေးပါး ဟိလီရေ။ သူရို့ ခန္ဓာတစ်ကိုယ်လုံးမာ မျက်စိအပြည့် ဟိလီရေ။

7 ပထမ အသက်ရှင် သတ္တဝါမာ မျက်နှာစာ ခြင်္သေ့ မျက်နှာနတူလီရေ၊ ဒုတိယ အသက်ရှင် သတ္တဝါမာ မျက်နှာစာ နွားတွီး မျက်နှာနတူလီရေ၊ တတိယ အသက်ရှင် သတ္တဝါမာ မျက်နှာစာ လူမျက်နှာနတူလီရေ အရာ စတုတ္ထ အသက်ရှင် သတ္တဝါမာ မျက်နှာစာ ပျံနီစာ စွန်ပုတ်ကြီး မျက်နှာနတူလီရေ။

8 ထိုအသက်ရှင် သတ္တဝါလေးပါးစုံမာ အတောင်ခြောက်ဖက်စီ ဟိလီရေ။ ထိုအတောင်တိမာ မျက်စိအပြည့် ဟိလီရေ။ ထိုသတ္တဝါလေးပါးစာ ညဉ့်ပါ-ရက်ပါ မနားဘိုင်းန ဒေပိုင် ပြောရို့ နီကတ်လီရေ၊ “အနန္တတန်ခိုးနပြည့်စုံစာ အသျှင်ထာဝရဘုရား သန့်ရှင်းပါရေ၊ သန့်ရှင်းပါရေ၊ သန့်ရှင်းပါရေ။ သူစာ အယင် ဟိလီရေ၊ ဒေဂုလည်း ဟိရေ အရာ နောက်အနာဂါတ်မာလည်း ကြွလာဖို့။”

9 ပလ္လင်တော်မာ ထိုင်နီစာ အသျှင်ထာဝရဘုရားစာ ထာဝရအသက်သျှင် ဖြစ်တေ။ ထိုသတ္တဝါတိစာ သူ၏ ဘုန်းတန်ခိုးကို ချီမွမ်းရို့၊ ရိုသေခြင်းပြုရို့ အရာ ကျေးဇူးတင်ရို့ နီကတ်တေ။

10 တစ်ချိန်တည်းမာ ထိုဂေါင်းဆောင်အကြီး နှစ်ဆယ်နလေးပါးစာ ပလ္လင်တော်မာ ထိုင်နီစာ အသျှင်ကို ရှိခိုးရို့ နီကတ်တေ။ ထိုအသျှင်စာ ထာဝရပတ်လုံး အသက်ရှင်နီရေ။ ထိုဂေါင်းဆောင်အကြီးရို့စာ သူ၏ ပလ္လင်တော်ရှိက ကိုယ်ရို့ အဂေါင်းက သရဖူတိကို ချွတ်ထားရို့ ပြောကတ်လီရေ၊

11 “အိုး အကျွန်ရို့မာ အသျှင်၊ အကျွန်ရို့မာ ထာဝရဘုရား၊ ကိုယ်တော်စာ ဘုန်းတန်ခိုး၊ ရိုသေခြင်း၊ အရာ တန်ခိုးကို ရဖို့ထိုက်တန်ပါရေ။ အကြောင်းကား ဟိသမျ အားကုံးကို ကိုယ်တော် ဖန်ဆင်းလီပါရေ၊ အရာ ကိုယ်တော်၏ အလိုတော်အတိုင်း ဟိသမျ အားကုံး ဖြစ်ပေါ်လီပါရေ၊ ယင်းအတွက်န ထို ဟိသမျ အားကုံး တည်မြဲနီပါရေ။”

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy