মার্ক 14 - Marmaဂေါင်းဆောင်ရို့ ယေရှုကို အသီသတ်ဖို့ ကြံခြင်း ( မဿဲ ၂၆:၁-၅ ၊ လုကာ ၂၂:၁-၂ ၊ ယောဟန် ၁၁:၄၅-၅၃ ) 1 ဒေ ရက်စာ လွတ်မြောင့်ခြင်းပွဲန တဆီးမထည့်စာမုန့်ပွဲ မကျခင် နှစ်ရက်အယင်က ဖြစ်တေ။ ယဇ်ပုရောဟိတ်အကြီးရို့န ကျမ်းဆရာရို့စာ ယေရှုကို အထဲမာအထဲ ဖမ်းရို့ အသီသတ်ဖို့အတွက် နည်းလမ်း ရှာနီကတ်လီရေ။ 2 သူရို့စာ ပြောကတ်လီရေ၊ “ပွဲနိမာ မဖမ်းကေ့။ လူရို့အထဲမာ ရောင်းရင်းသပ်ရို့ ဖြစ်နိုင်ရေ။” ယေရှု အဂေါင်းမာ ရီမွှီးဆီသွန်ခြင်း ( မဿဲ ၂၆:၆-၁၃ ၊ ယောဟန် ၁၂:၁-၈ ) 3 ယေရှုစာ ဗေသနိရွာမာ ရှိမုန်နာမည်န အနူရောဂါက ကောင်းသူ အိမ်မာ ဟိလီရေ။ ယေရှု စားပွဲမာ စားသောက်ဖို့ ထိုင်လီရေခါ မိန်းမတစ်ယောက် ကောင်းကောင်း တန်ဖိုးဟိစာ ရီမွှီးဆီအစင်ကို ကျောက်ဖြူဗူးတစ်လုံးမာ ထည့်ရို့ ယူလာလီရေ။ သူစာ ကျောက်ဖြူဗူးကို ခွဲရို့ ထို ရီမွှီးဆီကို ယေရှု အဂေါင်းမာ သွန်လီရေ။ 4 ယင်းခါ ရှိမုန်အိမ်မာ ရောက်ရို့ ဟိသူရို့အထဲက တစ်ချိုးလူရို့စာ မန်ပါရို့ ကိုယ်ရို့အချင်းချင်း ပြောကတ်လီရေ၊ “ဒေ ရီမွှီးဆီကို ဇာဖို့ ဒေပိုင် ဖျက်ဘိုက်စာလည်း? 5 ဒေ ရီမွှီးဆီကို ရောင်းရေဆိုကေ ငွေသားတန်းကား အချပ်သုံးရာထက် ပိုရို့ ရလီဖို့ အရာ ထိုတန်းကားတိကို ဆင်းရဲသားရို့ကို လှူဖို့ ရလီဖို့။” ယင်းပိုင် သူရို့စာ ထိုမိန်းမကို အပြစ်တင်ကတ်လီရေ။ 6 ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “ဟုတ်ပျာ၊ နင်ရို့ ဒေ မိန်းမကို ဇာဖို့ စိတ်ဒုက္ခ ပီးကတ်စာလည်း? သူကား ငါ့အတွက် ကောင်းမြတ်စာ အလုပ်ကို လုပ်နီရေ။ 7 ဆင်းရဲသားရို့ကား အမြဲတိုင်း နင်ရို့နအတူ ဟိကတ်တေ အရာ နင်ရို့ လိုရေခါ သူရို့ကို ကူညီဖို့ ရကတ်တေ။ ယေကေလည်း ငါကား အမြဲတိုင်း နင်ရို့နအတူ ဟိဖို့ မဟုတ်။ 8 သူစာ ကိုယ်တတ်နိုင်စာကို လုပ်လီရေ။ သူစာ ငါ့ကို သင်္ဂြိုဟ်ဖို့အတွက် အယင်ကပင် ငါ့ခန္ဓာမာ ရီမွှီးဆီ သွန်ချလီရေ။ 9 ငါ နင်ရို့ကို အမှန် ပြောရေ၊ ကမ္ဘာတစ်လုံးမာ သတင်းကောင်းကို ဟောပြောရေခါ ဒေ မိန်းမကို အောက်မိဖို့အတွက် သူလုပ်စာ အလုပ်အကြောင်းကိုလည်း ဟောပြောရလိမည်။” ယေရှုကို ဖမ်းပီးဖို့ ယုဒ အခွင့်ရေး ရှာခြင်း ( မဿဲ ၂၆:၁၄-၁၆ ၊ လုကာ ၂၂:၃-၆ ) 10 ယင်းနောက် တပည့်တစ်ဆယ့်နှစ်ယောက်အထဲက ယုဒရှကာရုတ်နာမည်န တပည့်တစ်ယောက်စာ ယေရှုကို ဖမ်းပီးဖို့အကြံန ယဇ်ပုရောဟိတ်အကြီးရို့တို့ လားခလီရေ။ 11 သူရို့စာ ယုဒရှကာရုတ် စကားကို ကြားရို့ ကောင်းကောင်း ပျော်ကတ်လီရေ အရာ သူ့ကို တန်းကား ပီးဖို့ အာမခံကတ်လီရေ။ ယင်းခါ ယုဒစာ ယေရှုကို ဖမ်းပီးဖို့အတွက် အခွင့်ရေး ရှာရို့ နီလီရေ။ အဆုံးခေါက် လွတ်မြောင့်ခြင်းပွဲကို စားခြင်း ( မဿဲ ၂၆:၁၇-၂၅ ၊ လုကာ ၂၂:၇-၁၃ ၊ ၂၁-၂၃ ၊ ယောဟန် ၁၃:၂၁-၃၀ ) 12 တဆီးမထည့်စာမုန့်ပွဲ ပထမနိမာ လွတ်မြောင့်ခြင်းပွဲအတွက် သိုးဆိတ်သျှေတိကို လှီးရို့ ထားရလီရေ။ ယင်းအတွက်န တပည့်ရို့စာ ယေရှုကို မီးကတ်လီရေ၊ “ကိုယ်တော်အတွက် အကျွန်ရို့ ဇာမာ လွတ်မြောင့်ခြင်းပွဲကို အဆင်သင့် လုပ်ပါဖို့စာလည်း?” 13 ယေရှုစာ တပည့်နှစ်ယောက်ကို ဒေပိုင် ပြောရို့ ရွှတ်လိုက်လီရေ၊ “နင်ရို့ မြို့ထဲတို့ လားခီကတ်။ နင်ရို့ မြို့ထဲတို့ ဝင်ကတ်တေခါ ယောက်ျားတစ်ယောက် ရီအိုးခွက်တစ်လုံး ရွက်ရို့ လားစာကို မြင်ရကတ်လိမည်။ နင်ရို့ သူ့နောက်က လိုက်လီကတ်။ 14 သူဝင်ဖို့စာ အိမ်က အိမ်သျှင်ကို ပြောလီကတ်၊ ‘ငါ ကိုယ့်တပည့်ရို့နအတူ လွတ်မြောင့်ခြင်းပွဲကို စားဖို့အတွက် ဧည့်ခံစာ အိမ်ခန့် ဇာမာလည်း ဟို့ ဆရာ မီးလိုက်ပါရေ။’ 15 ယင်းခါ သူစာ နင်ရို့ကို အထက်မာ ဆင်ထားစာ အိမ်ခန့်ကြီး တစ်ခန့်ကို ပြပီးလိမည်။ ထိုအိမ်ခန့်မာ အားကုံးစာ အဆင်သင့် လုပ်လီကတ်။” 16 သူရို့ မြို့ထဲတို့ ဝင်လားခကတ်တေခါ ယေရှု ပြောပြလိုက်စာပိုင်တထန် ဟိသမျ အားကုံးကို မြင်ရကတ်လီရေ အရာ လွတ်မြောင့်ခြင်းပွဲကို စားဖို့အတွက် ဟိသမျ အားကုံး အဆင်သင့် လုပ်ကတ်လီရေ။ 17 ယင်းနောက် နီဝင်လာရေခါ ယေရှုစာ တပည့်တစ်ဆယ့်နှစ်ယောက်ကို ယူရို့ မြို့ထဲတို့ ဝင်လီရေ။ 18 သူရို့ စားသောက်ကတ်တေခါ ယေရှုစာ ပြောလီရေ၊ “ငါ နင်ရို့ကို အမှန် ပြောရေ၊ နင်ရို့အထဲက တစ်ယောက် ငါ့ကို ရန်သူရို့အလက်မာ ဖမ်းပီးလိမည် အရာ သူစာ ငါနအတူ ထိုင်ရို့ စားသောက်နီရေ။” 19 ယင်းခါ တပည့်ရို့စာ စိတ်ဒုက္ခ ရကတ်လီရေ အရာ တစ်ယောက်ပြီးကေ တစ်ယောက် မီးကတ်လီရေ၊ “အသျှင်၊ ထိုသူစာ အကျွန်ပါလော?” 20 ယေရှုစာ သူရို့ကို ပြောလီရေ၊ “သူစာ ဒေ တစ်ဆယ့်နှစ်ယောက်အထဲက တစ်ယောက် ဖြစ်တေ။ သူစာ ငါနအတူ ခွက်မာ ပေါင်မုန့် နှစ်ရို့ စားနီရေ။ 21 မနုသသားတော် အကြောင်းကို ကျမ်းစာမာ ရွီးရို့ ဟိရေအတိုင်း သူစာ သီရဖို့၊ ယေကေလည်း သူ့ကို ရန်သူရို့အလက်မာ ဖမ်းပီးဖို့သူစာ အမင်္ဂလာဟိရေ။ သူစာ လူ့ဇာတိအဖြစ် မွီးဖွားခြင်းကို မခံယူလီကေပင် သူ့အတွက် ပိုရို့ ကောင်းလီဖို့သိ။” အသျှင်၏ ပွဲတော်မင်္ဂလာ ( မဿဲ ၂၆:၂၆-၃၀ ၊ လုကာ ၂၂:၁၄-၂၀ ၊ ၁ကောရိန္သု ၁၁:၂၃-၂၅ ) 22 သူရို့ စားသောက်ကတ်တေခါ ယေရှုစာ ပေါင်မုန့်ကို ယူရို့ ထာဝရဘုရားကို ကျေးဇူးတင်လီရေ အရာ သူစာ ထိုပေါင်မုန့်ကို ဖဲ့ပြီးကေ တပည့်ရို့ကို ပီးရို့ ပြောလီရေ၊ “ယော၊ ယူကတ်၊ ဒေ ပေါင်မုန့် ငါ့အသား ဖြစ်တေ။” 23 ယင်းနောက် သူစာ စပျစ်ရည် ခွက်ကို ယူရို့ ထာဝရဘုရားကို ကျေးဇူးတင်လီရေ အရာ တပည့်ရို့ကို ပီးလီရေ။ သူရို့ အားကုံးသူ ထိုခွက်က စပျစ်ရည်ကို သောက်ကတ်လီရေ။ 24 ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “ဒေ စပျစ်ရည်စာ ငါ့သွီး ဖြစ်တေ။ လူအများကြီးအတွက် ငါ့မာ ဒေ သွီးကို သွန်းလောင်းပီးဖို့။ လူရို့အတွက် ငါ့မာ ဒေ သွီးန ထာဝရဘုရား၏ စာချုပ်အသစ်ကို ထိုးရေ။ 25 ငါ နင်ရို့ကို အမှန် ပြောရေ၊ ထာဝရဘုရား၏ နိုင်ငံတော်မာ ငါ စပျစ်ရည်အသစ်ကို