ဗျာဒိတ် 18 - Marmaမဟာဗာဗုလုန်မြို့ ပျက်ဆုံးခြင်း 1 ယင်းနောက် ငါစာ ဂေါင်းခင်နတ်သား အရာတစ်ပါး ဂေါင်းခင်ဘုံက ဆင်းလာစာကို မြင်လီရေ။ ထိုဂေါင်းခင်နတ်သားမာ မဟာတန်ခိုး ဟိလီရေ အရာ သူ့မာ ဘုန်းရောင်ခြေတော်စာ ကမ္ဘာတစ်လုံးကို ထွန်းတောက်စီလီရေ။ 2 သူစာ အားန အော်ရို့ ပြောလီရေ၊ “မဟာဗာဗုလုန်မြို့ ပျက်ဆုံးလားခဗျာ၊ ပျက်ဆုံးလားခဗျာ! ဒေဂု ထိုမြို့စာ ဟိသမျ နတ်ဆိုးရို့၊ ဟိသမျ မသန့်ရှင်းစာ နတ်ရို့၊ အရာ ဟိသမျ ညစ်ညူးစာ ငှက်တိမာ တဲခိုစာနေရာ ဖြစ်လားခဗျာ။ 3 အကြောင်းကား ထိုမြို့စာ ဟိသမျ လူမျိုးရို့ကို သူ့မာ အဆိပ်ဟိစာ ကာမဂုဏ် အရက်ကို သောက်စီလီရေ။ ကမ္ဘာမာ မင်းရို့စာ ထိုမိန်းမန ကာမဂုဏ် လိုက်စားလီကတ်တေ၊ အရာ ကမ္ဘာမာ ကုန်သေရို့စာ ထိုမိန်းမ စဉ့်စိမ်ချမ်းသာခြင်းကို လိုက်စားစာအကြောင်းန သူဌေး ဖြစ်လီကတ်တေ။” 4 ယင်းနောက် ငါစာ ဂေါင်းခင်ဘုံက အရာတစ်ပါး ဒေပိုင် ပြောစာအသံကို ကြားလီရေ၊ “ငါ့ လူရို့၊ နင်ရို့ သူလုပ်စာ အပြစ်မာ ဝင်မပါရအောင် မဟာဗာဗုလုန်မြို့က ထွက်လာကတ်။ အရာ သူ့ဘားမာ ကျဖို့စာ အပြစ်ဒါဏ် တစ်ခုလည်း နင်ရို့ဘားမာ မကျရအောင် မဟာဗာဗုလုန်မြို့က ထွက်လာကတ်။ 5 အကြောင်းကား သူ့မာ အပြစ်တိစာ ဂေါင်းခင်န အရှိရှိ ဖြစ်လားခဗျာ၊ အရာ သူ့မာ ဆိုးယုတ်စာ အလုပ်တိကို ထာဝရဘုရား မှတ်ထားဗျာ။ 6 ထိုမိန်းမ နင်ရို့န ဆက်ဆံလီစာပိုင်တထန် နင်ရို့လည်း သူန ဆက်ဆံလီကတ်။ ထိုမိန်းမ လုပ်လီစာထက် နှစ်ဆပိုရို့ အကျိုးကို နင်ရို့ သူ့ကို ဆပ်လီကတ်၊ အရာ နင်ရို့အတွက် ခွက်မာ ဆိုးယုတ်ခြင်းနရောထားစာ အရက်ထက် နှစ်ဆပိုရို့ နင်ရို့ သူ့ကို သောက်ဖို့ ပီးလီကတ်။ 7 သူစာ ကိုယ့်ကို ဇာလှောက် ချီးမြှောင့်လီရေလည်း အရာ ဇာလှောက် စဉ့်စိမ်ချမ်းသာခြင်းကို လိုက်စားလီရေလည်း၊ ဒေဂု နင်ရို့ သူ့ကို ယင်းလှောက် အများကြီး ဒုက္ခ-ဝေဒနာကို ပီးကတ်။ အကြောင်းကား သူစာ စိတ်မာ မှတ်နီရေ၊ ‘ငါ မဆမ မဟုတ်၊ ငါစာ မင်းမ ဖြစ်ရို့ ပလ္လင်မာ ထိုင်နီရေ၊ အရာ ငါ့မာ တစ်ခုလည်း ဝမ်းနည်းစရာ မဟိဗျာ။’ 8 ယင်းအတွက်န တစ်ရက်တည်းမာ ဟိသမျ ဘေးအန္တရာယ် သူ့ဘားမာ ကျရောက်လိမည်။ ထိုဘေးအန္တရာယ်တိစာ သီခြင်း၊ ဝမ်းနည်းခြင်း အရာ ငတ်မွတ်ခေါင်းပါးခြင်း ဖြစ်တေ။ အကြောင်းကား သူ့ကို တရားစစ်ဆေးဖို့သူစာ တန်ခိုးကြီးစာ အသျှင်ထာဝရဘုရား ဖြစ်တေ။ ယင်းအတွက်န