Online Bible

- Reklamy -

ဗျာဒိတ် 3 - Marma


သာဒိမြို့မာဟိစာ အသင်းတော်တို့ စာရွီးခြင်း

1 “သာဒိမြို့မာဟိစာ အသင်းတော် တမန်တို့ ဒေပိုင် ရွီးရို့ ပို့လိုက်။ ထာဝရဘုရား၏ ဝိညာဉ်တော်ခုနစ်ပါးန ကြယ်ခုနစ်လုံးကို ပိုင်ဆိုင်သူစာ ဒေ စကားကို ပြောရေ။ နင့် အကျင့်သီလ အကြောင်းကို ငါ သိရေ။ လူရို့ နင့်ကို အရှင်ဟိရေ ဟို့ ပြောနီကတ်တေ၊ ယေကေလည်း နင် အမှန် အသီ ဖြစ်တေ။

2 ယင်းအတွက်န နင် ထဖိ။ နင့်မာ ကျန်ဟိစာ အခြားအလုပ်တိ သီလလုတ် ဖြစ်နီဗျာ။ နင် ထိုအလုပ်တိကို အားခွန်န ပြည့်စုံအောင် လုပ်လီ၊ အကြောင်းကား ငါ့ ထာဝရဘုရား၏ ရှိက နင့်မာ တစ်ခုအလုပ်ကိုလည်း နင် ကျီအောင် လုပ်စာကို ငါ မမြင်သိ။

3 ယင်းအတွက်န နင် ရထားစာတိန နင် ကြားဖူးစာတိကို စိတ်မာ မှတ်ထားပြီးကေ လိုက်နာရို့နီလီ အရာ နင် စိတ်လှည့်ရို့ လာလတ်။ နင် နိုးရို့ မထဆိုကေ ငါ နင့်တို့ သူခိုးပိုင်ဆောင်ရို့ လာဖို့။ အရာ ငါ ဇာ အချိန်မာ နင့်တို့ ရောက်လာဖို့လည်းဆိုစာကို နင် သိဖို့ မဟုတ်။

4 ယေကေလည်း သာဒိမြို့မာဟိစာ နင့်အထဲမာ တစ်ချိုးလူရို့ ဟိကတ်တေ။ သူရို့မာ အကျင့်သီလတိကို ဒေဂုလည်း ညစ်ညူးအောင် မလုပ်ကတ်သိ။ သူရို့စာ အဝတ်အဖြူကို ဝတ်ရို့ ငါနအတူ လည်နီကတ်လိမည်၊ အကြောင်းကား သူရို့စာ ထိုက်တန်စာ လူရို့ ဖြစ်ကတ်တေ။

5 အောင်မြင်ဖို့သူစာ ဒေပိုင် အဝတ်အဖြူကို ဝတ်ရလိမည်။ အရာ သူ့နာမည်ကို အသက်-စာအုပ်က ငါ တစ်ခါလည်း မဖျောက်။ ယင်းထက်ပင် ငါ့အဖန သူ၏ ဂေါင်းခင်နတ်သားရို့ ရှိက ငါ သူ့ကို ငါ့ လူဖြစ်တေ ဟို့ ကျော်ညာဖို့။

6 အသင်းတော်တိကို သန့်ရှင်းသောဝိညာဉ်တော် ဇာ ပြောရေလည်းဆိုစာကို နားထောင်ချင်သူရို့ နားထောင်ကတ်။


ဖိလဒေလဖိမြို့မာဟိစာ အသင်းတော်တို့ စာရွီးခြင်း

7 “ဖိလဒေလဖိမြို့မာဟိစာ အသင်းတော် တမန်တို့ ဒေပိုင် ရွီးရို့ ပို့လိုက်။ သန့်ရှင်းသူန မှန်ကန်သူဆိုစာ ဒါဝိဒ်မင်း၏ သွပွတ်ကို ပိုင်ဆိုင်သူစာ၊ တစ်ယောက်လည်း ပိတ်ရို့ မရအောင် ဖွင့်ထားသူစာ အရာ တစ်ယောက်လည်း ဖွင့်ရို့ မရအောင် ပိတ်ထားသူစာ ဒေ စကားကို ပြောရေ၊

8 နင့် အကျင့်သီလ အကြောင်းကို ငါ သိရေ။ ကြည့်၊ ငါ နင့် ရှိက လမ်းခဝတစ်ခု ဖွင့်ရို့ ထားလိုက်တေ။ ထိုလမ်းခဝကို ပိတ်နိုင်သူတစ်ယောက်လည်း မဟိ။ နင့်မာ အားနည်းခြင်း ဟိရေဆိုစာကို ငါ သိရေ။ ယေကေလည်း နင် ငါ့ စကားတိကို လိုက်နာရို့လာဗျာ အရာ နင် ငါ့ကို မငြင်းသိ။

9 တစ်ချိုးလူရို့ ယုဒလူမျိုး မဟုတ်ဘိုင်းနလည်း ကိုယ်ရို့ကို ယုဒလူမျိုး ဖြစ်တေ ဟို့ ပြောနီကတ်တေ၊ ယေကေလည်း သူရို့စာ မာရ်နတ်၏ အဖွဲ့သား ဖြစ်ကတ်တေ။ ငါ ထိုလူရို့ကို နင့်တို့ ယူခဖို့ အရာ သူရို့ကို နင့်အခြီရင်းမာ ဒူးထောက်ရို့ ရှိခိုးစီဖို့။ အရာ ငါ နင့်ကို ချစ်တေဆိုစာကို သူရို့ သိရကတ်လိမည်။

10 သည်းခံရို့ နီဖို့အတွက် ငါ နင့်ကို ပီးလီစာ ပညှတ်ချက်ကို နင် လိုက်နာရို့လာဗျာ။ ယင်းအတွက်န ဒေ လောကသားရို့ကို ဒုက္ခ-ဝေဒနာ ပီးဖို့စာအချိန်က ငါ နင့်ကို ကယ်ဆယ်မည်။ ဒေ လောကသားရို့ကို စုံစမ်းဖို့အတွက် ဒုက္ခ-ဝေဒနာ ရောက်လာလိမည်။

11 ငါ အယင်အမြန် ကြွလာမည်။ နင့်မာ ဟိစာအဆီလှောက်ကို နနောင်းတည်းရို့ ထားလီ။ ယင်းပိုင်ဆိုကေ နင့် အောင်ဆုကို တစ်ယောက်လည်း လုယူဖို့ နိုင်လိမည် မဟုတ်။

12 အောင်မြင်ဖို့သူကို ငါ့ ထာဝရဘုရား၏ ကျောင်းတော်ထဲမာ ငါ ခေါင်သေတိုင် ဖြစ်စီဖို့။ အရာ သူစာ ထိုကျောင်းတော်ထဲက တစ်ခါလည်း ထွက်လိမည် မဟုတ်။ ငါ သူ့ဘားမာ ငါ့ ထာဝရဘုရား၏ နာမည်န ငါ့ ထာဝရဘုရား၏ မြို့နာမည်ကို ရွီးထားဖို့။ ထိုမြို့စာ ဂေါင်းခင်ဘုံမာဟိစာ ထာဝရဘုရားက ဆင်းလာဖို့စာ ယေရုရှလင်မြို့အသစ် ဖြစ်တေ။ အရာ အောင်မြင်ဖို့သူဘားမာ ငါ ကိုယ့်နာမည်အသစ်ကိုလည်း ရွီးထားဖို့။

13 အသင်းတော်တိကို သန့်ရှင်းသောဝိညာဉ်တော် ဇာ ပြောရေလည်းဆိုစာကို နားထောင်ချင်သူရို့ နားထောင်ကတ်။


လောဒိကိမြို့မာဟိစာ အသင်းတော်တို့ စာရွီးခြင်း

14 “လောဒိကိမြို့မာဟိစာ အသင်းတော် တမန်တို့ ဒေပိုင် ရွီးရို့ ပို့လိုက်။ အာမန်ဆိုသူစာ သစ္စာနပြည့်စုံရေ အရာ မှန်ကန်ခြင်း၏ သက်သီခံ ဖြစ်တေ။ သူ့ကနီရို့ ဟိသမျ အားကုံးကို ထာဝရဘုရား ဖန်ဆင်းလီရေ။ သူစာ ဒေ စကားကို ပြောရေ၊

15 နင့် အကျင့်သီလ အကြောင်းကို ငါ သိရေ။ နင် ချမ်းလည်း မချမ်း၊ ပူလည်း မပူ။ နင် ချမ်းရေဆိုကေလည်း ကောင်းဖို့သိ၊ မဟုတ်ကေ ပူရေဆိုကေလည်း ကောင်းဖို့သိ။

16 ယေကေလည်း နင် ချမ်းလည်း မချမ်း၊ ပူလည်း မပူ။ ယင်းအတွက်န ငါ နင့်ကို ငါ့ပစက တန်းဆီးဘိုက်စာပိုင် ထုတ်ဘိုက်လိုက်ဖို့။

17 နင် ကိုယ့်ကိုကိုယ် ပြောနီရေ၊ ‘ငါ သူဌေးတစ်ယောက် ဖြစ်တေ။ ငါ့မာ ပစ္စည်း-ဥစ္စာ စုဆောင်းရို့ပြီးဗျာ။ ယင်းအတွက်န ငါ့မာ တစ်ခုလည်း ခေါင်းပါးခြင်း မဟိ။’ ယေကေလည်း နင် ကိုယ်တိုင် ဒုက္ခသေ၊ သနားဖွယ်၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း အရာ ခခဲတတုံး ဖြစ်နီစာကို နင် မသိ။

18 ယင်းအတွက်န ငါ နင့်ကို အကြံတစ်ခု ပီးမည်။ နင် အမှန် ချမ်းသာဖို့အတွက် မီးန စင်အောင်ချွတ်စာ ရွှေကို ငါ့က ဝယ်ရို့ဝတ်။ နင့် အသရေကို ဖုံးဖို့အတွက် နင် ငါ့က အဝတ်အဖြူကို ဝယ်ရို့ဝတ်။ အရာ နင့်မာ မျက်စိ မြင်ရဖို့အတွက် နင် ငါ့က ဖျိုက်ဆီး ဝယ်ရို့ထည့်။

19 ငါ ကိုယ်ချစ်စာ လူရို့ကို အပြစ် ဖေါ်ပြရေ အရာ သူရို့ကို ဆုံးမရေ။ ယင်းအတွက်န နင် ပူလည်း မပူ၊ ချမ်းလည်း မချမ်း ဖြစ်နီစာက စိတ်လှည့်ရို့ လာဖို့စာကို ကြိုးစား။

20 “ကြည့်၊ ငါ လမ်းခဝမာ ရပ်ရို့ တံခါးပိတ်ကို ခေါက်နီရေ။ အသူမဆို ငါ့အသံကို ကြားရို့ တန်ခါးပိတ်ကို ဖွင့်ပီးရေဆိုကေ ငါ အထဲတို့ ဝင်ရို့ သူနအတူ စားသောက်ဖို့ အရာ သူလည်း ငါနအတူ စားသောက်လိမည်။

21 “ငါ အောင်မြင်ရို့ ငါ့အဖနအတူ သူ၏ ပလ္လင်တော်မာ ထိုင်ရဗျာ။ ယင်းပိုင်တထန် အောင်မြင်ဖို့သူကိုလည်း ငါ့ပလ္လင်မာ ငါနအတူ ထိုင်စီဖို့။

22 အသင်းတော်တိကို သန့်ရှင်းသောဝိညာဉ်တော် ဇာ ပြောရေလည်းဆိုစာကို နားထောင်ချင်သူရို့ နားထောင်ကတ်။”

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy