Online Bible

- Reklamy -

মার্ক 4 - Marma


လယ်သမားတစ်ယောက် ပုံဥပမာ
( မဿဲ ၁၃:၁-၉ ၊ လုကာ ၈:၄-၈ )

1 ယေရှုစာ အရာတစ်ပြန် ဂါလိလဲမြစ်ကမ်းနားမာ လူရို့ကို သွန်သင်ပီးလီရေ။ ယင်းခါ သူ့လေးဖက်လက်စိမာ လူအများကြီး လာရို့ စုကတ်လီရေ။ ယင်းအတွက်န သူစာ လောင်းတစ်စင်းမာ တက်ရို့ ထိုင်လီရေ။ ယေကေလည်း လူရို့စာ မြစ်ကမ်းနားမာ ရပ်ရို့ နီကတ်လီရေ။

2 သူစာ ပုံဥပမာ တင်ပြရို့ အကြောင်းအရာ အများကြီး လူရို့ကို သွန်သင်ပီးလီရေ။ ထိုသွန်သင်ချက်တိအထဲက သူစာ ဒေပိုင် ပြောလီရေ၊

3 “နားထောင်၊ လယ်သမားတစ်ယောက် လယ်မာ မျိုးစိကြဲဖို့ လားခလီရေ။

4 မျိုးစိကြဲရေခါ တစ်ချိုးမျိုးစိတိစာ လမ်းနားမာ ကျရေအတွက်န ငှက်တိ လာရို့ တောက်စားဘိုက်လိုက်လီရေ။

5 အရာ တစ်ချိုးမျိုးစိတိစာ ကျောက်နရောစာမြေမာ ကျလီရေ။ ယင်းနေရာမာ မြေသား အများ မဟိလီရေအတွက်န အညှောင့် အယင် ထွက်လာလီရေ။

6 ယေကေလည်း နီထွက်လာရေခါ ထိုအညှောင့်တိစာ ညှိုးလားခလီရေ အရာ အမြစ် အလှပ မထိုးရေအတွက်န ခြောက်လားခလီရေ။

7 အရာ တစ်ချိုးမျိုးစိတိစာ စူးခြုံတောမာ ကျလီရေ။ စူးပင်တိ ကြီးလာရေခါ ပေါက်လာစာ ပျိုးပင်သျှေတိကို ဖိထားလီရေ။ ယင်းအတွက်န ထိုပျိုးပင်သျှေမာ အသီး မသီးနိုင်လီ။

8 ယေကေလည်း တစ်ချိုးမျိုးစိတိစာ မြေအကောင်းမာ ကျလီရေ အရာ ပျိုးပင်သျှေ ပေါက်ရို့ ကြီးလာရေခါ အသီးသီးလီရေ။ ထိုအပင်တိအထဲက တစ်ချိုးအပင်မာ အဆသုံးဆယ်၊ တစ်ချိုးအပင်မာ အဆခြောက်ဆယ် အရာ တစ်ချိုးအပင်မာ အဆတစ်ရာတိုင်အောင် အသီးသီးလီရေ။”

9 နောက်ဆုံးပြီးမာ သူစာ ပြောလီရေ၊ “ငါ့စကားကို နားထောင်ချင်သူရို့ နားထောင်ကတ်။”


ပုံဥပမာ ရွယ်မှတ်ချက်
( မဿဲ ၁၃:၁၀-၁၇ ၊ လုကာ ၈:၉-၁၀ )

10 လူပရိတ်သတ်ရို့ မဟိရေခါ ယေရှုနအတူ ပါသူရို့န သူ့မာ တပည့် တစ်ဆယ့်နှစ်ယောက်စာ ပုံဥပမာ အဓိပ္ပါယ်ကို ယေရှုကို မီးကတ်လီရေ။

11 ယင်းခါ ယေရှုစာ သူရို့ကို အဖြေပီးလီရေ၊ “ထာဝရဘုရား၏ နိုင်ငံတော် ဖုံးရွှက်စာ မှန်ကန်ခြင်း အဓိပ္ပါယ်တိကို နင်ရို့ကို သိဖို့အခွင့်ပီးဗျာ၊ ယေကေလည်း ငါ ပုံဥပမာ တင်ပြရို့ အခြားလူရို့ကို ထိုအကြောင်းတိကို သွန်သင်ပီးရေ၊

12 အကြောင်းကား ကျမ်းစာမာ ရွီးရို့ ဟိရေ၊ ‘သူရို့စာ ကြည့်ကေလည်း မြင်ရကတ်လိမည် မဟုတ်၊ အရာ ကြားကေလည်း အနက်အဓိပ္ပါယ်ကို နားလည်ကတ်လိမည် မဟုတ်။ ယင်းပိုင် မဟုတ်ဆိုကေ သူရို့စာ အပြစ်က စိတ်လှည့်ရို့ ထာဝရဘုရားတို့ ပြန်လာကတ်ဖို့၊ အရာ အပြစ် ခွင့်ရွှတ်ခြင်းကို ရကတ်ဖို့။’”


လယ်သမား ပုံဥပမာ အဓိပ္ပါယ်ကို ရှင်းပြခြင်း
( မဿဲ ၁၃:၁၈-၂၃ ၊ လုကာ ၈:၁၁-၁၅ )

13 ယင်းနောက် ယေရှုစာ သူရို့ကို ပြောလီရေ၊ “နင်ရို့ ဒေ ပုံဥပမာ အဓိပ္ပါယ်ကို နားမလည်ကတ်လော? ယင်းပိုင်ဆိုကေ အခြားပုံဥပမာ အဓိပ္ပါယ်ကို နင်ရို့ ဇာပိုင်ပျင်ရို့ နားလည်ကတ်ဖို့လည်း?

14 လယ်သမား ကြဲလီစာ မျိုးစိတိစာ ထာဝရဘုရား၏ စကားတော် ဖြစ်တေ။

15 လမ်းနားမာ ကျစာမျိုးစိတိစာ ထာဝရဘုရား၏ စကားတော်ကို နားထောင်ကတ်စာ လူတစ်မျိုးနတူကတ်တေ။ သူရို့စာ စကားတော်ကို ကြားရို့အတိုင်းလည်း မာရ်နတ်စာ ချက်ချင်း လာရို့ သူရို့ စိတ်နှလုံးက ထိုစကားတော်ကို နုတ်ယူလားခရေ။

16 “အရာ ကျောက်နရောစာမြေမာ ကျစာမျိုးစိတိစာ ထိုစကားတော်ကို နားထောင်ကတ်စာ လူတစ်မျိုးနတူကတ်တေ။ သူရို့ ထိုစကားတော်ကို ကြားရေချက်ချင်း ဝမ်းသာရို့ လက်ခံကတ်တေ။

17 ယေကေလည်း ထိုစကားတော်စာ သူရို့ စိတ်နှလုံးမာ အမြစ် အလှပ မထိုးနိုင်။ ယင်းအတွက်န သူရို့စာ တစ်ရက်နှစ်ရက်တောက်ရာ တည်မြဲနိုင်ခကတ်တေ။ ယင်းနောက် သူရို့စာ ထိုစကားတော် အကြောင်းန ညှဉ်းဆဲခြင်းန ဒုက္ခကို ခံရရေချက်ချင်း နောက်ဆုတ်လားခကတ်တေ။

18 “စူးခြုံတောမာ ကျစာမျိုးစိတိစာ ထိုစကားတော်ကို နားထောင်ကတ်စာ အခြားလူတစ်မျိုးနတူကတ်တေ။

19 သူရို့စာ ထိုစကားတော်ကို ကြားရို့အတိုင်းလည်း သူရို့မာ အိမ်ထောင်ရေး စဉ်းစားခြင်း၊ ပစ္စည်း-ဥစ္စာကို တွယ်တာခြင်း အရာ အမျိုးမျိုး ဝန်တိကို လောဖတတ်ခြင်းစာ သူရို့ စိတ်နှလုံးမာဟိစာ ထာဝရဘုရား၏ စကားတော်ကို ဖိထားရေ။ ယင်းအတွက်န သူရို့ ဘဝမာ ကောင်းစာ အသီးတိ မသီးနိုင်။

20 “မြေအကောင်းမာ ကျစာမျိုးစိတိစာ ထိုစကားတော်ကို နားထောင်ကတ်စာ အရာလည်း အခြားလူတစ်မျိုးနတူကတ်တေ။ သူရို့စာ ထိုစကားတော်ကို ကြားရေအတိုင်း လက်ခံရို့ အသီးသီးကတ်တေ အရာ သူရို့အထဲက တစ်ယောက်တစ်ရီမာ အဆသုံးဆယ်၊ တစ်ယောက်တစ်ရီမာ အဆခြောက်ဆယ် အရာ တစ်ယောက်တစ်ရီမာ အဆတစ်ရာတိုင်အောင် အသီးသီးရေ။”


