Online Bible

- Reklamy -

মার্ক 7 - Marma


လူ့ထုံးစဉ်န ထာဝရဘုရား၏ ပညှတ်ချက်
( မဿဲ ၁၅:၁-၉ )

1 တစ်ရက်နိ ယေရုရှလင်မြို့က လာကတ်စာ ဖာရိရှဲအဖွဲ့သား လိုင်းကေယောက်န ကျမ်းဆရာ လိုင်းကေယောက်စာ ယေရှုအနားမာ လာရို့ စုကတ်လီရေ။

2 သူရို့စာ ယေရှု တပည့် လိုင်းကေယောက် အလက် မဆီးဘိုင်းန စားသောက်စာကို မြင်ကတ်လီရေ။

3 ဖာရိရှဲအဖွဲ့သားရို့န ဟိသမျ ယုဒလူရို့စာ ခိုက်ဟောင်းက ကျမ်းဆရာရို့ ပီးခစာ ထုံးစဉ်အတိုင်း အလက် မဆီးဘိုင်းန တစ်ခုလည်း မစားမသောက်လီကတ်။

4 အရာ ဈီးက ပြန်လာကတ်တေခါလည်း အခြီအလက် မဆီးဘိုင်းန တစ်ခုလည်း မစားမသောက်လီကတ်။ ယင်းသျှင့်ကို ပယ်ရို့ သူရို့မာ အရာလည်း အများကြီး ထုံးစဉ်တိ ဟိသိရေ။ ထိုထုံးစဉ်တိအထဲမာ လောင်ပန်း၊ ဟင်းစား အရာ ရီအိုးခွက်သျှေကို စင်အောင် ဆီးခြင်းတိ ဖြစ်တေ။

5 ယင်းအတွက်န ဖာရိရှဲအဖွဲ့သားရို့န ကျမ်းဆရာရို့စာ ယေရှုကို မီးကတ်လီရေ၊ “ကိုယ်ဘင်မာ တပည့်ရို့ ခိုက်ဟောင်းက ကျမ်းဆရာရို့ ပီးခစာ ထုံးစဉ်ကို မလိုက်နာကတ်ကား? သူရို့ကား အခြီအလက် မဆီးဘိုင်းန စားသောက်ကတ်တေ။”

6 ယေရှုစာ အဖြေပီးလီရေ၊ “ကိုယ်ဘင်ရို့ အယောင်ဆောင် ဖြစ်ကတ်တေ! ကိုယ်ဘင်ရို့ အကြောင်းကို ဘုရားသတင်းပို့သူ ဟေရှာယ ပြောခစာ စကားတိ မှန်ရေ။ သူ၏ ကျမ်းစာမာ ရွီးရို့ ဟိရေ၊ ‘ဒေ လူရို့ ငါ့ကို ပစနရာ ရိုသေကတ်တေ၊ ယေကေလည်း သူရို့မာ စိတ်နှလုံးစာ ငါန အဝီး ဟိရေ။

7 သူရို့စာ ဟန်ဆောင်မှုန ငါ့ကို ကိုးကွယ်နီကတ်တေ၊ အရာ သူရို့စာ လူရို့ ထုတ်လုပ်စာ ထုံးစဉ်တိကို ထာဝရဘုရား၏ ပညှတ်ချက် ဆိုပြီးကေ သင်ပီးနီကတ်တေ။’

8 “ကိုယ်ဘင်ရို့စာ ထာဝရဘုရား၏ ပညှတ်ချက်တိကို ပယ်ရို့ လူရို့ ထုတ်လုပ်စာ ထုံးစဉ်တိကို လိုက်နာနီကတ်တေ။”

9 ယေရှုစာ သူရို့ကို အရာလည်း ပြောလီရေ၊ “ကိုယ်ဘင်ရို့ ထာဝရဘုရား၏ ပညှတ်ချက်တိကို ပယ်ရို့ ကိုယ်ရို့မာ ခိုက်ဟောင်းက ထုံးစဉ်တိကို လိုက်နာဖို့အတွက် ကောင်းစာ နည်းလမ်းတိကို သိထားကတ်တေ။

10 ကိုင်လိုက်ဖိ၊ မောရှေ ပြောခလီရေ၊ ‘အမိအဖကို ရိုသေလေးစားရဖို့၊’ အရာ ‘ကိုယ့်အမိအဖကို တရိုက်သူစာ အမှန် သီဒါဏ် ခံရဖို့။’

11-12 ယေကေလည်း ကိုယ်ဘင်ရို့ ပြောနီကတ်တေ၊ ‘အသူမဆို အမိကို မဟုတ်ကေ အဖကို၊ “ငါ့မာ အမိန အဘာကို ကူညီဖို့စာ ဝန်အားကုံးကို ထာဝရဘုရားဘားမာ ကော်ရ်ဘင် လုပ်ဘိုက်လိုက်ပျာ” ဟို့ ပြောရေဆိုကေ ယင်းသူမာ အမိအဖကို ကူညီဖို့စာ တာဝန် မဟိဗျာ။’ (ကော်ရ်ဘင်ဆိုစာ အဓိပ္ပါယ်ကား ထာဝရဘုရားဘားမာ လှူဘိုက်လိုက်ပျာ)။

13 ယင်းပိုင် ကိုယ်ဘင်ရို့စာ ခိုက်ဟောင်းက ထုံးစဉ်တိကို သွန်သင်ပီးရို့ ထာဝရဘုရား၏ ပညှတ်ချက်တိကို ပယ်ဘိုက်လိုက်ကတ်ပျာ။ ထိုထုံးစဉ်တိကိုပိုင် ကိုယ်ဘင်ရို့ အရာလည်း အများကြီး ထုံးစဉ်တိကို လိုက်နာနီကတ်တေ။”


မသန့်စင်စာ အကြောင်းကို သွန်သင်ခြင်း
( မဿဲ ၁၅:၁၀-၂၀ )

14 ယင်းနောက် သူစာ အရာတစ်ပြန် လူရို့ကို ကိုယ့်အနားတို့ ခေါ်ရို့ ပြောလီရေ၊ “ကိုယ်ဘင်ရို့ အားကုံးသူ ငါ့စကားကို နားထောင်ရို့ နားလည်ကတ်။

15 ပြင်ကနီရို့ လူပစတို့ ဝင်စာတိစာ လူကို မသန့်စင်အောင် မလုပ်နိုင်၊ ယေကေလည်း လူပစက ထွက်လာစာတိရာ လူကို မသန့်စင်အောင် လုပ်တေ။

16 ငါ့စကားကို နားထောင်ချင်သူရို့ နားထောင်ကတ်။”

17 ယင်းနောက် ယေရှုစာ လူရို့ကို ထားဘိုက်ခရို့ အိမ်ထဲတို့ ဝင်လီရေ။ ယင်းခါ တပည့်ရို့စာ ယေရှု ပြောစာစကား အဓိပ္ပါယ်ကို မီးကတ်လီရေ။

18 ယေရှုစာ သူရို့ကို ပြောလီရေ၊ “နင်ရို့ ကောင်းကောင်း ညာဏ် နည်းကတ်တေကား! ပြင်ကနီရို့ လူအဝမ်းထဲတို့ ဝင်စာတိစာ လူကို မသန့်စင်အောင် မလုပ်နိုင်ဆိုစာကို နင်ရို့ နားမလည်ကတ်သိလော?

19 အကြောင်းကား ပြင်ကနီရို့ လူအဝမ်းထဲတို့ ဝင်စာတိစာ စိတ်နှလုံးတို့ မဝင်၊ ယေကေလည်း လူအဝမ်းထဲတို့ရာ ရောက်လားခရေ အရာ နောက်ဆုံးပြီးမာ အစာကြီရို့ လူခန္ဓာက ထွက်လားခရေ။” ထိုစကားတိကို ပြောစာကနီရို့ ဟိသမျ အစားအစာ သန့်စင်ရေဆိုစာကို ယေရှု ရှင်းပြလီရေ။

20 ယေရှုစာ အရာလည်း ပြောလီရေ၊ “လူစိတ်နှလုံးက ထွက်လာစာတိစာ လူကို မသန့်စင်အောင် လုပ်တေ၊

21-22 အကြောင်းကား မကောင်းစာ စဉ်းစားချက်၊ ဟိသမျ ကာမဂုဏ် လိုက်စားခြင်း၊ ခိုးခြင်း၊ လူအသက်ကို သတ်ခြင်း၊ လောဖတတ်ခြင်း၊ အခြားတစ်ယောက်ကို ဖျက်စီးဖို့ သဖေါထားခြင်း၊ လိမ်စားခြင်း၊ အကျင့်ပျက်ခြင်း၊ ပုတ်ခတ်ရို့ စကားပြောခြင်း၊ ဘဝင်မြင့်ခြင်း အရာ ပညာတုံးခြင်းတိ လူစိတ်နှလုံးထဲက ထွက်လာရေ။

23 ထို ဟိသမျ ဆိုးယုတ်ခြင်းတိစာ လူအထဲက ထွက်လာရေ အရာ လူကို မသန့်စင်အောင် လုပ်တေ။”


ယုဒမဟုတ်စာ မိန်းမတစ်ယောက် ကျုံခြင်း
( မဿဲ ၁၅:၂၁-၂၈ )

24 ယင်းနောက် ယေရှုစာ ယင်းနေရာက ထွက်ရို့ တုရုမြို့အရပ်တို့ ကြွလီရေ။ ယင်းအရပ်မာ သူစာ အိမ်တစ်အိမ်မာ တည်းလီရေ အရာ သူစာ ကိုယ်ရောက်လာစာကို ထိန်ထားဖို့ ကြည့်လီရေ။ ယေကေလည်း သူစာ ကိုယ့်ကို ဖုံးရွှက်ရို့ မတိန်လီ၊