မသောက်သကြား ငါ အရာတစ်ခါလည်း စပျစ်ရည် မသောက်ပျာ။” 26 ယင်းနောက် သူရို့စာ တေခြင်းတစ်ပုဒ် ဆိုပြီးကေ မြို့က ထွက်ရို့ သံလွင်တောင်တို့ တက်ကတ်လီရေ။ ပေတရု ငြင်းဖို့စာ အကြောင်း ( မဿဲ ၂၆:၃၁-၃၅ ၊ လုကာ ၂၂:၃၁-၃၄ ၊ ယောဟန် ၁၃:၃၆-၃၈ ) 27 ယင်းနောက် ယေရှုစာ ကိုယ့်တပည့်ရို့ကို ပြောလီရေ၊ “နင်ရို့ အားကုံးသူ ငါ့ကို စွန့်ရို့ ထွက်ဗြီးကတ်လိမည်၊ အကြောင်းကား ကျမ်းစာမာ ရွီးရို့ ဟိရေ၊ ‘ငါ သိုးဆိတ်ကျောင်းသားကို သတ်ဘိုက်လိုက်ဖို့။ ယင်းအတွက်န သိုးဆိတ်တိ ကစက်ကရဲ ဖြစ်ကတ်လိမည်။’ 28 ယေကေလည်း ငါ သီရာက ပြန်ရှင်ထမြောင့်ပြီးရေနောက် ငါစာ နင်ရို့ထက်အယင် ဂါလိလဲပြည်နယ်တို့ ကြွဖို့။” 29 ယင်းခါ ပေတရုစာ ပြောလီရေ၊ “အားကုံးသူ ကိုယ်တော်ကို စွန့်ရို့ ထွက်ဗြီးကတ်ကေလည်း အကျွန် မထွက်ဗြီးပါ။” 30 ယေရှုစာ သူ့ကို ပြောလီရေ၊ “ငါ နင့်ကို အမှန် ပြောရေ၊ ဒေနိ ညဉ့်မာ ကြက်နှစ်ချိန် မတွန်ခင်အယင်က နင် ငါ့ကို မသိ ဟို့ သုံးခေါက်တိုင်အောင် ငြင်းလိမည်။” 31 ယေကေလည်း ပေတရုစာ အားတင်ရို့ ပြောလီရေ၊ “အကျွန် ကိုယ်တော်နအတူ သီဖို့ကျကေလည်းသောက် ကိုယ်တော်ကို အကျွန် မသိ ဟို့ တစ်ခါလည်း မငြင်းပါ။” အခြားတပည့်ရို့လည်း အားကုံးသူ တစ်ခွန်းတည်း စကားကို ပြောကတ်လီရေ။ ဂေသရှေမန် ဥယျာဉ်မာ ယေရှု ဆုတောင်းခြင်း ( မဿဲ ၂၆:၃၆-၄၆ ၊ လုကာ ၂၂:၃၉-၄၆ ) 32 ယင်းနောက် ယေရှုန သူ့တပည့်ရို့စာ ဂေသရှေမန်ဆိုစာ ဥယျာဉ်တစ်ခုတို့ ကြွလီရေ။ ယင်းနေရာမာ သူစာ တပည့်ရို့ကို ပြောလီရေ၊ “ငါ ဆုတောင်းနီသရိကို နင်ရို့ ဒေမာ ထိုင်ရို့ စောင့်နီကတ်။” 33 ယင်းနောက် သူစာ ပေတရု၊ ယာကုပ် အရာ ယောဟန်ကို ကိုယ်နအတူ ခေါ်ယူလားခလီရေ။ ယင်းခါ သူ့မာ ကောင်းကောင်း စိတ်ဆိုးရို့ ဝမ်းနည်းလီရေ။ 34 သူစာ တပည့်ရို့ကို ပြောလီရေ၊ “ငါ့မာ စိတ်ဒုက္ခ ရောက်ရို့ ငါ သီဖို့စာပိုင် တွိနီဗျာ။ နင်ရို့ ဒေ နေရာမာ မအိပ်ဘိုင်းန စောင့်နီကတ်။” 35 ယင်းနောက် သူစာ တစ်ဖဲ့အဝီးတို့ ကြွပြီးကေ မြေပြင်မာ အပြားဝပ်ရို့ ဆုတောင်းလီရေ၊ အကြောင်းကား ဖြစ်နိုင်ရေဆိုကေ သူဒုက္ခ-ဝေဒနာ ခံရဖို့စာအချိန် ပျောက်ကင်းစီချင်လီရေ။ 36 သူစာ ဒေပိုင် ဆုတောင်းလီရေ၊ “အိုး အာဗ္ဗာ၊ အကျွန့် အဖ၊ ကိုယ်တော်ကား ဟိသမျ အားကုံးကို လုပ်နိုင်ပါရေ။ အကျွန် ခံရဖို့စာ ဒုက္ခ-ဝေဒနာကို ပျောက်ကင်းစီပါ။ ယေကေလည်း အကျွန့် အလိုအတိုင်း မဟုတ်ပါ၊ ကိုယ်တော်၏ အလိုတော်အတိုင်း ဖြစ်ပါစီ။” 37 ယင်းနောက် သူစာ တပည့်ရို့တို့ ပြန်လာရေခါ သူရို့ အိပ်မောကျရို့ ဟိကတ်စာကို မြင်လီရေ။ သူစာ ပေတရုကို ပြောလီရေ၊ “ရှိမုန်၊ နင် အိပ်စာလော? တစ်နာရီပင် အနိုးမနီနိုင်လော? 38 အပြစ်သွေးဆောင်ခြင်းမာ မကျရအောင် မအိပ်ဘိုင်းန ဆုတောင်းနီကတ်။ စိတ်က ချင်ကေလည်း ကိုယ်ခန္ဓာစာ အားနည်းရေ။” 39 ယင်းနောက် သူစာ အရာတစ်ပြန် ကြွရို့ အယင်ပိုင်တထန် ဆုတောင်းလီရေ။ 40 ယေရှု ပြန်လာရေခါ သူရို့ အရာတစ်ပြန် အိပ်မောကျရို့ ဟိကတ်စာကို မြင်လီရေ၊ အကြောင်းကား သူရို့စာ ကောင်းကောင်း အိပ်ချင်ရို့ ဟိကတ်လီရေ။ 41 သူစာ တတိယခေါက် တပည့်ရို့တို့ ပြန်လာရို့ ပြောလီရေ၊ “နင်ရို့ ဒေဂုလည်း အိပ်ရို့ နားနီကတ်သိယလော? ဟုတ်ပျာ။ ကြည့်၊ မနုသသားတော်ကို လူဆိုးရို့အလက်မာ ဖမ်းပီးဖို့စာအချိန် ရောက်နီဗျာ။ 42 ထ၊ ငါရို့ လားကတ်မည်။ ငါ့ကို ရန်သူရို့အလက်မာ ဖမ်းပီးဖို့သူ ရောက်နီဗျာ။” ယေရှုကို ရန်သူရို့ ဖမ်းခြင်း ( မဿဲ ၂၆:၄၇-၅၆ ၊ လုကာ ၂၂:၄၇-၅၃ ၊ ယောဟန် ၁၈:၁-၁၂ ) 43 ယေရှု စကားပြောနီတုံးမာ ယုဒရှကာရုတ်စာ ယင်းနေရာတို့ ရောက်လာလီရေ။ သူစာ တပည့်တစ်ဆယ့်နှစ်ယောက်အထဲက တစ်ယောက် ဖြစ်တေ။ သူနအတူ လူအများကြီး ဒုတ်န ဒါးန ပါလတ်ကတ်လီရေ။ ထိုလူရို့စာ ယဇ်ပုရောဟိတ်အကြီးရို့၊ ကျမ်းဆရာရို့ အရာ ဂေါင်းဆောင်ဝါကြီးရို့က ရွှတ်လိုက်သူရို့ ဖြစ်ကတ်တေ။ 44 ယေရှုကို