ဆီမီးခွက်ကို တောင်းနချုပ်ရို့ မထား
( မဿဲ ၅:၁၄-၁၆ ၊ လုကာ ၈:၁၆-၁၈ ၊ ၁၁:၃၃-၃၆ )

21 ယေရှုစာ အရာလည်း ပြောလီရေ၊ “အသူမဆို ဆီမီးခွက်ကို ထွန်းရို့ တောင်းချုပ်ရို့ ထားရေလော၊ မဟုတ်ကေ အိပ်ခုံအောက်က ချထားရေလော? သူစာ ထိုဆီမီးခွက်ကို ခုံထက်မာရာ တင်ထားရေ မဟုတ်လော?

22 ဇာ ဝန်ကိုမဆို ရွှက်ထားရေဆိုကေ ယင်းသျှင့်စာ တစ်ရက်နိ ပေါ်လာဖို့အတွက် ရွှက်ထားရေ။ အရာ ဇာ ဝန်ကိုမဆို ဖုံးထားရေဆိုကေ ယင်းသျှင့်စာ တစ်ရက်နိ ဖွင့်ပြဖို့အတွက် ဖုံးထားရေ။

23 ငါ့စကားကို နားထောင်ချင်သူရို့ နားထောင်ကတ်။”

24 ယင်းနောက် ယေရှုစာ အရာလည်း ပြောလီရေ၊ “နင်ရို့ ကြားရစာ အကြောင်းအရာတိကို စိတ်ဝင်စားကတ်။ နင်ရို့ ဇာလှောက် သတိန နားထောင်ကတ်ဖို့လည်း ယင်းလှောက် နားလည်ကတ်လိမည်။ ယင်းနောက် အရာလည်း ပိုရို့ နားလည်လာကတ်လိမည်။

25 လလုံလောက် ဟိသူကို အရာလည်း ပိုရို့ သွန်ပီးဖို့သိ။ ယင်းအတွက်န သူ့မာ အများကြီး ဖြစ်လိမည်။ ယေကေလည်း တစ်ခုလည်း မဟိသူက သူ့မာ ဟိစာတိကိုပင် လုယူဖို့သိ။”


အသီးအနှံ ပုံဥပမာ

26 ယင်းနောက် ယေရှုစာ အရာလည်း ပြောလီရေ၊ “ထာဝရဘုရား၏ နိုင်ငံတော်စာ လယ်မာ မျိုးစိကြဲစာ လူတစ်ယောက်နတူရေ။

27 သူစာ ညဉ့်မာတိုင်ကေ အိပ်ရို့ နိခင်းတိုင်ကေ အနိုးနီလီရေ။ ယင်းကြားမာ မျိုးစိက ပျိုးပင်သျှေ ပေါက်ရို့ ကြီးလာလီရေ။ ယေကေလည်း ဇာပိုင် ပေါက်ရို့ ကြီးလာလီရေလည်းဆိုစာကို သူစာ မသိလီ။

28 လယ်စာ ကိုယ့်အလိုတူန အသီးသီးလီရေ၊ ပထမဆုံး ပျိုးပင်သျှေ၊ ယင်းနောက် အနှံ အရာ အနှံထဲမာ စပါးသီးန ပြည့်လီရေ။

29 စပါးသီးမှည့်ရို့ ရိတ်ဖို့အချိန် ကျရေခါ လယ်သမားစာ ရိတ်ယူလီရေ။”


ရဲစိ ပုံဥပမာ
( မဿဲ ၁၃:၃၁-၃၃ ၊ လုကာ ၁၃:၁၈-၂၁ )

30 ယင်းနောက် ယေရှုစာ ပြောလီရေ၊ “ထာဝရဘုရား၏ နိုင်ငံတော်ကို ငါရို့ ဇာန နှိုင်းယှဉ်ရဖို့လည်း? ဇာ ပုံဥပမာကို အသုံးပြုရို့ ရှင်းပြရဖို့လည်း?

31 ထာဝရဘုရား၏ နိုင်ငံတော်စာ ရဲစိတစ်စိနတူရေ။ ထို ရဲစိကို လယ်မာ ကြဲရေခါ ဟိသမျ မျိုးစိတိထက် အသျှေဆုံး ဖြစ်တေ။

32 ယေကေလည်း ကြဲပြီးရေနောက် အညှောင့် ထွက်ရို့ ကြီးလာရေ အရာ ထို ရဲပင်စာ ဟိသမျ ဟင်းသီးဟင်းရွက်အပင်တိထက် အကြီးဆုံး အပင် ဖြစ်လာရေ။ ယင်းခါ ထိုအပင်အခက်အလက်တိမာ ငှက်တိ လာရို့ တင်းတည်ကတ်တေ။”

33 ယေရှုစာ ထာဝရဘုရား၏ နိုင်ငံတော် အကြောင်းကို အရာလည်း အများကြီး ပုံဥပမာကို အသုံးပြုရို့ လူရို့ဘားမာ ဟောပြောလီရေ။ သူစာ လူရို့ နားလည်ဖို့စာလှောက်ရာ သူရို့ဘားမာ ဟောပြောလီရေ။

34 သူစာ ပုံဥပမာ အသုံးမပြုဘိုင်းန သွန်သင် မပီးလီ၊ ယေကေလည်း တပည့်ရို့ သက်သက် ကိုယ်နအတူ နီရေခါ ဟိသမျ အားကုံးကို ရှင်းပြလီရေ။


လီမုန်တိုင်းကို တန့်စီခြင်း
( မဿဲ ၈:၂၃-၂၇ ၊ လုကာ ၈:၂၂-၂၅ )

35 ယင်းနိ နီဝင်လာရေခါ ယေရှုစာ ကိုယ့်တပည့်ရို့ကို ပြောလီရေ၊ “လား၊ ငါရို့ မြစ်ကမ်းတစ်ဖက်တို့ ကူးကတ်မည်။”

36 ယင်းခါ တပည့်ရို့စာ လူရို့ကို ထားဘိုက်ခရို့ ယေရှု တက်စာလောင်းမာ တက်ပြီးကေ ယေရှုနအတူ လိုက်ကတ်လီရေ။ သူရို့ လောင်းနအတူ အခြားလောင်းတိလည်း ပါလီရေ။

37 သူရို့ လောင်းလှော်ရို့ လားနီတုံးမာ လီမုန်တိုင်းကြီးတစ်ခု တိုက်လာလီရေ အရာ ရီလှိုင်းလုံးတိစာ လောင်းမာ အက်ကျပြီးကေ လောင်းမာ ရီပြည့်တက်လီရေ။

38 ယေကေလည်း ယေရှုစာ လောင်းပဲ့မာ ဂေါင်းအုံးချရို့ အိပ်ရို့ ဟိလီရေ။ ယင်းခါ တပည့်ရို့စာ ယေရှုကို နှိုးရို့ ခေါ်ကတ်လီရေ၊ “ဆရာ၊ အကျွန်ရို့ ရီမာ နစ်ရို့ သီပါဖို့ဗျာ။ ကိုယ်ဘင် အကျွန်ရို့ဖက်တို့ လှည့်ရို့ပင် မကြည့်ပါကား?”

39 ယင်းခါ ယေရှုစာ ထရို့ လီကို ဟောက်လီရေ အရာ မြစ်ကို ပြောလီရေ၊ “တန့်၊ ငြိမ်းဖိ!” ယေရှု ပြောရေချက်ချင်း လီစာ တန့်လားခလီရေ အရာ မြစ်မာ ဟိသမျ အားကုံး ငြိမ်းလားခလီရေ။

40 ယင်းနောက် ယေရှုစာ တပည့်ရို့ကို ပြောလီရေ၊ “နင်ရို့ ဇာဖို့ ကြောက်ကတ်စာလည်း? နင်ရို့ ဒေဂုလည်း မကျုံကတ်သိလော?”

41 ယင်းခါ တပည့်ရို့စာ ကောင်းကောင်း ကြောက်ကတ်လီရေ အရာ သူရို့စာ ကိုယ်ရို့အချင်းချင်း ပြောကတ်လီရေ၊ “ဒေလူ အသူလည်းဝေး? လီန ရီလှိုင်းလုံး တိုင်အောင်ပင် သူ့စကားကို နားထောင်ရေကား!”

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy