ဗျာဒိတ် 15 - Marmaဂေါင်းခင်နတ်သား ခုနစ်ပါးန ဘေးအန္တရာယ်ခုနစ်ခု 1 ယင်းနောက် ငါစာ ဂေါင်းခင်ဘုံမာ ကြီးမြတ်စာ အခြား အံ့ဩဖွယ်-နိမိတ်လက္ခဏာ တစ်ခုကို မြင်လီရေ။ ထိုနိမိတ်လက္ခဏာစာ ဒေပိုင်၊ ဂေါင်းခင်နတ်သား ခုနစ်ပါးအလက်မာ ဘေးအန္တရာယ်ခုနစ်ခုကို ကိုင်ရို့ ဟိလီရေ။ ထိုဘေးအန္တရာယ်တိကို နောက်ဆုံး ဘေးအန္တရာယ် ဟို့ ခေါ်ရေ၊ အကြောင်းကား ထိုဘေးအန္တရာယ်တိ ပီးခြင်းကနီရို့ ထာဝရဘုရား၏ အငြိုဒေါသလည်း ပြီးဆုံးဖို့။ 2 ယင်းနောက် ငါစာ မီးနရောစာ မှန်ပင်လယ်တစ်ခုပိုင် မြင်လီရေ။ ထိုတိရစ္ဆာန်န တိရစ္ဆာန် ရုပ်တုကို အရာ တိရစ္ဆာန်နာမည် ၆၆၆ ဂဏန်းကို အောင်မြင်သူရို့ကိုလည်း ငါ မြင်လီရေ။ သူရို့စာ ထာဝရဘုရားက ရလီစာ စောင်းတိကို ကိုင်ရို့ ထိုမှန်ပင်လယ်နားမာ ရပ်ရို့ ဟိကတ်လီရေ။ 3 သူရို့စာ ထာဝရဘုရား၏ ကျွန် မောရှေ တေးခြင်းန သိုးဆိတ်သျှေ တေးခြင်းကို ဆိုကတ်လီရေ၊ “အိုး အနန္တတန်ခိုးနပြည့်စုံစာ အသျှင်ထာဝရဘုရား၊ ကိုယ်တော်၏ အလုပ်စာ ကောင်းကောင်း ကြီးမြတ်ပါရေ၊ အရာ ကောင်းကောင်း အံ့ဩဖွယ် ဖြစ်ပါရေ! အိုး ဟိသမျ လူမျိုးရို့မာ မင်း၊ ကိုယ်တော်၏ နည်းလမ်းစာ တရားမျှတခြင်းန မှန်ကန်ခြင်း ဟိပါရေ! 4 အိုး အသျှင်၊ ကိုယ်တော်ကို အသူ မကြောက်ပါလည်း? အရာ ကိုယ်တော်၏ နာမည်ကို အသူ မချီမွမ်းပါလည်း? အကြောင်းကား ကိုယ်တော် တစ်ပါးတည်းရာ သန့်ရှင်းပါရေ။ ဟိသမျ လူမျိုးရို့ ကိုယ်တော်တို့ လာကတ်ပါလိမည်၊ အရာ အားကုံးသူ ကိုယ်တော်ကို ကိုးကွယ်ကတ်ပါလိမည်၊ အကြောင်းကား ကိုယ်တော်၏ တရားမျှတခြင်း ပေါ်ထွန်းပါဗျာ။” 5 ယင်းနောက် ဂေါင်းခင်ဘုံမာ ဝိပဿနာကျောင်း ဖွင့်ရို့ ဟိစာကို ငါ မြင်လီရေ။ ယင်းအဓိပ္ပါယ်ကား သန့်ရှင်းစာ တဲခုတ်ထဲမာ မဟာသန့်ရှင်းစာနေရာ ဖွင့်ရို့ ဟိစာကို ငါ မြင်လီရေ။ 6 ယင်းခါ ထိုဂေါင်းခင်နတ်သား ခုနစ်ပါးစာ ဘေးအန္တရာယ်ခုနစ်ခုကို ယူရို့ ဝိပဿနာကျောင်းမာ မဟာသန့်ရှင်းစာနေရာက ထွက်လာကတ်လီရေ။ သူရို့စာ ပပြောင်လလက် ဖြူစင်စာ အဝတ်ကို ဝတ်ရို့ ဟိလီရေ အရာ ရွှေရင်ပတ်ကို ဇလွယ်ခက်ရို့ ဟိလီရေ။ 7 ယင်းနောက် သတ္တဝါလေးပါးအထဲက တစ်ပါးစာ ထိုဂေါင်းခင်နတ်သား ခုနစ်ပါးကို ရွှေခွက်ခုနစ်ချပ် ပီးလီရေ။ ထိုခွက်တိမာ ကမ္ဘာအဆက်ဆက် အသက်ရှင်နီစာ ထာဝရဘုရား၏ အငြိုဒေါသ အပြည့် ဟိလီရေ။ 8 ထာဝရဘုရား၏ ဘုန်းတန်ခိုးန တန်ခိုးက ထွက်လာစာ မီးခိုးတိစာ မဟာသန့်ရှင်းစာနေရာမာ ပြည့်လားခလီရေ။ ထိုဂေါင်းခင်နတ်သား ခုနစ်ပါးမာ ဘေးအန္တရာယ်ခုနစ်ခု မပြီးဆုံးသကြား ထိုမဟာသန့်ရှင်းစာနေရာတို့ တစ်ယောက်လည်း ဝင်ဖို့ မရကတ်လီ။ |
©2023 Wycliffe Bible Translators, Inc.
Wycliffe Bible Translators, Inc.