25 အကြောင်းကား ထိုမြို့မာ မိန်းမတစ်ယောက် ဟိလီရေ။ သူ့မာ သမီးကို နတ်ဆိုး ကိုင်ရို့ ဟိလီရေ။ ထိုမိန်းမစာ ယေရှု ရောက်လာရေဆိုစာကို ကြားရေချက်ချင်း ယေရှုအခြီရင်းမာ ဒူးထောက်လီရေ။

26 သူစာ ယုဒမဟုတ်စာ မိန်းမ ဖြစ်တေ အရာ သူစာ ရှုရိဖိနိတ်ပြည်မာ မွီးဖွားလီသူ ဖြစ်တေ။ သူစာ ကိုယ့်သမီးခန္ဓာက နတ်ဆိုးနှင်ထုတ်ဖို့အတွက် ယေရှုကို အညှိုးခံရို့ တောင်းပန်လီရေ။

27 ယေရှုစာ သူ့ကို ပြောလီရေ၊ “အယင်ဆုံး သားသမီးရို့ ဝအောင် စားကတ်ပတ်စီအုန့်သိ၊ အကြောင်းကား ကိုယ့်သားသမီးရို့ စားဖို့စာ အစားအစာကို ခွီးကို ပီးဖို့ မကောင်း။”

28 ယင်းခါ မိန်းမစာ သူ့ကို ပြောလီရေ၊ “အသျှင် ပြောစာစကား မှန်ပါရေ၊ ယေကေလည်း သားသမီးရို့ စားပွဲခုံအောက်မာ ကျစာ အပဲ့အခြမ်းတိကို ခွီးတိရာ စားပါရေ။”

29 ယေရှုစာ သူ့ကို ပြောလီရေ၊ “နင် ပြောစာစကား မှန်ရေ! နင် ဒေဂု လားရို့ ကြည့်ခီ၊ နင့် သမီးခန္ဓာက နတ်ဆိုး ထွက်လားခဗျာ။”

30 ထိုမိန်းမစာ အိမ်တို့ ပြန်လားခရေခါ ကိုယ့်သမီး အိပ်ရာမာ လဲရို့ဟိစာန သမီးခန္ဓာက နတ်ဆိုး ထွက်လားခစာကို မြင်လီရေ။


စကားအာ့စာ နားပင်းတစ်ယောက် အကောင်းဖြစ်ခြင်း

31 ယင်းနောက် ယေရှုစာ တုရုမြို့က ထွက်ရို့ ဇိဒုန်မြို့တို့ ကြွလီရေ အရာ သူစာ ထိုမြို့အထဲက ဝင်ရို့ ဂါလိလဲမြစ်ကမ်းနားမာဟိစာ ဒေကာပေါလိပြည်နယ်မာ မြို့ရွာတိတို့ ကြွလီရေ။

32 ထိုနေရာမာ လူလိုင်းကေယောက်စာ စကားအာ့စာ နားပင်းတစ်ယောက်ကို ယေရှုတို့ ယူလာကတ်လီရေ။ အရာ ထိုလူခန္ဓာမာ အလက်တင်ရို့ အကောင်း လုပ်ဖို့အတွက် သူရို့စာ အညှိုးခံရို့ ယေရှုကို တောင်းပန်ကတ်လီရေ။

33 ယင်းခါ ယေရှုစာ ထိုလူကို လူကျိုင်ထဲက ထုတ်ရို့ ကွယ်ရာတို့ ခေါ်ယူလားလီရေ အရာ ထိုလူနားနှစ်ဖက်မာ ကိုယ့်လက်ညှိုးကို ထိုးလီရေ။ ယင်းနောက် သူစာ တန်းဆီးဆွတ်ရို့ ထိုလူလျှာကို ကိုင်လီရေ။

34 အရာ သူစာ ဂေါင်းခင်တို့ မော်ကြည့်ပြီးကေ အသက်ကြီးချရို့ ထိုလူကို ပြောလီရေ၊ “ဧဖသ။” ယင်းအဓိပ္ပါယ်ကား၊ “ပွင့်လားလီ။”

35 ယင်းခါ ထိုလူမာ နားလည်း ပွင့်လားခလီရေ၊ လျှာလည်း ညံ့လားခလီရေ အရာ စကားလည်း ပပီသာသ ပြောဖို့ နိုင်လီရေ။

36 ယေရှုစာ ယင်းအကြောင်းကို တစ်ယောက်ဘားမာလည်း မပြောရအောင် ဟန့်လိုက်လီရေ။ ယေကေလည်း ယေရှုစာ သူရို့ကို ဇာလှောက်ပင် ဟန့်လီ၊ သူရို့စာ ယင်းထက် ပိုရို့ ထိုအကြောင်းကို ပြောပြကတ်လီရေ။

37 ထိုဖြစ်ပျက်ခြင်းကို မြင်ရို့ လူရို့စာ ကောင်းကောင်း အံ့ဩရို့ ပြောကတ်လီရေ၊ “သူစာ ဟိသမျ အလုပ်ကို စိသားပါးနားကျ လုပ်တေ။ သူစာ နားပင်းရို့ကို နားကြားအောင် လုပ်တေ အရာ ပပွါးရို့ကို စကားပြောဖို့ နိုင်အောင် လုပ်တေ။”

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy