Online Bible

- Reklamy -

মার্ক 15 - Marma


ယေရှုကို အုပ်ချုပ်သူကြီးပိလတ် စစ်ဆေးခြင်း
( မဿဲ ၂၇:၁-၂ ၊ ၁၁-၂၆ ၊ လုကာ ၂၃:၁-၅ ၊ ယောဟန် ၁၈:၂၈-၁၉:၁၆ )

1 ယဇ်ပုရောဟိတ်အကြီးရို့စာ မိုးသောက်စောစောက ဂေါင်းဆောင်ဝါကြီးရို့၊ ကျမ်းဆရာရို့ အရာ ဟိသမျ မဟာတိုင်ဘင်အဖွဲ့သားရို့နအတူ တိုင်ဘင်ကတ်လီရေ။ ယင်းနောက် သူရို့စာ ယေရှုကို ချိုင်ယူလားရို့ ရောမအုပ်ချုပ်သူကြီးပိလတ်ဘားမာ တင်အပ်ကတ်လီရေ။

2 ယင်းခါ အုပ်ချုပ်သူကြီးပိလတ်စာ ယေရှုကို မီးလီရေ၊ “နင် ယုဒလူမျိုးရို့မာ မင်းလော?” ယေရှုစာ အဖြေပီးလီရေ၊ “ကိုယ်ဘင် ပြောစာစကား မှန်ရေ။”

3 ယဇ်ပုရောဟိတ်အကြီးရို့စာ ယေရှုကို အများကြီး အပြစ်တင်ကတ်လီရေ။

4 ယင်းခါ ပိလတ်စာ အရာတစ်ပြန် ယေရှုကို မီးလီရေ၊ “နင် အဖြေမပီးလော? ကြည့်၊ ဒေသူရို့ နင့်ကို ဇာလှောက် အပြစ်တင်ကတ်တေလည်း!”

5 ယေကေလည်း ယေရှုစာ အဖြေမပီးဘိုင်းန တိန်းရို့ နီလီရေ။ ယင်းသျှင့်ကို မြင်ရို့ ပိလတ်စာ အံ့ဩလီရေ။


ယေရှုကို သီဒါဏ်ပီးဖို့အတွက် တင်အပ်ခြင်း
( လုကာ ၂၃:၁၃-၂၅ )

6 ပိလတ်မာ လူရို့ တောင်းဆိုချက်အတိုင်း လွတ်မြောင့်ခြင်းပွဲနိမာ ထောင်ကျသား တစ်ယောက်စီကို ရွှတ်ပီးဖို့ အလည့် ဟိလီရေ။

7 ယင်းအချိန်ခါ ဗာရဗ္ဗနာမည်န လူတစ်ယောက် ထောင်ကျရို့ ဟိလီရေ။ လူရို့ ရောမအစိုးရကို တော်လန်ကတ်တေခါ သူစာ တော်လန်သူရို့ဖက်က ဝင်ရို့ လူရို့ကို အသီသတ်လီရေ။

8 လူရို့စာ ပိလတ်တို့ လာရို့ ပြောကတ်လီရေ၊ “ကိုယ်ဘင် လွတ်မြောင့်ခြင်းပွဲနိတိုင်ကေ ကိုယ့်ထုံးစဉ်အတိုင်း လုပ်နီစာကို ဒေဂု လုပ်ပါဖိ။”

9 ပိလတ်စာ သူရို့ကို ပြောလီရေ၊ “နင်ရို့ ယုဒလူမျိုးရို့မာ မင်းကို ရွှတ်ပီးစီချင်စာလော?”

10 ယဇ်ပုရောဟိတ်အကြီးရို့ ယေရှုကို မမြင်နိုင်ရေအတွက်န ကိုယ့်ဘားမာ အပ်လီရေဆိုစာကို ပိလတ်စာ သိလီရေ။

11 ယေကေလည်း ယေရှုတက်စား ဗာရဗ္ဗကို တောင်းဆိုလတ်အောင် ယဇ်ပုရောဟိတ်အကြီးရို့စာ လူရို့ကို စကားထိုးပီးကတ်လီရေ။

12 ပိလတ်စာ အရာတစ်ပြန် လူရို့ကို မီးလီရေ၊ “နင်ရို့ ယုဒလူမျိုးရို့မာ မင်း ဟို့ ခေါ်သူကို ငါ ဇာ လုပ်ဖို့လည်း?”

13 ယင်းခါ လူရို့စာ အော်ရို့ ပြောကတ်လီရေ၊ “ယင်းသူကို ကားတိုင်မာ တင်ရို့ သတ်ဘိုက်လိုက်ပါ!”

14 ပိလတ်စာ ပြောလီရေ၊ “ဇာဖို့လည်း? ယင်းသူ ဇာ အပြစ် လုပ်လီရေလည်း?” ယေကေလည်း လူရို့စာ အရာလည်း အားန အော်ရို့ ပြောကတ်လီရေ၊ “ယင်းသူကို ကားတိုင်မာ တင်ရို့ သတ်ဘိုက်လိုက်ပါ!”

15 ယင်းခါ ပိလတ်စာ သူရို့ကို စိတ်ဖျော်ဖို့အတွက် ဗာရဗ္ဗကို သူရို့တို့ ရွှတ်ပီးလိုက်လီရေ၊ အရာ ယေရှုကို စက်ကျာကြိုးန ရရိပေါ်အောင် ဘုတ်ပြီးကေ ကားတိုင်မာ တင်ရို့ သီဒါဏ်ပီးဖို့အတွက် သူရို့အလက်မာ တင်အပ်လိုက်လီရေ။


စစ်သားရို့ ယေရှုကို ရယ်သွန်းပြုခြင်း
( မဿဲ ၂၇:၂၇-၃၁ ၊ ယောဟန် ၁၉:၁-၃ )

16 ယင်းနောက် စစ်သားရို့စာ ယေရှုကို အုပ်ချုပ်သူကြီး နန်းထဲတို့ ယူလားခကတ်လီရေ။ သူရို့စာ ယင်းနေရာမာ အခြား ဟိသမျ စစ်သားရို့ကို တစုတည်း စုကတ်လီရေ။

17 သူရို့စာ ယေရှုခန္ဓာမာ ခရန်းရောင်အဝတ် ဝတ်ပီးကတ်လီရေ၊ အရာ စူးခက်ကို သရဖူတစ်ခု လုပ်ရို့ ယေရှုအဂေါင်းမာ ဆောင်းကတ်လီရေ။

18 ယင်းနောက် သူရို့စာ ယေရှုကို ပြောကတ်လီရေ၊ “ယုဒလူမျိုးရို့မာ မင်း၊ မင်္ဂလာ ဟိပါစီ!”

19 သူရို့စာ ဒုတ်တစ်ချောင်းန ယေရှုအဂေါင်းမာ အပြန်ပြန် ခေါက်ကတ်လီရေ၊ သူ့ခန္ဓာမာ တန်းဆီးဘိုက်ကတ်လီရေ အရာ သူရို့စာ ဒူးထောက်ရို့ ယေရှုကို ဟန်ဆောင်မှုန ရှိခိုးကတ်လီရေ။

20 ယင်းပိုင် စစ်သားရို့စာ ယေရှုကို ရယ်သွန်းပြုရို့ ပြီးရေခါ ခရန်းရောင်အဝတ်ကို ချွတ်ရို့ ယေရှုခန္ဓာမာ အယင်ဝတ်ရို့ ဟိလီစာ အဝတ်တိကို အရာတစ်ပြန် ဝတ်ပီးကတ်လီရေ။ ယင်းနောက် သူရို့စာ ယေရှုကို ကားတိုင်မာ တင်ရို့ သတ်ဖို့အတွက် ယူလားကတ်လီရေ။