ရန်သူရို့အလက်မာ ဖမ်းပီးလီသူ ယုဒရှကာရုတ်စာ ယင်းအယင်က လူရို့ကို အမှတ်တရတစ်ခု ပီးရို့ ပြောလီရေ၊ “ငါ နမ်းရို့ နှုတ်ဆက်ဖို့သူစာ ယေရှု ဖြစ်တေ။ နင်ရို့ သူ့ကို ဖမ်းရို့ အစောင့်န ယူလားကတ်။” 45 ယင်းအတွက်န ယုဒရှကာရုတ်စာ စိုက်စိုက် ယေရှုတို့ လာပြီးကေ၊ “ဆရာ!” ဟို့ ခေါ်ရို့ ယေရှုကို နမ်းလီရေ။ 46 ယင်းခါ ထိုလူရို့စာ ယေရှုကို ဖမ်းကတ်လီရေ။ 47 ယေရှုအနားမာ ရပ်ရို့ ဟိလီသူရို့အထဲက တစ်ယောက်စာ ကိုယ့်ဒါးရှည်ကို ထုတ်လီရေ အရာ သူစာ မဟာယဇ်ပုရောဟိတ် ကျွန်ကို ခွတ်ရို့ နားရွက်တစ်ဖက် ဖြတ်ချလိုက်လီရေ။ 48 ယင်းနောက် ယေရှုစာ လူရို့ကို ပြောလီရေ၊ “သူခိုး-ဒါးမြကို ဖမ်းဖို့ လာစာပိုင် ဒုတ်န ဒါးတိကို ယူရို့ ကိုယ်ဘင်ရို့ ငါ့ကို ဖမ်းဖို့ လာကတ်စာလော? 49 ငါ နိတိုင်း ဝိပဿနာကျောင်းမာ ကိုယ်ဘင်ရို့ ရှိက သွန်သင်ပီးရို့ နီလီရေ၊ ယေကေလည်း ကိုယ်ဘင်ရို့ ယင်းခါ ငါ့ကို မဖမ်းလီကတ်ကား! အမှန် ဘုရားသတင်းပို့သူရို့ ရွီးထားခစာ ကျမ်းစာတိ ပြည့်စုံရဖို့။” 50 ယင်းခါ တပည့်ရို့ အားကုံးသူ ယေရှုကို စွန့်ရို့ ထွက်ဗြီးလားခကတ်လီရေ။ 51 ယေကေလည်း လူပျိုတစ်ယောက် ကိုယ်ရုံတစ်ပိုင်းတည်း ရုံရို့ ယေရှု နောက်က နောက်က လိုက်လီရေ။ 52 လူရို့ သူ့ကို ဖမ်းကတ်တေခါ သူစာ ကိုယ်ရုံကို ချွတ်ဘိုက်ခရို့ ခခဲတတုံး ထွက်ဗြီးလားခလီရေ။ မဟာတိုင်ဘင်အဖွဲ့သားရို့ ယေရှုကို စစ်ဆေးခြင်း ( မဿဲ ၂၆:၅၇-၆၈ ၊ လုကာ ၂၂:၆၆-၇၁ ၊ ယောဟန် ၁၈:၁၃-၁၄ ၊ ၁၉-၂၄ ) 53 ထိုလူရို့စာ ယေရှုကို ဖမ်းရို့ မဟာယဇ်ပုရောဟိတ်တို့ ယူလားခကတ်လီရေ။ ယင်းနေရာမာ ယဇ်ပုရောဟိတ်အကြီးရို့၊ ဂေါင်းဆောင်ဝါကြီးရို့ အရာ ကျမ်းဆရာရို့စာ တစ်စုတည်း စုရို့ ဟိကတ်လီရေ။ 54 ယင်းခါ ပေတရုစာ အဝီးကနီရို့ ယေရှု နောက်က နောက်က လိုက်ပြီးကေ မဟာယဇ်ပုရောဟိတ် အိမ်တတ်ဂွင်းတို့ ဝင်လီရေ။ အရာ သူစာ ယင်းနေရာမာ အစောင့်သားရို့နအတူ ထိုင်ပြီးကေ မီးနှူရို့ နီလီရေ။ 55 ယဇ်ပုရောဟိတ်အကြီးရို့န မဟာတိုင်ဘင်အဖွဲ့မာ ဟိသမျ လူရို့စာ ယေရှုကို သီဒါဏ်ပီးဖို့အတွက် မုတ်သားသက်သီ ရှာကတ်လီရေ၊ ယေကေလည်း သူရို့စာ ယေရှုကို သီဒါဏ်ပီးဖို့ ရလတ်အောင် သက်သီ တစ်ခုလည်း မရကတ်လီ။ 56 ယေရှုကို ဆန့်ကျင်ရို့ လူအများကြီး မဟုတ်မမှန်စာ သက်သီ ပီးကတ်လီရေ၊ ယေကေလည်း သူရို့ ပီးကတ်စာ သက်သီတိစာ မကိုက်ညီလီ။ 57 ယင်းခါ လူလိုင်းကေယောက် ထရို့ သူ့ကို ဆန့်ကျင်ရို့ ဒေပိုင် မဟုတ်မမှန်စာ သက်သီ ပီးကတ်လီရေ၊ 58 “‘လူအလက်န ဆောက်စာ ဝိပဿနာကျောင်းကို ငါ ဖြိုချဘိုက်လိုက်ဖို့ အရာ သုံးရက်အထဲတွင်းမာ လူအလက်န မဆောက်စာ ဝိပဿနာကျောင်းကို ငါ ဆောက်ဖို့’ ဟို့ သူပြောစာစကားကို အကျွန်ရို့ ကြားလီကတ်ပါရေ။” 59 ယေကေလည်း ဒေချိန်းခေါက်လည်း သူရို့ ပီးကတ်စာ သက်သီ မကိုက်ညီလီ။ 60 ယင်းခါ မဟာယဇ်ပုရောဟိတ်စာ အားကုံးသူ ရှိက ထရို့ ယေရှုကို ပြောလီရေ၊ “ဒေသူရို့ နင့်ကို ဆန့်ကျင်ရို့ ဇာ ဇာ သက်သီ ပီးကတ်တေလည်း? နင် တစ်ခုလည်း အဖြေမပီးဗျာလော?” 61 ယေကေလည်း ယေရှုစာ အဖြေမပီးဘိုင်းန တိန်းရို့ နီလီရေ။ မဟာယဇ်ပုရောဟိတ်စာ အရာတစ်ပြန် သူ့ကို မီးလီရေ၊ “နင် မင်္ဂလာနပြည့်စုံစာ ထာဝရဘုရား၏ သားတော်ဆိုစာ ခရစ်တော်လော?” 62 ယေရှုစာ ပြောလီရေ၊ “ဟုတ်တေ၊ ငါ ထိုသူ ဖြစ်တေ။ နောက်အနာဂါတ်မာ မနုသသားတော်ကို အနန္တတန်ခိုးနပြည့်စုံစာ ထာဝရဘုရား၏ ညာဖက်က ထိုင်ရို့ဟိစာန ဂေါင်းခင်မာ မိုးရိပ်ထက်က တက်ရို့ ကြွလာစာကို ကိုယ်ဘင်ရို့ မြင်ရကတ်လိမည်။” 63 ယင်းခါ မဟာယဇ်ပုရောဟိတ်စာ ကိုယ့်အဝတ်ကို ဆုတ်ရို့ ပြောလီရေ၊ “ငါရို့မာ အရာ သက်သီပီးဖို့ ဇာလိုသိယလည်း? 