သူစာ မီးဖေါ်မာ ဘိုက်ချခြင်းကို ခံရလိမည်။” 9 ထိုမိန်းမန ကာမဂုဏ် လိုက်စားလီကတ်စာ အရာ စဉ့်စိမ်ချမ်းသာခြင်းကို လိုက်စားလီကတ်စာ ကမ္ဘာမာ မင်းရို့စာ ထိုမဟာမြို့ မီးဖေါ်မာ အထည့်ခံရေခါ မီးခိုးကို မြင်ရို့ ဝမ်းနည်းရို့ ငိုကတ်လိမည်။ 10 ထိုမင်းရို့စာ သူ့ပိုင်တထန် ဝေဒနာ ခံရဖို့စာကို ကြောက်ရို့ အဝီးက ရပ်ရို့ ပြောကတ်လိမည်၊ “အိုး မဟာဗာဗုလုန်မြို့! တန်ခိုးကြီးစာ မဟာမြို့! နင် တစ်နားသျှေမာ အပြစ်ဒါဏ်ကို ခံရနီဗျာ!” 11 ကမ္ဘာမာဟိစာ ကုန်သေရို့စာ ကိုယ်ရို့မာ ဟိသမျ ဝန်တိကို တစ်ယောက်လည်း ဝယ်ဖို့ မဟုတ်ပျာ ဆိုပြီးကေ ထိုမိန်းမအတွက် ဝမ်းနည်းရို့ ငိုကတ်လိမည်။ 12 ထိုကုန်သေရို့ ဝန်တိအထဲမာ ပထမ တစ်ဇတ်သား ဝန်တိစာ ရွှေ၊ ငွေ၊ တန်ဖိုးဟိစာ ကျောက်မျက် အရာ ကျောက်ပုလဲ ဖြစ်တေ။ ဒုတိယ တစ်ဇတ်သား ဝန်တိစာ ပိတ်ချောအဝတ်၊ ခရမ်းရောင်အဝတ်၊ ပိုးအဝတ် အရာ ကြက်သွီးရောင်အဝတ် ဖြစ်တေ။ တတိယ တစ်ဇတ်သား ဝန်တိစာ အမျိုးမျိုး နံသာ၊ ဆင်စွယ်၊ တန်ဖိုးဟိစာ သစ်သား၊ ကြီးဝါ၊ သံ အရာ ကျောက်ဖြူတိ ဖြစ်တေ။ 13 စတုတ္ထ တစ်ဇတ်သား ဝန်တိစာ သစ်ကြံပိုး၊ ဟင်းမွှီးစိ၊ နံသာပေါင်း၊ ရီမွှီးဆီ၊ လောဗန်ဆီ၊ စပျစ်ရည်၊ ဝါဟောင်းဆီ၊ ဂျုံမုန့် အရာ ဂျုံဆန် ဖြစ်တေ။ ပဥ္စမ တစ်ဇတ်သား ဝန်တိစာ နွား၊ သိုးဆိတ်၊ မြင်း၊ ရထား အရာ ကျွန် ဖြစ်တေ။ 14 ထိုကုန်သေရို့စာ ပြောကတ်လိမည်၊ “အိုး မဟာဗာဗုလုန်မြို့၊ နင် လိုချင်စာ အမြတ်အစွန်းတိ ပျက်ဆုံးလားခဗျာ၊ နင့်မာ ဟိသမျ ပစ္စည်း-ဥစ္စာတိန ကြွယ်ဝချမ်းသာခြင်းတိလည်း ပျက်ဆုံးလားခဗျာ။ အရာတစ်ခါလည်း ထို ဟိသမျ အားကုံးကို ပြန်ရို့ ရဖို့ မဟုတ်ပျာ။” 15 ထို ဟိသမျ ဝန်တိကို အရောင်းအဝယ် လုပ်ရို့ သူဌေး ဖြစ်လီကတ်စာ ကုန်သေရို့စာ သူ့ပိုင်တထန် ဝေဒနာ ခံရဖို့စာကို ကြောက်ရို့ အဝီးက ရပ်ရို့ နီကတ်လိမည်။ 16 အရာ သူရို့စာ ဝမ်းနည်းရို့ ငိုပြီးကေ ပြောကတ်လိမည်၊ “အိုး...အို့! မဟာဗာဗုလုန်မြို့ ပျက်ဆုံးလားခဗျာ! ဇာလှောက် ကြောက်ဖို့ကောင်းရေလည်း! နင်စာ ပိတ်ချောအဝတ်၊ ခရမ်းရောင်အဝတ်၊ အရာ ကြက်သွီးရောင်အဝတ်တိကို ဝတ်ရို့ နီလီရေ။ အရာ ရွှေ၊ အဖိုးတန် ကျောက်မျက်၊ အရာ ကျောက်ပုလဲကို ဝတ်ရို့ နီလီရေ။ 17 တစ်နားသျှေမာ နင့်မာ ဟိသမျ ပစ္စည်း-ဥစ္စာ ပျက်ဆုံးလားခဗျာကား!” ယင်းခါ သင်္ဘောသူကြီးရို့၊ သင်္ဘောန ခရီးထွက်သူရို့၊ သင်္ဘောသမားရို့ အရာ ပင်လယ်ကုန်သေရို့ အားကုံးသူ အဝီးက ရပ်ရို့ နီကတ်လီရေ။ မဟာဗာဗုလုန်မြို့အတွက် လောကသားရို့ ဝမ်းနည်းခြင်း 18 ထိုမဟာမြို့ကို မီးမာ ထည့်ရေခါ သူရို့စာ မီးခိုးကို မြင်ရို့ အသံအကြီးန ပြောကတ်လီရေ၊ “ဒေ မဟာမြို့ပိုင် အရာတစ်မြို့လည်း မဟိလီ!” 19 အရာ သူရို့စာ ကိုယ်ရို့ အဂေါင်းမာ မြေမုန့် ဖြန်းကတ်လိမည် အရာ ဝမ်းနည်းပြီးကေ အော်ရို့ ငိုကတ်လိမည်၊ “အိုး...အို့! မဟာမြို့ ပျက်ဆုံးလားခဗျာ! ဇာလှောက် ကြောက်ဖို့ကောင်းရေလည်း! ပင်လယ်မာ ဟိသမျ သင်္ဘော အပိုင်သျှင်ရို့စာ သူ၏ ပစ္စည်း-ဥစ္စာ အကြောင်းန သူဌေး ဖြစ်လီကတ်တေ။ ကြည့်ကတ်၊ သူစာ တစ်နားသျှေမာ ပျက်ဆုံးလားခဗျာ!” 20 သူရို့စာ အရာလည်း ပြောကတ်လီရေ၊ “အိုး ဂေါင်းခင်ဘုံ၊ ထိုမဟာမြို့ ပျက်ဆုံးခြင်းအကြောင်းန နင် ဝမ်းသာဖိ! အိုး ထာဝရဘုရား၏ လူရို့န တမန်တော်ရို့၊ နင်ရို့ ဝမ်းသာကတ်ဖိ! အိုး ဘုရားသတင်းပို့သူရို့၊ နင်ရို့ ပျော်ကတ်ဖိ! အကြောင်းကား ထိုမဟာမြို့ နင်ရို့ကို ဆန့်ကျင်ရို့ လုပ်လီစာ အလုပ်အတွက် ထာဝရဘုရား၏ တရားစစ်ဆေးခြင်းကို ခံရဗျာ။” မဟာဗာဗုလုန်မြို့န ယင်းထဲမာ ဟိသမျ အားကုံး ပျက်ဆုံးခြင်း 21 ယင်းနောက် တန်ခိုးကြီးစာ ဂေါင်းခင်နတ်သား တစ်ပါးစာ ကျောက်ဆုံနတူစာ ကျောက်လုံးကြီးတစ်လုံးကို ပင်လယ်တို့ ဘိုက်ချရို့ ပြောလီရေ၊ “ထိုမဟာဗာဗုလုန်မြို့စာ ဒေပိုင် ဘိုက်ချခြင်းကို ခံရလိမည်၊ ထိုမဟာမြို့ကို အရာတစ်ခါလည်း ရှာရို့ တွိလိမည် မဟုတ်။ 22 နင့်အထဲက စောင်းတီးသံ၊ တေးခြင်းဆိုသံ၊ နှဲမှုတ်သံ၊ ဘောမှုတ်သံ၊ အရာ ကြိတ်ဆုံအသံကို တစ်ခါလည်း ကြားရလိမည် မဟုတ်။ အရာ အလုပ်တတ်စာ လက်သမား တစ်ယောက်ကိုလည်း ရှာရို့ ရလိမည် မဟုတ်။ 23 ဆီမီးကျိုင် အလင်းရောင်ကို အရာတစ်ခါလည်း မြင်ရလိမည် မဟုတ်။ လင်သျှာန မယားသျှာ စကား ပြောသံကိုလည်း နင့်အထဲက တစ်ခါလည်း ကြားရလိမည် မဟုတ်။ နင့်မာ ကုန်သေရို့စာ ဒေ ကမ္ဘာမာ နာမည်ကျော် ဟိကတ်လီရေ၊ အရာ နင်စာ ဟိသမျ လူမျိုးရို့ကို အမျိုးမျိုးပိုင် မန်းဒရားပြုရို့ လိမ်လှည့်လီရေ။” 24 အရာ ဘုရားသတင်းပို့သူရို့၊ ထာဝရဘုရား၏ လူရို့ အရာ ကမ္ဘာမာ ဟိသမျ အသီအသတ် ခံရလီကတ်စာ လူရို့ သွီးကို ဒေ ဗာဗုလုန်မြို့မာ တွိလီရေ။ |
©2023 Wycliffe Bible Translators, Inc.
Wycliffe Bible Translators, Inc.