ယေရှုကို ကားတိုင်မာ တင်ခြင်း
( မဿဲ ၂၇:၃၂-၃၄ ၊ လုကာ ၂၃:၂၆-၄၃ ၊ ယောဟန် ၁၉:၁၇-၂၇ )

21 ယင်းအချိန်ခါ ရှိမုန်နာမည်န ကုရေနေမြို့သားတစ်ယောက် ရွာဖက်ကနီရို့ ယင်းလမ်းအနှူး လာလီရေ။ သူစာ အာလေဇန္ဒြုန ရုဖုမာ အဖ ဖြစ်တေ။ စစ်သားရို့စာ အားဒမ သူ့ကို ယေရှု၏ ကားတိုင်ကို ရွက်ယူလားဖို့ ခိုင်းကတ်လီရေ။

22 သူရို့စာ ယေရှုကို “ဂေါလဂေါသ” ဟို့ ခေါ်စာ နေရာတစ်ခုတို့ ယူလားခကတ်လီရေ။ (ဂေါလဂေါသ အဓိပ္ပါယ်ကား အဂေါင်းခွန်နေရာ ဟို့ ခေါ်ရေ)။

23 ယင်းနောက် သူရို့စာ ရီမွှီးဆီန ရောထားစာ ပုံးရည်ကို ယေရှုကို သောက်ဖို့ ပီးကတ်လီရေ၊ ယေကေလည်း ယေရှုစာ ထိုအရည်ကို မသောက်လီ။

24 ယင်းနောက် စစ်သားရို့စာ ယေရှုကို ကားတိုင်မာ တင်ကတ်လီရေ။ အရာ သူရို့စာ ယေရှု အဝတ်အစားတိကို မဲဖေါက်ရို့ ဝီကတ်လီရေ။

25 သူရို့စာ ယေရှုကို မိုးသောက် ကိုးနာရီအချိန်မာ ကားတိုင်မာ တင်ကတ်လီရေ။

26 သူရို့စာ ကားတိုင်မာ ယေရှု၏ အပြစ်ဖေါ်ပြချက် ကမ္ဗည်းစာတစ်ခု ကပ်လီရေ။ ယင်းကမ္ဗည်းစာမာ၊ “ဒေသူ ယုဒလူမျိုးရို့မာ မင်း” ဟို့ ရွီးရို့ ဟိလီရေ။

27 သူရို့စာ ယင်းနိခါ ဒါးမြနှစ်ယောက်ကိုလည်း ယေရှုနအတူ ကားတိုင်မာ တင်ကတ်လီရေ။ သူရို့နှစ်ယောက်မာ တစ်ယောက်ကို ယေရှု ညာဖက်က အရာ အခြားတစ်ယောက်ကို ယေရှု ဘယ်ဖက်က တင်ကတ်လီရေ။

28 ယင်းအတွက်န၊ “သူစာ လူဆိုးရို့နအတူ ရွီရာမာ ပါလီရေ” ဟို့ ကျမ်းစာမာ ရွီးရို့ဟိစာ စကား ပြည့်စုံလာလီရေ။

29 ယင်းလမ်းက လားသူရို့စာ ယေရှုကို သရော်ရို့ ပြောကတ်လီရေ၊ “အဝေး၊ နင် ဝိပဿနာကျောင်းကို ဖြိုရို့ သုံးရက်အထဲတွင်းမာ ပြန်ရို့ ဆောက်ဖို့နိုင်ရေ ဆိုကား!

30 နင် ဒေဂု ကိုယ့်ကိုကိုယ် ကယ်ဆယ်ရို့ ကားတိုင်က ဆင်းလာလတ်!”