64 ဒေဂု ဒေသူ ထာဝရဘုရားကို တရိုက်ရို့ စကားပြောစာကို ကိုယ်ဘင်ရို့ ကိုယ်တိုင် ကြားလိုက်ကတ်တေ။ ကိုယ်ဘင်ရို့ ဇာပိုင် မှတ်ကတ်တေလည်း?” ယင်းခါ သူရို့ အားကုံးသူ ယေရှုကို သီဒါဏ်ခံဖို့ ထိုက်တန်ရေ ဟို့ ဆုံးဖြတ်ကတ်လီရေ။ 65 ယင်းခါ လူလိုင်းကေယောက် သူ့ခန္ဓာမာ တန်းဆီးဘိုက်ကတ်လီရေ အရာ သူ့ကို မျက်နှာဖုံးပြီးကေ လက်သီး ထိုးရို့ မီးကတ်လီရေ၊ “နင် ဘုရားသတင်းပို့သူ မဟုတ်လော? ပြောကြည့်န၊ နင့်ကို အသူဘုတ်စာလည်း?” ယင်းနောက် အစောင့်သားရို့စာ သူ့ကို ယူလားရို့ ပါးသတ်ကတ်လီရေ။ ယေရှုကို ပေတရု ငြင်းခြင်း ( မဿဲ ၂၆:၆၉-၇၅ ၊ လုကာ ၂၂:၅၄-၆၂ ၊ ယောဟန် ၁၈:၁၅-၁၈ ၊ ၁၈:၂၅-၂၇ ) 66 ပေတရုစာ အောက်က အိမ်တတ်ဂွင်းမာ နီလီရေခါ မဟာယဇ်ပုရောဟိတ်မာ ကျွန်မသျှေတစ်ယောက်စာ ယင်းနေရာတို့ လာလီရေ။ 67 သူစာ ပေတရုကို မီးနှူရို့ မြင်လီရေ အရာ သူ့ကို အလှပ ကြည့်ရို့ ပြောလီရေ၊ “ဒေ အမောင်လည်းသောက် ထိုနာဇရက်မြို့သျှေသား ယေရှုနအတူ ပါလီရေ။” 68 ယေကေလည်း ပေတရုစာ ငြင်းလီရေ၊ “နင် ဇာ ပြောရေလည်းဆိုစာကို ငါ သိလည်း မသိ၊ နားလည်းမလည်။” သူစာ ထိုစကားကို ပြောရို့ ပြင်က လမ်းခဝနားတို့ လားလီရေ။ ယင်းခါ ချက်ချင်း ကြက်ဖတစ်ကောင် တွန်လီရေ။ 69 ထိုကျွန်မသျှေစာ ပေတရုကို မြင်ရို့ သူ့အနားမာ ရပ်ရို့ ဟိလီသူရို့ကို ပြောလီရေ၊ “ဒေ အမောင် ထိုလူရို့အဖွဲ့သား တစ်ယောက် ဖြစ်ပါရေ။” 70 ပေတရုစာ အရာတစ်ပြန် ငြင်းလီရေ။ တစ်နားနီရေခါ သူ့အနားမာ ရပ်ရို့ ဟိလီသူရို့လည်း ပြောကတ်လီရေ၊ “နင် အမှန် ထိုလူရို့အထဲက တစ်ယောက်ရာ၊ အကြောင်းကား နင်လည်းသောက် ဂါလိလဲပြည်နယ်သားရာ။” 71 ယင်းခါ ပေတရုစာ အကျိန်ကိုင်ရို့ ပြောလီရေ၊ “ငါ မုတ်သားစကား ပြောရေဆိုကေ ထာဝရဘုရား ငါ့ကို ကျိန်ဆဲထည့်ပါစီ။ ငါ ယင်းသူကို မသိ။” 72 အရာ ချက်ချင်း ဒုတိယခေါက် ကြက်တွန်လီရေ။ ယင်းအယင်က ယေရှုစာ ပြောလီရေ၊ “ကြက်နှစ်ချိန် မတွန်ခင်အယင်က နင် ငါ့ကို မသိ ဟို့ သုံးခေါက်တိုင်အောင် ငြင်းလိမည်။” ယင်းခါ ပေတရုစာ ယေရှု ပြောလီစာ စကားကို တွက်ရရို့ ငိုလီရေ။ |
©2023 Wycliffe Bible Translators, Inc.
Wycliffe Bible Translators, Inc.