31 ယဇ်ပုရောဟိတ်အကြီးရို့န ကျမ်းဆရာရို့လည်း ကိုယ်ရို့အချင်းချင်း ယေရှုကို သရော်ရို့ ပြောကတ်လီရေ၊ “ယင်းသူကား အခြားလူရို့ကို ကယ်ဆယ်နိုင်ရေ၊ ယေကေလည်း ကိုယ့်ကိုကိုယ် ကယ်ဆယ်ဖို့ မနိုင်!

32 ထိုကားထည် ခရစ်တော်၊ ဣသရေလလူမျိုးရို့မာ မင်း! ယင်းသူ ကားတိုင်က ဆင်းလာပတ်စီ! ယင်းပိုင်ဆိုကေ ငါရို့ သူ့ကို မြင်ရို့ ကျုံကတ်ဖို့။” ယေရှုနအတူ ကားတိုင်မာ အတင်ခံလီစာ ဒါးမြနှစ်ယောက်လည်း သူ့ကို ရယ်သွန်းပြုကတ်လီရေ။


ယေရှု ကားတိုင်ထက်မာ အသက်စွန့်ခြင်း
( မဿဲ ၂၇:၄၅-၅၆ ၊ လုကာ ၂၃:၄၄-၄၉ ၊ ယောဟန် ၁၉:၂၈-၃၇ )

33 ယင်းနောက် မွန်းတည့် တစ်ဆယ့်နှစ်နာရီကပင် နီကျသုံးနာရီတိုင်အောင် တစ်ပြည်လုံး မှိုင်းလားခလီရေ။

34 သုံးနာရီအချိန်မာ ယေရှုစာ အားန အော်ရို့ ပြောလီရေ၊ “ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ?” ယင်းအဓိပ္ပါယ်ကား၊ “အကျွန့် ထာဝရဘုရား၊ အကျွန့် ထာဝရဘုရား၊ ကိုယ်တော် ဇာဖို့ အကျွန့်ကို စွန့်ဘိုက်ခပါစာလည်း?”

35 ကားတိုင်အနားမာ ရပ်ရို့ ဟိလီသူရို့အထဲက လိုင်းကေယောက် ထိုစကားကို ကြားရို့ ပြောကတ်လီရေ၊ “နားထောင်ကတ်၊ နားထောင်ကတ်၊ ယင်းသူ ဘုရားသတင်းပို့သူ ဧလိယကို ခေါ်နီရေ။”

36 ယင်းခါ လူတစ်ယောက် ဗြီးလားရို့ ဖေါ့ကို ပုံးရည်မာ နှစ်လီရေ အရာ ယင်းဖေါ့ကို ဒုတ်ပိုင်းမာ ချိုင်ရို့ ယေရှုပစမာ တို့လီရေ။ သူစာ ပြောလီရေ၊ “ဟိပတ်စီ၊ ဒေသူကို ကားတိုင်က ချယူဖို့အတွက် ဘုရားသတင်းပို့သူ ဧလိယ လာမည်လော ကြည့်မည်။”

37 ယင်းနောက် ယေရှုစာ အားန အော်ရို့ အသက်စွန့်လီရေ။

38 ယင်းခါ ဝိပဿနာကျောင်းမာ ကာထားစာ ရန်ကာစာ အထက်ကပင် အောက်တို့တိုင်အောင် စုတ်လားခလီရေ။

39 ကားတိုင်အနားမာ ရပ်ရို့ ဟိလီစာ စစ်သရွဲတစ်ရာကိုပိုင်စာ စစ်ဗိုလ်စာ ယေရှု အသက်စွန့်စာကို မြင်ရို့ ပြောလီရေ၊ “ဒေသူ အမှန် ထာဝရဘုရား၏ သားတော် ဟိလီရေ။”

40 ယင်းခါ မိန်းမ လိုင်းကေယောက် အဝီးက ရပ်ရို့ ကြည့်နီကတ်လီရေ။ သူရို့အထဲမာ မာဂဒလမြို့သမ မာရိ၊ ယာကုပ်သျှေန ယောသေအမိ မာရိ အရာ ရှာလုံလည်း ဟိလီရေ။

41 ယေရှု ဂါလိလဲပြည်နယ်မာ ဟိလီရေခါ ထိုမိန်းမရို့စာ ယေရှု ကြွစာ နေရာတိုင်းမာ သူနအတူ ပါလီကတ်တေ အရာ ယေရှုကို ကျွေးမွေးပြုဇုလီကတ်တေ။ သူရို့ကို ပယ်ရို့ ယင်းနေရာမာ အရာလည်း မိန်းမ အများကြီး ဟိကတ်လီရေ။ သူရို့စာ ယေရှုနအတူ ယေရုရှလင်မြို့တို့ ရောက်လာလီကတ်တေ။


ယေရှုကို သင်္ဂြိုဟ်ခြင်း
( မဿဲ ၂၇:၅၇-၆၁ ၊ လုကာ ၂၃:၅၀-၅၆ ၊ ယောဟန် ၁၉:၃၈-၄၂ )

42 ယင်းနိစာ ယုဒလူမျိုးရို့မာ လွတ်မြောင့်ခြင်းပွဲအတွက် အစီစဉ်ချစာနိ ဖြစ်တေ။ ယင်းအဓိပ္ပါယ်ကား သတင်းနိ မကျခင်အယင်က တစ်ရက် ဖြစ်တေ။

43 ယင်းနိ နီမဝင်ခင်အယင်က ယောသပ်နာမည်န အရိမဿဲမြို့သား တစ်ယောက်စာ ရဲဝံ့ဖြည့်ရို့ အုပ်ချုပ်သူကြီးပိလတ်တို့ လားပြီးကေ ယေရှု၏ အကောင်တော်ကို တောင်းလီရေ။ သူစာ ယုဒလူမျိုးရို့မာ မဟာတိုင်ဘင်အဖွဲ့သား လူကြီးတစ်ယောက် ဟိလီရေ။ သူလည်းသောက် ထာဝရဘုရား၏ နိုင်ငံတော် တည်ဖို့စာအချိန်ကို စောင့်မျှော်ရို့ နီလီရေ။

44 ပိလတ်စာ ယေရှု ဒေလှောက် အယင် သီလားခရေဆိုစာကို ကြားရို့ ကောင်းကောင်း အံ့ဩလီရေ။ ယင်းခါ ပိလတ်စာ ယေရှု အမှန် သီလားခဗျာလောဆိုစာကို အတိကျ သိချင်ရို့ စစ်သရွဲတစ်ရာကိုပိုင်စာ စစ်ဗိုလ်ကို ခေါ်ရို့ မီးလီရေ။

45 ပိလတ်စာ ယေရှု အမှန် သီလားခဗျာဆိုစာကို ထိုစစ်သရွဲတစ်ရာကိုပိုင်စာ စစ်ဗိုလ်က သတင်း ကြားရေခါ ယေရှု၏ အကောင်တော်ကို ယူလားဖို့အတွက် ယောသပ်ကို အခွင့်ပီးလီရေ။

46 ယင်းခါ ယောသပ်စာ အဝတ်အဖြူသား ဝယ်ယူခလီရေ အရာ သူစာ ယေရှု၏ အကောင်တော်ကို ကားတိုင်က ချရို့ အဝတ်အဖြူသားန ရိုက်လီရေ။ ယင်းနောက် သူစာ ထိုအကောင်တော်ကို တောင်ကို ထွင်းထားစာ သင်္ချိုင်းဂူမာ ထားလီရေ အရာ သင်္ချိုင်းဂူဝမာ ကျောက်ကြီးတစ်လုံး ပိတ်ထားလီရေ။

47 မာဂဒလမြို့သမ မာရိန ယောသေအမိ မာရိစာ ယေရှု၏ အကောင်တော် ဇာမာ ထားရေလည်းဆိုစာကို ကြည့်ကတ်လီရေ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Následuj nás:



Reklamy